ဝတ္ထုရေးနည်း ဇာတ်ကောင်မွေးနည်း

( 0 မှတ်ချက်)

13000 (ကျပ်)

စာရေးဆရာတို့တွင် ရှိအပ်သော စိတ်ဓာတ်နှင့်ပတ်သက်၍ကား ပြောပါရစေ။ စာရေးဆရာတို့မှာ အယူမသီးအပ်၊ တစ်ဖက်သတ်မကြည့်အပ်၊ အမျိုးဘာသာ, ရန်သူ, မိတ်ဆွေ, မုန်းသူ, ချစ်သူ မခွဲခြားအပ်၊ မျက်နှာမလိုက်အပ်၊ အမှားအမှန်ကိုသာ ကြည့်ရမည်။ ယင်းအမှားအမှန်ကို ကြည့်ရာမှာလည်း အပေါ်ယံကြောနှင့် မဆုံးဖြတ်အပ်၊ ဟိုတိုင်းပြည်က ဟိုလူရေးလိုက်သော စာကိုချည်း အထောက်အထား မပြုအပ်၊ မိမိကိုယ်တိုင်က အကြောင်းအရာ၊ အရင်းအမြစ်ကိုနှိုက်၍ တွေးနိုင်ရမည်။ အတွေးအခေါ်လည်း ရဲရင့်ရမည်။ တွေးသော နေရာဝယ် ‘ကျားသား မိုးကြိုး’ ၊ ‘ဘာဂိုဏ်းညာဂိုဏ်း သင့်လိမ့်မည်’ ၊ ‘နိမိတ်မရှိ နမာမရှိ’ စသော အတားအဆီးမျိုးကို လုံးဝ ပယ်ဖျက်ပစ်။

အချို့၌ ဟုတ်မှန်သော်လည်း လက်ရှိအခြေအနေအရ အကျိုးမရမည့် အချက်အလက်များ ရှိနေတတ်သည်။ စာရေးဆရာသည် လူတိုင်း၏ မိတ်ဆွေဖြစ်ရမည်။ မိမိဖန်တီးလိုသော အရာကို တရားသဖြင့် ငြိမ်းအေးစွာ ဆောင်ရွက်ရမည်။ စာရေးဆရာသည် စီးပွားရေးသမားမဟုတ်၊

‘ငါ့ကလောင်ဖြင့် ငွေရပြီးရော ငွေရအောင်သာ လုပ်တော့မည်’ ဟု စိတ်ဓာတ်မွေးလိုက်ပါက ထိုသူသည် စာရေးဆရာ မဟုတ်တော့ချေ။ (စာမျက်နှာ ၂၁ – မှ)

ဆရာသော်တာဆွေသည် စာရေးဆရာ၊ ဝတ္ထုရေးဆရာ ဖြစ်လိုသူများအတွက် ရည်ရွယ်၍ ” စာရေးနည်း လမ်းညွှန် ” ရေးခဲ့ရာ ဤစာအုပ်ပါ အကြောင်းအရာများလည်း ပါဝင်ခဲ့သည်။ စာရေးရာတွင် အခြားသူများနှင့် ကွဲပြားအောင် ကိုယ်ပိုင်ဟန် မည်သို့ တည်ဆောက်သင့်ကြောင်း၊ စာရေးဆရာ ဖြစ်လိုသူများတွင် ရှိအပ်သော ကျင့်ဝတ်နှင့် အယူအဆရေးရာများကို ဦးစွာ ရှင်းလင်းထားပြီး ဝတ္ထုတစ်ပုဒ် တည်ဆောက်ရာ၌ လိုအပ်သည့် အခြေခံအချက်များ၊ စာရေးသူသည် စာရေးရာတွင် မိမိ အမှန်တကယ် မကျွမ်းဝင်သော ဘဝနှင့် ပတ်ဝန်းကျင်ကို ဖွဲ့နွဲ့ခြင်းထက် မိမိဘဝကို အခြေခံသော ပတ်ဝန်းကျင်သာလျှင် အားပြုသင့်ကြောင်း ဖော်ပြကာ မိတ်ဆွေ စာရေးဆရာ၊ စာရေးဆရာမကြီးများ ဖြစ်ကြသည့် ထင်လင်း၊ ကြည်အေး၊ ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ်၊ တင့်တယ်၊ ငွေဥဒေါင်းနှင့် ရှုမဝဦးကျော်တို့ကို ဝတ္ထုဇာတ်ကောင် အသွင်ပြောင်းကာ မည်သို့ ရေးသားခဲ့ကြောင်း ဝတ္ထုနှင့်တကွ ရှင်းပြထားသည်။

ဤသို့ ရှင်းလင်းချက်နှင့်အတူ စာရေးသူတစ်ဦးတွင် ရှိသင့် ရှိထိုက်သော သဘောထား ခံယူချက်တို့ကို ဖော်ပြထားရာ စာရေးဆရာဖြစ်လိုသူတိုင်း ဖတ်ရှုလေ့လာအပ်သော စာအုပ်ဖြစ်ပါသည်။

စာမျက်နှာ

293 (Burma Paper)

စာအုပ်အရွယ်အစား

5.3 x 0.5 x 8.3 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2026 ဇွန်လ (စတုတ္ထအကြိမ်)

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဝတ္ထုရေးနည်း ဇာတ်ကောင်မွေးနည်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

သော်တာဆွေ စာအုပ်များ