နှလုံးသားကိုချည်တဲ့ကြိုး

( 0 မှတ်ချက်)

7000 (ကျပ်)

(၁) ‘မောင့်ကို အခုလို မော်ကြည့်ရင် မောင်က သိပ်ခန့်တာ။ ပါးသိုင်းမွှေး ရေးရေး လေးတွေနဲ့ မောင့်ပါးပေါ်က မှဲ့နက်နက်ကလေးနဲ့ တံတွေးလေး မျိုချရုံနဲ့တောင် ပေါ်လာတတ်တဲ့ ပါးချိုင့် ကလေးနဲ့ . . .’

(၂) ‘ကျွန်မ တွဲဖူးတဲ့ ယောက်ျားတွေထဲ မောင့်ကို အချစ်ပိုခဲ့တယ်။ ချွဲတတ်တာလေးကအစ အမိန့်ပေးတတ်တာလေး အဆုံးပေါ့။’

(၃) ‘မိန်းကလေးဆိုတာ ဘယ်လောက် ထက်မြက်သန်မာပါစေ ချစ်သူဆီက ဂရုစိုက်ပေးတာမျိုး လိုချင်ကြတယ် မောင်’

(၄) ’ဟိုဘက်လှည့် ကျွန်တော် ကျစ်ဆံမြီး ကျစ်ပေးမယ်” ကျွန်မ စိတ်ထဲ အစောက အပျော်တွေ ဖျတ်ခနဲ ပျောက်ကွယ် သွားတယ်။ မောင်က အရင်လိုဆို ကျစ်ဆံမြီး မကျစ်တတ်ဘူး။’

(၅)
‘မောင်သာ
အဲဒီ မိန်းကလေး
လက်ကို ဆွဲပြီး
ထွက်သွားမယ်ဆိုရင်
ဒီနေရာမှာ
စိတ်အသေတွေနဲ့
ကျန်ရစ်ခဲ့မဲ့သူက
သေချာပေါက်
ကျွန်မပဲ ဖြစ်မှာပါ။’

(၆)
‘မောင်
သူ့မျက်နှာလေး ကြည့်ပြီး
နိုးထလာတဲ့
မနက်ခင်းတွေမှာ
အငယ် … အငယ်က
မောင့်ကို လွမ်းလို့ကျတဲ့
မျက်ရည်တွေနဲ့ နိုးထရမှာ
မောင်ရဲ့…’

သာမန်ထက်ပိုပြီး ထူးခြားတဲ့ လုံးချင်းဝတ္ထု တစ်ပုဒ်ဖြစ်ပါတယ်။ တင်ပြပုံကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ အရေးအသားကြားမှာ ဇာတ်ကောင်တွေရဲ့ သရုပ်ကို ပီပီပြင်ပြင်မြင်တွေ့ရမှာ ဖြစ်ပါတယ်။ဘယ်လောက်ပဲချစ်ချစ်၊ ဘယ်လောက်ပဲ မြတ်နိုးမြတ်နိုး ချစ်သူနှစ်ဦးကြားမှာ မျှော်လင့်မထားတဲ့ ပြဿနာလေးတွေဖြစ်ပေါ်လာတတ်ပါတယ်။ အဲဒီကနေ နားလည်မှုတွေ အမြင်တွေ ကွဲလွဲတတ်တာမျိုးပေါ့။

တွေ့နေပါရဲ့နဲ့ လွမ်းရတယ် ဆိုတဲ့ အဓိပ္ပါယ်ကို ဒီဝတ္ထုမှာ ပီပီပြင်ပြင် မြင်ကြရမှာပါ။ ပြီးတော့ မိန်းမတစ်ယောက်ရဲ့ ခံစားချက်၊ မျှော်လင့်ချက် ချစ်သူတွေမှာရှိတဲ့ အိပ်မက်တွေနဲ့ လှလှပပ ချစ်ခြင်းတရားကို တွေ့ကြရမှာပါဖြစ်ပါတယ်။

စာမျက်နှာ

115 (Woodfree Paper)

စာအုပ်အရွယ်အစား

5.1 x 0.3 x 7.4 inches

ပုံနှိပ်မှတ်တမ်း

ရွှေပေစာပေ၊ 2026 မတ်လ (ပထမအကြိမ်)

7 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“နှလုံးသားကိုချည်တဲ့ကြိုး” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

မယ်ညို စာအုပ်များ