ဘဝထိုထို

( 1 မှတ်ချက်)

4000 (ကျပ်)

ယင်းဝတ္ထုတိုလေးများသည် သော်တာဆွေ၏ ဘဝခရီးတစ်လျှောက်တွင် ကျင်လည်ခဲ့ရသော အနိမ့်အမြင့်၊ အတက်အဆင်းစသည့် ဘဝ၏အလွှာများကို ရဲဝံ့စွာထုတ်ဖော်ခြင်းပင် ဖြစ်လေသည်။ စာရေးဟန် သွက်လက်၍ လေးနက်သော လူ့သဘာဝအဖွဲ့များ ပါရှိလေသည်။

(စာပေဆုရွေးချယ်ရေးအဖွဲ့၏ မှတ်ချက်မှ)

စာမျက်နှာ

166

စာအုပ်အရွယ်အစား

5.3 x 0.5 x 8.2 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2017 မတ်လ(စတုတ္ထအကြိမ်)

စျေးနှုန်းအပြောင်းအလဲ

1.8.2022 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ်3200 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

Out of stock

ဘဝထိုထို အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Aeri Myat

    လူတွေမှာ ကိုယ့်ရဲ့အကြောင်း
    စိတ်နေသဘောထား အမှန်တွေကို
    ချပြရဲဖို့ဆိုတာ မလွယ်တဲ့အရာတစ်ခုပါ။

    ဒီစာအုပ်ထဲမှာတော့ စာရေးသူရဲ့
    ရိုးသားမှုတွေ ပါဝင်နေလို့ ထင်ပါရဲ့…။

    ဖတ်နေရင်း ပွင့်လင်းတဲ့ စိတ်ထားကို လေးစားနေမိတော့တာပဲ။

    ၁၉၆၁ခုနှစ်၊ စာပေဗိမာန်ဆုရ ထားတဲ့

    ဆရာသော်တာဆွေရဲ့ “ဘဝထိုထို” ဆိုတဲ့

    စာအုပ်ကလေးပါ။

    စာရေးဆရာဘဝ မရောက်ခင် ကျင်လည်ခဲ့ရတဲ့၊ မြင်းလှည်းသမားဘဝက အဖြစ်အပျက်တွေ၊ ပိုက်ဆံရှာဖို့
    ရုန်းကန်ခဲ့ရပုံတွေ၊ အဂ်လိပ် အထွက်
    ဂျပန် အဝင်… မြန်မာပြည်ရဲ့ အခြေအနေတချို့ကိုပါ သိခွင့်ရလိုက်ပါသေးတယ်။

    လှည်းဆွဲရတဲ့ ဒဏ်မခံနိုင်လို့ သေဆုံးသွားတဲ့ မြင်းကလေးတွေအကြောင်း
    ဖတ်ရင်း စိတ်မကောင်းဖြစ်ရတယ်။
    သခင်နဲ့အတူတူ ရုန်းကန်ကြရတဲ့
    ထမင်းရှင်လေးတွေဆိုလည်း မမှားဘူး။
    ဆရာကြီးက သူတို့ကျေးဇူးတွေကို မမေ့ဘူးထင်ပါရဲ့… အခုလိုစာလေးတွေထဲ
    ထည့်ရေးထားလို့ပါပဲ…။

    စာအုပ်ထဲမှာ ဝတ္ထုတို(7)ပုဒ် ပါပါတယ်။
    ဆရာသော်တာဆွေရဲ့
    ဘဝ တစိတ်တပိုင်းကို သိခွင့်ရတဲ့
    စာအုပ်လို့လည်း မြင်မိပါတယ်။
    ဘဝဇာတ်ကြောင်းပေမဲ့ ရေးဟန်က သွက်တဲ့အပြင် ဟာသလေးတွေလည်းနှောလို့ ဖတ်ရတာ သဘောကျမိပါတယ်။

    #သော်တာဆွေ
    #ဘဝထိုထို
    #no87

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

သော်တာဆွေ စာအုပ်များ