ချွေးသွေးစတေး၍
5000 (ကျပ်)
တစ်ခေတ်မှာကား အမေရိကတိုက်ကြီး၏ အနောက်ပိုင်း မြေရိုင်းဒေသကြီးတွင် နယ်သစ်ဖွင့်စခေတ်ပင်ဖြစ်လေသည်။ ထိုခေတ်ဦးဝယ် ယောကျ်ားပျိုနှစ်ဦးတို့သည် မြေရိုင်းကြီးနှင့် အပြိုင်အဆိုင် အနိုင်လုရင်း သူတို့အချင်းချင်းလည်း ပဋိပက္ခအဖြစ်ကြီး ဖြစ်ကြရလေသည်။ မိန်းမပျိုတစ်ဦးကမူ ပြင်ပဘေးအန္တရာယ်ဟူသမျှကို အောင်နိုင်သည်အထိ စွမ်းရည်ရှိခဲ့သော်လည်း သူ့အဇ္ဈတ္တတွင် ရှိ၍နေသော စိတ်ဆင်ရိုင်း၏ မုန်ကိုမူ နာလန်မထူနိုင်အောင် အရှုံးပေးခဲ့ရရှာ၏။ ယင်းသည်ကား ဤ”ချွေးသွေးစတေး၍” ဝတ္ထု၏ ဇာတ်ကြောင်းပင်ဖြစ်လေသည်။
အထက်ပါ ဇာတ်ဆောင်သုံးဦးတို့၏ ဇာတ်ကြောင်းသည် ကြီးကျယ်ထည်ဝါလှစွာသော သမိုင်းစဉ်ရှုခင်း၌ ပါဝင်သော ရှုကွက်တစ်ကွက်ဖြစ်၏။ အမေရိကတိုက် အနောက်ပိုင်းသို့ ရှေးခေတ်ပေါင်းမိုးလှည်းကြမ်းကြီးများဖြင့် ဖြတ်သန်းချင်းနင်း ဝင်ရောက်ခဲ့စဉ်အခ့ါက မစ်ဇူရီမြစ်ကမ်းခြေမှ အော်ရီဂွန်မြစ်ဝှမ်းအထိ ခရီးတစ်လျှောက်တွင် ကပ်ဆိုးဘေးဆိုးအမျိုးမျိုးနှင့် ရင်ဆိုင်ခဲ့ကြရ၏။ လောကဓံ၏ ဖိုကျင်ထိုးခြင်းကို ခံရသောအခါ၌ “လူ့သတ္တိ” တည်းဟူသော ဇမ္ဗူရစ်ရွှေသည် ဦးပြည်းဖြစ်လျက် ဝင်းလက်တောက်ပလာရကုန်သည်။
ဤဝတ္ထုသည် ဝတ္ထုမည်ကာမတ္တ မဟုတ်၊ အတိတ်တည်းဟူသော အမှောင်ထဲသို့ မီးမောင်းထိုးသည့်ပမာ အလင်းရောင်သွင်းပေးလျက် အချစ်နှင့် အကောက်ဉာဏ်၊ စိတ်သဘောထားကြီးမြင့်ခြင်းနှင့် သေးသိမ်ခြင်း စသော အသေးစိတ်အချက်အလက်များကိုပါ ထင်းခနဲပေါ်လွင်စေပြီးလျှင် စွန့်စားခန်းကြီးတစ်ရပ်ကို တင်ပြသော ကမ္ဘာကျော် ဂန္တဝင်ဝတ္ထုကြီးတစ်ပုပ်ပေတည်း။
စာမျက်နှာ | 314 |
---|---|
စာအုပ်အရွယ်အစား | 5.3 x 0.5 x 8.4 inches |
ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ၊ 2021 ဒီဇင်ဘာလ (တ-ကြိမ်) |
3 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ