သူမနှင့်အချစ်ဆိုသောအရာများ

( 1 မှတ်ချက်)

5000 (ကျပ်)

“ ဘဝက ပေးတဲ့ ဒါဏ်ရာတွေများစွာနဲ့မိန်းမတစ်ယောက်
ဟာ အချစ်က ဘာလဲဆိုတာ သူမ မသိခဲ့ဘူး ။ ဒါပေမဲ့ သူမ နွေးထွေးချင်တယ် ၊ ပျော်ချင်တယ် ထို့ကြောင့် သူမ ချစ်ခဲ့တယ် ။
သို့ပေမဲ့….. “

ဒီစာအုပ်လေးထဲမှာ မိန်းမတစ်ယောက်ရဲ့ အချစ်နဲ့ဘဝ ကို အဓိကပုံဖော်ရေးထားပါတယ်ရှင် ။
ချစ်ခြင်းမေတ္တာငတ်နေတဲ့ “ ဖြူဖြူငယ် “
ဆိုတဲ့မိန်းမတစ်ယောက်ဟာ အချစ်ကို
ဘယ်လိုခံယူထားလဲ …💔

တကယ် အချစ်နဲ့ဘဝနဲ့ယှဉ်တဲ့အခါရော
သူမ ဘာကိုရွေးချယ်ခဲ့လဲ ။
သူမကိုသိပ်ချစ်ပါတယ်ဆိုတဲ့ ယောက်ျားတွေကလဲ သူမကို ဘယ်လိုတွေဆက်ဆံကြလဲ ။
ထိုယောက်ျားတွေက တကယ်ပဲ သူမကိုချစ်ခဲ့ကြတာရော ဟုတ်ရဲ့လား ။
ဒါမှမဟုတ်
တကယ်ပဲချစ်ခဲ့ကြတာလား ။
စိတ်ဝင်စားစရာတွေနဲ့ မိန်းမတစ်ယောက်ရဲ့အချစ်နဲ့ဘဝကိုပုံဖော်ထားပါတယ် ရှင့် ။

စာမျက်နှာ

140

စာအုပ်အရွယ်အစား

5.3× 0.2× 8.1 inches

ပုံနှိပ်မှတ်တမ်း

Book Case By Saw၊ 2023 စက်တင်ဘာလ

စျေးနှုန်းအပြောင်းအလဲ

3.2.2024 ရက်နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ 5000 ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

6 in stock (can be backordered)

သူမနှင့်အချစ်ဆိုသောအရာများ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Thet Naing Aung (verified owner)

    ” ကျွန်မကြားဖူးခဲ့တာ မိန်းမတွေက ငွေမက်တယ်တဲ့။ကျွန်မကရော မိန်းမပဲမဟုတ်ဘူးလား။ကျွန်မလည်း ငွေမက်ချင်မက်မှာပေါ့။ဒါပေမယ့် ကျွန်မကတော့ အချစ်ကို ပိုမက်တယ်။ ”

    🔘 အဓိကဇာတ်ကောင် ” ဖြူ ” ဟာ အချစ်ခံချင် ၊ ဂရုစိုက်ခံချင်တဲ့ မိန်းမတယောက်ဖြစ်ပေမယ့် သူမဟာ အချစ်ကံခေတဲ့သူတဦးသာဖြစ်ခဲ့ရပါတယ်။ သူမဘဝမှာ ကြုံတွေ့ခဲ့ရတဲ့သူတွေဟာ သူမကို အကြောင်းအမျိူးမျိူးနဲ့ လမ်းခွဲသွားခဲ့သူတွေသာ ဖြစ်ခဲ့တယ်။ သူမကို လမ်းခွဲသူတွေကော သူမက ကျေကျေနပ်နပ်လမ်းခွဲပစ်လိုက်သူတွေကောပေါ့။

    💢အသည်းကွဲခြင်းဟာ
    ဘယ်ကမ္ဘာကစခဲ့လဲ
    ပြီးတော့
    အသက်ရှူပြီး အသည်းနှလုံးမရှိတော့တဲ့
    လူတွေရော
    ဘယ်နှစ်ယောက်ရှိနေပြီလဲ။

    🔘 ” ဖြူ ” ဟာ အသည်းကွဲခဲ့တယ် ။ တကယ်တော့ နက်နက်ရှိုင်းရှိုင်းတွေးကြည့်ရင် ” ဖြူ ” ဟာ အသည်းကွဲခဲ့တာမဟုတ်ပဲ အချစ်မှာကျရှူံးခဲ့ရတာပါ။ သူမ သိပ်ကိုးကွယ်တဲ့အချစ် ၊ သူမ အလေးထားတဲ့ အချစ် ၊ သူမ ဦးစားပေးခဲ့တဲ့ အချစ် ။ အဲ့ဒီအချစ်တွေအောက်မှာ ” ဖြူ ” ဟာ ကျရှူံးသွားခဲ့တာပါ။

    💔 မာနကြီးလှပါပေ့ ၊ လှပပြီးထက်မြတ်လှပါပေ့ဆိုတဲ့ မိန်းကလေးတွေလည်း တခါတလေ အချစ်ဆိုတဲ့အရာမှာ ကျရှူံးတတ်ကြသလိုမျိူး ကျနော်တို့ယောကျ်ားလေးတွေလည်း အချစ်မှာ ကျရှူံးခဲ့ဖူးတာတွေ မှ အများကြီးအများကြီးပါပဲ။ ကျတော်ကရော …..
    အခုချိန်ထိ ကျရှူံးခဲ့တဲ့အချစ်တွေကို မက်မက်မောမော ငြိတွယ်နေမိစဲပါပဲ။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

မယ်ညို စာအုပ်များ