
နေ့စဉ်ဘဝထဲကပဋ္ဌာန်း
25000 (ကျပ်)
✤ ပဋ္ဌာန်းဆိုတဲ့ စကားနဲ့ မစိမ်းကြပေမယ့် ပဋ္ဌာန်းတရားတော်ထဲက ပါဠိစကားလုံးတွေ၊ ၂၄ ပစ္စည်းရဲ့ အဓိပ္ပါယ်တွေနဲ့ ကိုယ့်နေ့စဉ်ဘဝမှာ ဖြစ်ပျက်နေတဲ့ အရာတွေ ဘယ်လိုဆက်စပ်နေသလဲဆိုတာကိုတော့ အမြဲတမ်း နားလည်ဖို့ မလွယ်ကူပါဘူး။
✤ ဒီစာအုပ်မှာ ပဋ္ဌာန်း ၂၄ ပစ္စည်းကို ကျမ်းစာအဓိပ္ပါယ်သက်သက်နဲ့သာ မထားဘဲ နေ့စဉ်ဘဝထဲမှာ ကြုံတွေ့နေရတဲ့ အခြေအနေတွေ၊ အတွေ့အကြုံတွေနဲ့ ချိတ်ဆက်ပြီး နားလည်လွယ်အောင် ရှင်းပြထားပါတယ်။
✤ “ဟေတုပစ္စယော” ဆိုတဲ့အခါ ကိုယ့်စိတ်ကို ဘယ်အရာတွေက အမြစ်ခံပြီး ထောက်ပံ့နေတာလဲ၊ “အာရမ္မဏပစ္စယော” ဆိုတဲ့အခါ ကိုယ့်စိတ်က ဘယ်အာရုံကို ဖမ်းယူထားသလဲ၊ “အဓိပတိပစ္စယော” ဆိုတဲ့အခါ ကိုယ့်စိတ်ထဲမှာ ဘယ်အရာက ဦးဆောင်နေသလဲဆိုတာတွေကို ကိုယ့်ဘဝနဲ့ ပြန်လည်ဆင်ခြင်ကြည့်နိုင်အောင် ရေးသားထားပါတယ်။
✤ ပါဠိတော်တွေနဲ့ မနီးစပ်သူတွေအတွက် နားလည်လွယ်စွာ ရှင်းပြထားပေမယ့် မူရင်းတရားသဘော မလွဲသွားစေရန် ပဋ္ဌာန်းပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာနဲ့ အဘိဓမ္မာဆိုင်ရာ ကျမ်းတွေကို ကိုးကားရေးသားထားပါတယ်။
✤ ပဋ္ဌာန်းကို ရွတ်ဖတ်ပူဇော်ရုံသာမက အဓိပ္ပါယ်ကို နားလည်ပြီး ကိုယ့်စိတ်ထဲမှာ ဖြစ်ပျက်နေတဲ့ သဘာဝတရားတွေကို ပြန်လည်သတိထားမိနိုင်ဖို့ ရည်ရွယ်ရေးသားထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
| စာမျက်နှာ | 273 (woodfree papaer) |
|---|---|
| စာအုပ်အရွယ်အစား | 5.7 x 0.5 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ဉာဏ Publishing House ၊2026 စက်တင်ဘာလ (ပထမအကြိမ်) |
14 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ