ငြိမ်းချမ်းသောစိတ် ငြိမ်းချမ်းသောဘဝ

( 51 မှတ်ချက်)

7000 (ကျပ်)

✍️ငြိမ်းချမ်း​သောစိတ်…ငြိမ်းချမ်း​သောဘဝ ဆိုတဲ့စာအုပ်​လေးကို စာ​ရေးသူအသစ်ဖြစ်တဲ့ ဥာဏက ​ရေးသားထားတာပါ။ စာ​ရေးသူအသစ်ဆိုပေမယ့် သူမဟာ အသက်၁၆နှစ် အရွယ်ကတည်းက ဗုဒ္ဓဓမ္မစာ​ပေ​တွေကို ​​လေ့လာဆည်းပူးရင်း ယခုအချိန်မှာ ကောင်းမွန်တဲ့စာ​ပေ​တွေကို facebook မှတစ်ဆင့် လူသား​တွေကြား ပြန့်ပွား​​အောင် ရေးသားမျှ​ဝေလျက်ရှိပါတယ်။

📖 ဒီစာအုပ်မှာ စာ​ရေးသူက သတိပဋ္ဌာန် (mindfulness)၊ တရားအားထုတ်ခြင်း (meditation) နဲ့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခြင်း (self-reflection) ဆိုတဲ့ သဘောတရားတွေကို အခြေခံပြီး ရေးသားထားပါတယ်။ လူတစ်ဦးချင်းစီရဲ့ ငြိမ်းချမ်း‌တဲ့စိတ်ကို ဖွံ့ဖြိုးတိုးတက်အောင် ကူညီပေးနိုင်ဖို့..၊ ခေတ်သစ်ဘဝရဲ့ရှုပ်ထွေးမှုတွေကို ပိုမိုလွယ်ကူချောမွေ့စွာ ဖြတ်သန်းနိုင်‌စေဖို့ အလေးပေးဖော်ပြထားပါတယ်။

“ဘဝရဲ့စိန်ခေါ်မှုတွေ.. အပူအပင်တွေကြားမှာ ငြိမ်းချမ်းစေဖို့.. ပိုကျေနပ်ပျော်ရွှင်စေဖို့ နည်းလမ်းရှိပါသလား” လို့ မေးလာခဲ့ရင်… အဲဒီအတွက်အဖြေက “ငြိမ်းချမ်းသောစိတ်ဖြင့် ငြိမ်းချမ်းသောဘဝကို ပြစုပျိုးထောင်ခြင်း”ဆိုတဲ့အ‌ချက်ပါပဲလို့ စာ​ရေးသူက ဆိုထားပါတယ်။

စာမျက်နှာ

184

စာအုပ်အရွယ်အစား

5.1 × 0.4 × 8 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2024 မေလ (စတုတ္ထအကြိမ်)

စျေးနှုန်းအပြောင်းလဲ

11.5.2024 မှစ၍ မူရင်းထုတ်ဝေတိုက်မှ (7000) ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

72 in stock

ငြိမ်းချမ်းသောစိတ် ငြိမ်းချမ်းသောဘဝ အား ဝေဖန်သုံးသပ်မှု 51 ရှိပါသည်။

  1. TA LA (verified owner)

    Peaceful Mind, Peaceful Life
    ငြိမ်းချမ်းသော ဘဝကို တည်ဆောက်ရန်
    ငြိမ်းချမ်းသော စိတ်ဖြင့်သာ ရနိုင်၏။ တဲ့
    စစချင်း စာအုပ်မျက်နှာဖုံးကို မြင်လိုက်တာနဲ့တင်
    စိတ်ထဲမှာ ငြိမ်းအေးသွားသလို ခံစားလိုက်ရတယ်။
    အထဲက စာတွေဆို ပြောမနေပါနဲ့တော့။
    ဒီစာအုပ်မှာ ငြိမ်းချမ်းသော ဘဝကို ရရှိဖို့အတွက်
    နည်းလမ်းကောင်းတွေကို မျှဝေထားပါတယ်။
    လူငယ်စာရေးဆရာဖြစ်သော်ငြား ဓမ္မစာပေလေ့လာမှု
    အားကောင်းသူအဖို့ ဗုဒ္ဓရဲ့ တရားတော်လာ
    ဘဝနေထိုင်မှု နည်းလမ်းတွေကို အရှင်းလင်းဆုံးဖြစ်အောင်
    ရေးသားဖော်ပြထားပါတယ်။
    အမရဲ့ စာတွေကို စာအုပ်မထွက်ခင်ကတည်းက
    Facebook မှာ အမြဲတမ်း စောင့်ဖတ်ခဲ့ရတယ်။
    ဖတ်လိုက်တိုင်းလည်း စိတ်တွင်းငြိမ်းချမ်းမှုကို ခံစားရတယ်။
    စာအုပ်လေး ထွက်လာတော့လည်း
    အတိုင်းမသိ ဝမ်းသာဂုဏ်ယူရပါတယ်။
    ဒီစာအုပ်ဟာ ကုန်အောင်ဖတ်လိုက်လို့
    ပြီးသွားတဲ့စာအုပ် မဟုတ်ဘဲ မိမိသဘောကျ
    နည်းလမ်းတွေကို အလိုရှိသလို ကျင့်ကြံအားထုတ်ရမယ့်
    စိတ်တွင်းငြိမ်းချမ်းမှု လမ်းညွှန်စာအုပ်ကောင်းလေးတစ်အုပ်ပါ။
    ဒီစာအုပ်မှာ အပိုင်း ၄ ပိုင်းပါဝင်ပြီး
    တစ်ပိုင်းမှာ ၇ ပုဒ်စီ ပါဝင်ပါတယ်။
    အပိုင်း ( ၁ )
    Noble Living – မြင့်မြတ်သော ဘဝနေနည်း
    အပိုင်း ( ၂ )
    Mindfulness and full awareness – သတိ၊သမ္ပဇဉ်
    အပိုင်း ( ၃ )
    Healing – ကုစားခြင်း
    အပိုင်း ( ၄ )
    Meaningful Life – အဓိပ္ပါယ်ရှိသော ဘဝ
    တို့ပဲ ဖြစ်ပါတယ်။
    ကျွန်တော့်အတွက်တော့ အပိုင်း ၄ ပိုင်းလုံးက
    စိတ်ဝင်စားစရာ အကြောင်းအရာတွေချည်းပါပဲ။
    နောက်ဆုံးအပိုင်းဖြစ်တဲ့ Meaningful life ကိုတော့ အနှစ်သက်ရဆုံးပေါ့။
    ကျွန်တော် အရမ်းသဘောကျရတဲ့ စာအုပ်မို့
    ကျွန်တော့်မိတ်ဆွေတွေလည်း သဘောကျနှစ်သက်မယ်လို့
    ယုံကြည်ပြီး မျှဝေလိုက်ရပါတယ်။
    ဒီစာအုပ်ကို
    ဖတ်ရှု၍ နှစ်သက်ပါက
    •မှတ်ချက်ပြုပါ…
    •ကျင့်သုံးပါ…
    •မျှဝေပါ…
    18.08.2023
    Your Beautiful Pixel With Metta :
    TALA | Take A Look Around
    #PeacefulMindPeacefulLife #Nyana
    #ငြိမ်းချမ်းသောစိတ်ငြိမ်းချမ်းသောဘဝ #ဉာဏ
    #bekindforeveryonewithtala
    #Photalagraphy #TALA #TakeALookAround

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ဉာဏ စာအုပ်များ