ပုထုဇနော ဥမ္မတကော

( 0 မှတ်ချက်)

10000 (ကျပ်)

အင်းစိန်ထောင်ထဲမှာ ရေးပြီး ဂျပန်ခေတ်က ထုတ်ခဲ့တဲ့ ဦးနုရဲ့ ရှားပါးလက်ရာ ပုထုဇနော ဥမ္မတကော စာအုပ်ဖြစ်ပါတယ်။

လူတွေဟာ ဖောက်လွဲဖောက်ပြန်စိတ်အပြည့်ရှိတယ်။ မိန်းမတစ်ယောက်ကို အခုကြိုက်ပေမယ့် မနက်ဖြန်ကြတော့ ကြိုက်ချင်မှကြိုက်မယ်။ အကြင်လင်မယားတွေမှာလည်း ယောကျ်ားရော မိန်းမပါ စိတ်ကစားရာဘက်ကို လိုက်ပြီး ဖောက်လွဲဖောက်ပြန် ဖြစ်နိုင်တယ်။

အဲ့ဒီဖောက်လွဲဖောက်ပြန်စိတ်ဟာ လူတွေရဲ့ ပင်ကိုယ်ဗီဇစိတ်ပဲ။ အဲ့ဒါကို ထိန်းချုပ်နိုင်သူနဲ့ ထိန်းချုပ်နိုင်စွမ်း မရှိသူတို့ဘဲကွာတယ်။ ဒါကြောင့်လည်း ပုထုဇနော ဥမ္မတကော “ပုထုဇဉ်သည် အရူးဖြစ်၏”ဟု ဆိုရိုးရှိခဲ့တယ်။

ပုထုဇဉ်တို့ရဲ့ ဖောက်လွဲဖောက်ပြန် စိတ်တွေကို ရှင်းကနဲ လင်းကနဲမြင်အောင် ဦးနုဟာ အခုစာအုပ်မှာ အစွမ်းကုန် လက်စွမ်းပြ သရုပ်ဖော်တယ်။ အစွမ်းကုန် လက်စွမ်းပြတယ်ဆိုတာ ဒီလိုပါ။ ဦးနုဟာ အခုစာအုပ်ကို ပြဇာတ်ပုံစံနဲ့ ရေးသားတယ်။

ပြဇာတ်စာပေကို ဦးနုဟာ သိပ်မြတ်နိုးတယ်။ မြန်မာပြည်မှာ ထွန်းကားစေချင်စိတ်ရှိတယ်။ ဒါကြောင့် ကိုယ်တိုင်လည်း ရေးတယ်။ ဘာသာလည်း ပြန်တယ်။ အင်းစိန်ထောင်ထဲမှာတောင် ပြဇာတ်ကခဲ့ပါသေးတယ်။ ဒါကြောင့် ပြဇာတ်စာပေတွေကို ရေးသားတဲ့အခါ အစွမ်းရှိသလောက် အားထုတ်သရုပ်ဖော်လေ့ရှိတယ်။

အခုစာအုပ်ကလည်း ဦးနုရဲ့ ပြဇာတ်စာပေအနည်းငယ်ထဲက ထင်ရှားတဲ့ တစ်ပုဒ်ပါပဲ။ ၁၉၄၀ အင်းစိန်အကျဉ်းထောင်ထဲမှာ ရေးခဲ့ပြီး ၁၉၄၃ ခုနှစ် ဂျပန်ခေတ်မှာ ထုတ်ဝေခဲ့တယ်။

စာမျက်နှာ

193 (Woodfree Paper)

စာအုပ်အရွယ်အစား

5.6 x 0.3 x 8.1 inches

ပုံနှိပ်မှတ်တမ်း

ငါတို့စာပေ၊ 2026 မတ်လ (တတိယ-ကြိမ်)

3 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ပုထုဇနော ဥမ္မတကော” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဦးနု စာအုပ်များ