
သက်မဲ့ရုပ်ကြွင်း
15000 (ကျပ်)
ပုဂံ ” လို့ ဆိုလိုက်တာနဲ့ လူတိုင်းရဲ့ရင်ထဲမှာ နွေးထွေးလာအောင်၊ နှလုံးသွေးတို့ ပူနွေးလှိုက်ဆူလာအောင်၊ ရင်ခုန်သံတွေ ခုန်လှိုက်လှုပ်ရှားလာအောင် စွမ်းဆောင်နိုင်တာ မဟုတ်လား။ ပုဂံဟာ မြန်မာတို့ရဲ့ နလုံးသည်းပွတ်၊ ပုဂံဟာ မြန်မာတို့ရဲ့ ရင်ခုန်သံ၊ ပုဂံဟာ မြန်မာတို့ရဲ့ အထွဋ်အမြတ်နယ်မြေ၊ ပုဂံဟာ မြန်မာတို့ရဲ့ စည်းလုံးညီညွတ်ခြင်း ပြယုဂ်။ ဪ… ပုဂံဟာ သူရဲကောင်းဝိညာဉ်တွေ ပျော်မွေ့ကျက်စားရာ မြန်မာတို့ရဲ့ ခမ်းနားလှတဲ့ သမိုင်းဝင် မြို့ဟောင်းကြီးပေါ့။
ဖုန်လုံး ဖွေဖွေး လိမ့်လိမ့်ကြီးတွေကြား သွားရမယ်။ ထနောင်းပွင့် ဝါဝါလေးတွေကို မြင်ရမယ်။ တမာရနံ့မွှေးမွေးလေးတွေကို ရှိုက်ရမယ်။ ပုထိုးအို ပုထိုးပျက်တွေကို လှည့်ပတ်ဖူးမြော်ရင်းသမိုင်းကြောင်းတွေကိုလည်း လေ့လာနိုင်မယ်။ တန့်ကြည့်တောင်စွယ်တန်းကြီးနဲ့ ကျွန်းပြင်စိမ်းစိမ်း၊ သောင်ခုံဖွေးဖွေး နောက်ခံထားတဲ့ မြစ်မင်းဧရာကိုလည်း ငေးမျှော်ရှုစားနိုင်မယ်။
အတိတ်ရဲ့ခြေရာတွေနဲ့ ပစ္စက္ခအထိ ခမ်းနားဆဲ၊ တင့်တယ်ဆဲ၊ လှပနေဆဲ ပုဂံမြေ။ မြေနီရောင် ပုထိုးပြိုတွေ၊ ပဲ့ကြွေနေတဲ့ အုတ်ကျိုး အပိုင်းအစလေးတွေ၊ မြင်းလှည်းကလေးတွေ၊ ရုပ်သေးရုပ်ကလေးတွေ၊ မြေသားလမ်းကလေးတွေ၊ ကန္တာရဆူးပင်လေးတွေ၊ နွားအုပ်ဆိတ်အုပ်တွေ၊ အညာသူ အညာသား ရိုးရိုးကြီးတွေ။ လှတယ်။ လှပါတယ်။ ပြောမပြနိုင်လောက်အောင် လှပါတယ်။
သည်ပုံရိပ်၊ သည်အငွေ့အသက်၊ သည်ခံစားမှုတွေကို သည်စာအုပ်ထဲမှာ တွေ့ရ၊ မြင်ရ၊ ခံစားရပါလိမ့်မယ်။ လွမ်းရ၊ မောရ၊ ကြေကွဲရပါလိမ့်မယ်။ ကျွန်တော်ဟာ ပုဂံရဲ့ ပကတိအလှတရားကို ပြည့်စုံစွာ ရေးဖွဲ့ပုံဖော်ပြနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သည်စာအုပ်ကလေးဟာ ပုဂံရဲ့အလှ၊ ပုဂံရဲ့ကျက်သရေ၊ ပုဂံရဲ့ ခမ်းနားမှုတွေကို တစ်စွန်းတစ်စ ခြယ်မှုန်းပုံဖော်ပြနိုင်မဲ့ ဆေးရည်တစ်စက် ပုံငယ်တစ်ကွက် ဖြစ်စေမှာပါ။
#သက်မဲ့ရုပ်ကြွင်း ဖတ်ရင်း မြင်းကပါရွာဝန်းကျင်မှာရှိတဲ့ မနူဟာ၊ နန်းဘုရား၊ မြစေတီ၊ ဂူပြောက်ကြီး၊ နဂါးရုံဘုရား၊ အပယ်ရတနာဘုရား၊ စိုးမင်းကြီးအုတ်ကျောင်း၊ ကျောက်မျက်မှော် (နှစ်ထပ်ဘုရား)၊ စိမ်းညက်ညီအစ်မ၊ မင်္ဂလာစေတီ၊ မျက်တော်ပြေ၊ ဗူးဘုရားတို့ကို ဖူးမြော်ကြရမှာပါ။ဒါ့အပြင် တောင်ဘီရွာလေးကိုလည်း ရောက်ရမယ်။ ချစ်သူလမ်းလေးမှာလည်း လျှောက်ရမယ်။ ယွန်းပညာကောလိပ်ထဲကိုသွားပြီး ယွန်းပညာရပ်တွေအကြောင်း လေ့လာကြရမယ်။ ယွန်းနည်းစဉ်ခန်းမကြီးနဲ့ ယွန်းပြတိုက်ထဲက ယွန်းလက်ရာစုံကိုလည်း တမက်တမော တွေ့မြင်ရမှာဖြစ်ပါတယ်။
===
“ပုဂံ” ဟု ဆိုလိုက်သည်နှင့် မြန်မာတိုင်း၏ ရင်ထဲတွင် နွေးထွေးသွားစေသော သမိုင်းဝင်မြို့တော်၏ ခမ်းနားမှု၊ အလှတရားနှင့် ဝိညာဉ်ကို ဤစာအုပ်က အသက်ဝင်အောင် ဖော်ပြထားပါသည်။ ဖုန်လုံးဖွေးဖွေးလမ်းများ၊ ပုထိုးအိုပုထိုးပျက်များ၊ ဧရာဝတီမြစ်၏ အလှအပ၊ အညာမြေ၏ ရိုးရိုးရှင်းရှင်း လူနေမှုဘဝများကို အတိတ်နှင့် ပစ္စုပ္ပန် ချိတ်ဆက်ကာ ခံစားရစေမည်ဖြစ်ပြီး မနူဟာဘုရားမှစ၍ မြင်းကပါရွာဝန်းကျင် ဘုရားစေတီများ၊ ယွန်းပညာကောလိပ်နှင့် ယွန်းလက်ရာများအထိ ဖူးမြော်လေ့လာခွင့်ရစေပါသည်။ ပုဂံ၏ အလှ၊ ကျက်သရေ၊ ခမ်းနားမှုကို အပြည့်အဝမရေးနိုင်သော်လည်း ထိုအလှအပကို ခံစားစေမည့် ပုဂံနောက်ခံဝတ္ထုစာအုပ်လေးတစ်အုပ် ဖြစ်ပါသည်။
| စာမျက်နှာ | 240(Woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.6× 0.4×8.2 inches |
| ပုံနှိပ်မှတ်တမ်း | စာရိပ်မြိုင်စာပေ 2025 ဒီဇင်ဘာလ (ပထမအကြိမ်) |
6 in stock





စိုးဘားဒိုင် –
ပုဂံဒေသနောက်ခံ လုံးချင်းဝတ္ထု။
ကြည်ညိုထိုက်နဲ့ယမုံနာက ကျောင်းနေဘက်သူငယ်ချင်းတွေဖြစ်ပြီး၊ယမုံနာက ကျောင်းဆရာမလေး၊ကြည်ညိုထိုက်က ယွန်းပညာကောလိပ်တက်ရောက်ပြီး ယွန်းပညာနဲ့အသက်မွေးတယ်။ယမုံနာတို့မိဘတွေရဲ့ယွန်းလုပ်ငန်းမှာ ကြည်ညိုထိုက်က အလုပ်လုပ်တယ်။သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ချစ်နေကြပေမယ့် ပွင့်လင်းတဲ့အဆင့်ကိုမရောက်ကြဘူး။ကြည်သာငြိမ်းကတော့ ကြည်ညိုထိုက်ရဲ့ အဘိုးဘိုးစက်ရောင်ဆီကို ဦးသော်ကလာရောက်အပ်နှံ မွေးခိုင်းထားလို့ မိသားစုဝင်တစ်ယောက်အဖြစ်ကြည်ညိုထိုက်ရဲ့ညီလေးဖြစ်နေသူ။
ကြည်သာငြိမ်းက ယမုံနာကို တစ်ဘက်သတ်ချစ်နေသူဖြစ်ပေမယ့် ယမုံနာကတော့
ကြည်သာငြိမ်းကို မောင်လေးတစ်ယောက်လို
ချစ်တယ်။ဒီ သုံးပွင့်ဆိုင်ကြားထဲ ထပ်ရောက်လာတာကတော့ နန်းချယ်ရီမွန်။နန်းချယ်ရီမွန်က ယွန်းပညာကိုစိတ်ဝင်စားလို့ ယွန်းပညာကောလိပ်တက်ဖို့ ယမုံနာတို့မိသားစုနဲ့ဆက်စပ်ပြီး ပုဂံကိုရောက်လာခဲ့သူဖြစ်တယ်။နန်းချယ်ရီမွန်က ကြည်ညိုထိုက်ကို
စိတ်ဝင်စားပြီး ချစ်မိတယ်။
လေးပွင့်ဆိုင်အချစ်ဇာတ်လမ်းဟာ နန်း
ချယ်ရီမွန်ရဲ့ ဖခင်ရှာပုံတော်နဲ့ဆက်စပ်လာပြီး
ဦးသော်ကနဲ့ စောသီရိမွန်တို့ဇာတ်လမ်းဟာ
လည်း ကြေကွဲစရာတွေနဲ့အတူ အတိတ်ဆိုးအဖြစ်
ပေါ်လာတယ်။သရပါစံအိမ်တော်ကြီးရဲ့အရှင်သခင် ဦးသော်ကရဲ့မိခင်က ဦးသော်ကနဲ့စောသီရိမွန်တို့ကို သဘောမတူရာကနေ ကြေကွဲစရာဇာတ်လမ်းဖြစ်ခဲ့ရတယ်။
ပုဂံနောက်ခံ၊ယွန်းလုပ်ငန်းနဲ့ ကြေကွဲစရာဇာတ်လမ်းကနေ ချစ်နေကြလျက် မပွင့်လင်းကြတဲ့သူနှစ်ယောက်၊တစ်ဖက်သတ်ချစ်
မိကြသူနှစ်ယောက်နဲ့ ဝတ္ထုဇာတ်လမ်းဟာ သက်မဲ့ရုပ်ကြွင်းဝတ္ထုဖြစ်လာတယ်။ယွန်းလုပ်ငန်းအကြောင်း၊ပုဂံနောက်ခံအကြောင်းတွေနဲ့ ရေးဖွဲ့ထားတဲ့ အချစ်ဝတ္ထုဖြစ်လာတယ်။
လေးပွင့်ဆိုင်ဇာတ်လမ်းဟာ နောက်ဆုံး
မှာ ဘယ်လိုဇာတ်သိမ်းသွားသလဲ။ပရိသတ်
တွေကပဲ ကိုယ်သိမ်းချင်သလို သိမ်းနိုင်ဖို့အ
ဖြေကို ချန်ရစ်ခဲ့တယ်။ပုဂံကိုစိတ်ဝင်စားသူများ၊ယွန်းလုပ်ငန်းကိုစိတ်ဝင်စားသူများ၊
အချစ်ဝတ္ထုသန့်သန့်ကလေးကို စိတ်ဝင်စားသူ
များအတွက် နောက်ထပ်ပုဂံနောက်ခံဝတ္ထုတစ်ပုဒ်ပေါ့။
ဆရာလင်းရောင်နီ( စဘေ )ရဲ့ သပ်ရပ်တဲ့အားထုတ်မှုတွေနဲ့ ရေးသားထားတဲ့ လုံးချင်းဝတ္ထုတစ်အုပ်လို့လည်း ဆိုနိုင်ပါတယ်။