ကလေးတွေ ကျောင်းမှာ အောင်မြင်ဖို့နည်းလမ်းများ

( 0 မှတ်ချက်)

7500 (ကျပ်)

မိဘတိုင်းဟာ သားသမီးတွေကို ထူးချွန်ထက်မြက်စေချင်သလို၊ ကျောင်းမှာလည်း အောင်မြင်စေချင်ကြတယ်။ အောင်မြင်စေချင်တာနဲ့ မပြီးပါဘူး။ အောင်မြင်အောင် လမ်းပြကူညီနိုင်ဖို့က အရေးကြီးပါတယ်။ တချို့မိဘတွေက သားသမီးကို ကူညီရင်း ဖိအားတွေ အတင်းပေးသလို ဖြစ်တတ်ပါတယ်။ တော်စေတတ်စေချင်တာကို ဦးစားပေးလွန်းတော့ ကလေးရဲ့ သဘာဝ၊ ကလေးဘယ်လောက်လုပ်နိုင်တယ် ဆိုတာကို မေ့သွားတတ်ပါတယ်။ တစ်ချိန်လုံး စာ စာ ဖြစ်နေတော့ ကလေးဟာ အနားမရတော့ဘူး။ ကစားချိန်၊ ကစားခွင့် မရတော့ဘူး။ အဲဒီတော့ ကလေးတွေဟာ စာကို အီတောက်ပြီး ကြောက်တဲ့စိတ်၊ ရွံမုန်းတဲ့စိတ်တွေ ကိန်းအောင်းလာတတ်ပါတယ်။ ကိုယ်လက်လှုပ်ရှား ကစားခြင်းဟာ ကိုယ်ကာယဖွံ့ဖြိုးမှုအတွက်သာမက ကျောင်းသင်ခန်းစာတွေ ကောင်းစွာ သင်ယူနိုင်ဖို့အတွက်လည်း အလွန်အရေးကြီးပါတယ်။ ကိုယ်လက်လှုပ်ရှား ကစားလိုက်ရင် စိတ်ပျော်ရွှင်လာပါတယ်။ ပြီးတော့ ဦးနှောက်ထဲမှာ ဆယ်ရီတိုနင်လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတွေ ပိုများလာပြီး နောက်ထပ်သင်ယူလေ့လာမှုတွေအတွက် အဆင်သင့်ဖြစ်စေပါတယ်။

ဒီစာအုပ်ဟာ ကလေးများရဲ့ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုနှင့် မိဘ-သားသမီးဆက်ဆံရေးကောင်းမွန်ရေးအတွက် လက်တွေ့ကျတဲ့ အကြံပြုချက်တွေလည်း ပါဝင်တာကြောင့် ကလေးတို့ ဘက်စုံဖွံ့ဖြိုးတိုးတက်မှု ကို အလေးပေးတဲ့ လက်စွဲစာအုပ်တစ်အုပ်လည်းဖြစ်ပါတယ်။

စာအုပ်အရွယ်အစား

5.5 x 0.2 x 8.1 inches

ပုံနှိပ်မှတ်တမ်း

ပင်ဝါးရုံ၊ 2018 ဒီဇင်ဘာလ၊ (ပ-ကြိမ်)

စျေးနှုန်းအပြောင်းအလဲ

22.11.2024 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 5000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

6 in stock (can be backordered)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကလေးတွေ ကျောင်းမှာ အောင်မြင်ဖို့နည်းလမ်းများ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဒေါက်တာသိန်းလွင် စာအုပ်များ