အမြင့်မားဆုံးသောအောင်နိုင်ခြင်း

( 0 မှတ်ချက်)

16000 (ကျပ်)

“လောကမှာ အမြင့်မားဆုံးသော အောင်နိုင်ခြင်းဟာ မိမိကိုယ်ကိုယ် အောင်နိုင်ခြင်းပဲ ဖြစ်တယ်”

ကျွန်မတို့အားလုံးဟာ ရှေ့ဆက်တက်လှမ်းချင်ကြတယ်။ ပျော်ရွှင်ချင်ကြတယ်။ အောင်မြင်ချင်ကြတယ်။ ဒါပေမယ့်… ကိုယ့်ခြေလှမ်းတွေကို ကိုယ်တိုင်ပြန်ဆွဲထားမိမှန်း မသိလိုက်ဘဲ ဖြစ်နေတတ်တယ်။ ကိုယ့်လမ်းကို ကိုယ်တိုင် ပိတ်ဆို့နေမိတတ်တယ်။ ဒါကို “Self-Sabotage” လို့ ခေါ်ပါတယ်။

ကိုယ့်ဘဝ ရှေ့မရောက်တာကို အခြေအနေတွေ မပေးလို့၊ ကံမကောင်းလို့၊ အခွင့်အရေးမရှိလို့ ဆိုပြီး အပြင်လောကကိုပဲ လက်ညှိုးထိုးပြီး အပြစ်တင်မိတတ်ကြတယ်။ ဒါပေမဲ့ တကယ်တမ်း ကိုယ့်ရင်ထဲကို အသေအချာ ပြန်နားထောင်ကြည့်တဲ့အခါ အဖြေက တစ်မျိုးဖြစ်နေတတ်ပါတယ်။

တကယ်တော့ ကျွန်မတို့ရဲ့ အကြီးမားဆုံးသော အတားအဆီးဟာ အပြင်လောကမှာ ရှိမနေပါဘူး။ ကျွန်မတို့ရဲ့ အတွင်းစိတ်ထဲမှာ ရှိနေတာပါ။

ဒါကို ကမ္ဘာကျော် စာရေးဆရာမ Brianna Wiest က သူမရဲ့ နာမည်ကျော် “The Mountain Is You” စာအုပ်ထဲမှာ အင်မတန် လှပသေသပ်စွာ ရှင်းပြခဲ့ပါတယ်။ အခုတော့ ဒီစာအုပ်ကို မြန်မာစာဖတ်ပရိသတ်တွေအတွက် “အမြင့်မားဆုံးသောအောင်နိုင်ခြင်း” ဆိုတဲ့ နာမည်နဲ့ ဖတ်ရှုခွင့်ရတော့မှာ ဖြစ်ပါတယ်။

လောကမှာ အောင်နိုင်ဖို့ အခက်ခဲဆုံး ရန်သူဟာ သင့်ရဲ့ အပြင်မှာ မရှိပါဘူး။ သင့်ရဲ့အတွင်းစိတ်ထဲမှာသာ ရှိနေပါတယ်။

ဒီစာအုပ်ကို ဖွင့်ဖတ်လိုက်တာနဲ့ ..
• သင့်ရဲ့ မလုံခြုံမှုတွေကို နားလည်ပေးမယ့် မိတ်ဆွေစစ်တစ်ယောက်နဲ့ စကားပြောနေရသလို ခံစားရမယ်။
• “ဪ ငါက ဒီလိုဖြစ်နေတာပါလား” ဆိုတဲ့ အသိနဲ့အတူ ဘဝရဲ့ပြဿနာတွေကို အဖြေရှာတွေ့ပြီး ရင်ထဲက အလုံးကြီး ကျသွားသလို ပေါ့ပါးသွားမယ်။
• ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဖျက်ဆီးနေမိတဲ့ အကျင့်တွေကို ပြင်ဖို့ နည်းလမ်းတွေကို ညင်ညင်သာသာနဲ့ သင်ယူရမယ်။

သင့်ဘဝရဲ့ အမြင့်မားဆုံးသော အောင်မြင်မှုကို လိုချင်တယ်ဆိုရင်၊ အရင်ဆုံး သင်ကျော်ဖြတ်ရမယ့် တောင်တန်းက “သင်ကိုယ်တိုင်” ပါပဲ။

“ကိုယ့်ကိုယ်ကိုယ် အောင်နိုင်ခြင်းကသာလျှင် စစ်မှန်သော၊ အမြင့်မားဆုံးသော အောင်နိုင်ခြင်းဖြစ်ပါတယ်”

စာမျက်နှာ

201(woodfree paper)

စာအုပ်အရွယ်အစား

5.8 ×0.3 ×8.2 inches

ပုံနှိပ်မှတ်တမ်း

စာပေလမ်းစာပေ ၊ 2026 ဇန်နဝါရီလ(ပထမအကြိမ်)

8 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အမြင့်မားဆုံးသောအောင်နိုင်ခြင်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဉာဏ စာအုပ်များ