အာရုံစူးစိုက်နိုင်စွမ်းကိုပိုင်နိုင်စွာမြှင့်တင်လိုက်ပါ

( 0 မှတ်ချက်)

18000 (ကျပ်)

ကိုယ်ဖြစ်ချင်သလို ဖြစ်မလာလို့ ဟိုဟာပြောင်းလုပ်လိုက်၊ ဒီဟာပြောင်းလုပ်လိုက်နဲ့ လမိုင်းမကပ်နိုင်ဘဲ ဖြစ်နေလား။

လုပ်လက်စအလုပ်ကို လုပ်ရမှာမှန်း သိပေမယ့်လည်း၊ အကြောင်းအမျိုးမျိုးကြောင့် အာရုံစိုက်လို့ မရနိုင်ဘဲ ဖြစ်နေလား။

အခုနေတမျိုး ခဏနေတမျိုး အခုတော့ ဒါလုပ်နေတာပဲ၊ ဒါပေမဲ့ ခဏလောက်နဲ့တင် ဟိုဟာလိုလို ဒီဟာလိုလို ကဘောက်တိကဘောက်ချာ ဖြစ်နေလား။

ဟိုဟာလုပ်လည်း မဖြစ်၊ ဒီဟာလုပ်လည်း မဖြစ် ကြာလာတော့ ကြိုးစားသလောက် အလုပ်မတွင်တာတွေ များလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပျောက်ဆုံးချင်သလိုတောင် ဖြစ်လာနိုင်ပါတယ်။

မသိရင် ကိုယ့်ရှေ့မှာ တခုခုက လာပိတ်နေသလိုမျိုး၊ အတားအဆီးတွေ များလွန်းနေသလိုမျိုး ခံစားချက်တွေ ဖြစ်လာနိုင်ပါတယ်။

ကိုယ်နဲ့မတူ တခြားလူတွေကျတော့ ကိုယ့်ထက်မက အောင်မြင်နေကြပြီး၊ ကိုယ့်မှာတော့ ကြိုးစားသလောက် အလုပ်မဖြစ်နိုင်၊ ရုန်းသလောက် မရွေ့သလိုကြီး ခံစားလာရတဲ့အခါ စိတ်မကောင်းအကြီးအကျယ် ဖြစ်ကြရမှာပါ။

အပြိုင်အဆိုင်အလွန်များသလို၊ စိတ်အနှောင့်အယှက်ဖြစ်စရာ အလွန်များတဲ့ ဒီနေ့လိုခေတ်ကြီးမှာ စိတ်အာရုံစူးစိုက်မရဘဲ စိတ်သောကများသလို စိတ်ဖိအားများသလို ခံစားလာရတာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောသဘာဝတွေပါ။

မသိလို့ထက် သတိမထားမိလို့ မယူသင့်တဲ့ အာရုံတွေကြောင့် အာရုံများနေရပြီး အရေးပါတာတွေအပေါ် အာရုံစူးစိုက်နိုင်ရေး အတော်လေး ခက်ခဲနေရင်၊ အလေးထားသင့်တာတွေကို အရေးတယူ လုပ်နိုင်ရေး လက်တွေ့ အသုံးချလို့ရနိုင်မယ့် လမ်းညွှန်တွေ၊ လေ့ကျင့်ခန်းတွေ၊ နည်းဗျူဟာတွေကို အခုစာအုပ်မှာ ပြည့်ပြည့်စုံစုံ ဂဃနဏ လေ့လာနိုင်မှာဖြစ်ပါတယ်။

အရေးပါတာတွေအပေါ် အာရုံစူးစိုက်နိုင်မှုဆိုတာက ကိုယ့်မှာရှိတဲ့ အရေးကြီးဆုံးသော ကိုယ်ရည်ကိုယ်သွေး “ပိုင်ဆိုင်မှု” ဖြစ်ပါတယ်။ လုယူလို့ မရနိုင်ပေမဲ့၊ လွယ်လင့်တကူ ပျောက်ဆုံးသလို ဖြစ်နိုင်တာကြောင့်၊ ကိုယ့်အပိုင်ကို ပျောက်ရှသွားတာမျိုး မဖြစ်အောင် ဒီစာအုပ်ထဲက လက်တွေ့လမ်းညွှန်တွေ အသုံးချပြီး … အာရုံစူးစိုက်နိုင်စွမ်းတွေကို ပိုင်နိုင်စွာ မြှင့်တင်လိုက်ပါ။

စာမျက်နှာ

239(Woodfree paper)

စာအုပ်အရွယ်အစား

5.5 × 0.5 × 8.2 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2026 ဩဂုတ်လ (ပထမအကြိမ်)

22 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အာရုံစူးစိုက်နိုင်စွမ်းကိုပိုင်နိုင်စွာမြှင့်တင်လိုက်ပါ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

လူသာ စာအုပ်များ