
လစ်ဘရယ်ပညာရေးဘက်မှခုခံကာကွယ်ခြင်း
15000 (ကျပ်)
ယနေ့ခေတ်ကာလမှာ နည်းပညာနဲ့ အသက်မွေးဝမ်းကျောင်းအတတ်ပညာ (STEM) တွေကိုသာ အလေးထားလာကြပြီး ဝိဇ္ဇာပညာရပ်တွေ၊ လစ်ဘရယ်ပညာရေး (Liberal Education) တွေဟာ အသုံးမဝင်တော့ဘူးလို့ ယူဆလာကြတဲ့အပေါ် ဒီစာအုပ်က ခိုင်ခိုင်မာမာ တုံ့ပြန်ထားပါတယ်။Fareed Zakaria ဟာ လစ်ဘရယ်ပညာရေးဆိုတာ ဘာသာရပ်တစ်ခုတည်းကို သင်ယူခြင်းမဟုတ်ဘဲ “ဘယ်လိုတွေးမလဲ” (How to think)၊ “ဘယ်လိုရေးမလဲ” နဲ့ “ကိုယ့်ရဲ့အတွေးအခေါ်ကို ဘယ်လိုဆက်သွယ်တင်ပြမလဲ” ဆိုတဲ့ အခြေခံကျတဲ့ လူသားအရည်အသွေးတွေကို ပျိုးထောင်ပေးတာဖြစ်ကြောင်း ထောက်ပြထားပါတယ်။
လစ်ဘရယ်ပညာရေး စတင်ဖြစ်ပေါ်လာပုံနဲ့ ခေတ်အဆက်ဆက် ပြောင်းလဲလာပုံ၊အချက်အလက်တွေကို ဝေဖန်ပိုင်းခြားနိုင်စွမ်း (Critical Thinking) ဟာ စက်ရုပ်တွေ၊ AI တွေ လွှမ်းမိုးလာမယ့် အနာဂတ်မှာ ဘယ်လောက်အရေးကြီးကြောင်း၊လစ်ဘရယ်ပညာရေးဟာ တိုက်ရိုက်အလုပ်မပေးနိုင်ဘူးလို့ ထင်ရပေမယ့် ရေရှည်မှာတော့ နယ်ပယ်ပေါင်းစုံမှာ လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုပံ့ပိုးပေးသလဲဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။ဘာသာပြန်ဆိုသူ ဆရာကျော်ဝင်းဟာ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ နိုးကြားမှုအတွက် အစဉ်တစိုက် ကြိုးပမ်းနေသူဖြစ်ပါတယ်။ ဒီစာအုပ်ဟာ ပညာရေးလောကက လူကြီးမင်းများ၊ ဆရာ/ဆရာမများ၊ဘယ်လိုပညာရေးလမ်းကြောင်းကို ရွေးချယ်ရမလဲ ဝေခွဲမရဖြစ်နေတဲ့ ကျောင်းသားလူငယ်များ၊ဗဟုသုတနဲ့ အတွေးအခေါ် အမြင်သစ်ရလိုသူများအတွက် အထူးသင့်လျော်ပါတယ်။
| စာမျက်နှာ | 207(Woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 6 x 0.4 x 8.7 inches |
| ပုံနှိပ်မှတ်တမ်း | တကောင်းစာပေ ၊ 2026 ဇန်နဝါရီလ (ပထမအကြိမ်) |
5 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ