
ပါပီလွန်နှင့် ဗင်ကို
28000 (ကျပ်)
ဒုတိယကမ္ဘာစစ်ကြီး မတိုင်မီက ပြင်သစ်အကျဉ်းထောင် တစ်ကျွန်းစနစ်သည် ကမ္ဘာတွင် အရက်စက်ဆုံးစနစ်တစ်ခုဖြစ်၏။ ပါပီလွန်သည် ပြင်သစ်တစ်ကျွန်းအကျဉ်းစခန်းတွင် ၁၃နှစ်ကျော်ကျော် ကြံ့ကြံ့ခံနေပြီး လွတ်မြောက်အောင် နေခဲ့သူ၏ အတ္ထုပ္ပတ္တိဖြစ်၏။ ယောကျ်ားကောင်းတစ်ယောက်၏ ဇွဲနှင့် အားမာန်များကို ဤဝတ္ထုတွင် အတုယူစရာပေါင်း များစွာပါရှိပါသည်။
| စာမျက်နှာ | 604 |
|---|---|
| စာအုပ်အရွယ်အစား | 6 x 1.5 x 9.5 inches |
| ပုံနှိပ်မှတ်တမ်း | ရတနာပုံစာအုပ်တိုက်၊ 2016 နိုဝင်ဘာလ၊ (စတုတ္ထ-ကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 15.5.2025 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 28000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
Out of stock





အမည်မသိ –
ဇာတ်ကားလည်း2017မှာထွက်ထားတယ် ပါပီလွန်နာမည်နဲ့အတော်ကြည့်ကောင်းသလို စိတ်ဓာတ်ခွန်အားလည်းဖြစ် စာအုပ်ဖတ်ထားပြီးဇာတ်ကားကြည့်တော့ပိုကြည့်ကောင်း
Nyan Lin Htet –
ပါပီလွန် နှင့် ဗင်ကို ဆိုတဲ့ဒီစာအုပ်ကိုကျွန်တော်မနက်ကမှဖတ်ပြီးသွားတာပါ အရမ်းဖတ်လို့ကောင်းတယ်လို့ပြောလို့ရပါတယ် အမှန်ဆိုရင်တစ်ထိုင်တည်းဖတ်ချင်ပေမဲ့ တခြားအလုပ်တွေကမဖြစ်မနေလုပ်ရမှာမို့ နှစ်ရက်ခွဲ ပြီးဖတ်ဖြစ်ခဲ့ပါတယ်
စာဖတ်ဝါသနာပါသူတွေ စာအုပ်စုဆောင်းသူတွေအနေနဲ့ ပညာလည်းရသလို ဗဟုသုတတို့ ရသတို့ကိုအပြည့်အဝပေးနိုင်တဲ့ယခုလိုစာအုပ်မျိုးတွေဖတ်ကြည့်သင့်ပါတယ် ဒီစာအုပ်ကယောင်္ကျားတစ်ယောက်ရဲ့ ဇွဲ ကောင်းမှုတွေ လောကဓံကိုအရှုံးမပေးဘဲရင်ဆိုင်ခဲ့တဲ့ ဖြစ်ရပ်မှန်လူတစ်ယောက်အကြောင်းကိုရေးထားတာပါ ပါပီလွန်ဟာချစ်ရသူတွေများစွာခွဲခွာခဲ့တယ် ဒါပေမဲ့ သူဟာစွန့်လွှတ်နိုင်ခဲ့တယ် ကြိုးစားခဲ့တယ် စိတ်ဓာတ်ကျစေနိုင်တဲ့ အဖြစ်အပျက်တွေနဲ့ကြုံခဲ့ရပေမဲ့ပါပီလွန်ဟာဘယ်တော့မှလက်မမြှောက်ခဲ့ပါဘူး
ဒီစာအုပ်ကလက်ကမချချင်အောင်ဖတ်လို့ကောင်းပါတယ်