ချမ်းသာတဲ့လူတစ်ယောက်ဖြစ်ဖို့ဆိုရင်

( 1 မှတ်ချက်)

4500 (ကျပ်)

ချမ်းသာတဲ့လူတစ်ယောက်ဖြစ်ဖို့ဆိုရင်

 

▸ ဒီစာအုပ်လေးဟာချမ်းသာအောင် ဘယ်လိုလုပ်ရမလဲဆိုတာထက် ချမ်းသာအောင်ဘယ်လိုပြုမူနေထိုင်ရမယ် ဘယ်လိုစိတ်ထားမျိုးရှိရမယ် ဆိုတာကို ကိုယ်တွေ့ဖြစ်ရပ်လေးတွေနဲ့ပေါင်းစပ်ရေးသားထားတဲ့စာအုပ်ဖြစ်ပါတယ်။

 

▸ လူတိုင်းချမ်းသာဖို့အခွင့်အရေးရှိရဲ့သားနဲ့ကျွန်တော်တို့ဘာကြောင့်မချမ်းသာသေးတာလဲ…။

ဒီစာအုပ်လေးကို ခေါင်းစဉ် ရှစ်ခုနဲ့ရေးသားထားပြီး ခေါင်းစဉ်တစ်ခုစီတိုင်းမှာ မတူညီတဲ့ခံယူချက်တွေ မတူညီတဲ့ဇာတ်လမ်းတွေ မတူညီတဲ့ရှင်သန်မူတွေ မတူညီတဲ့ကြိုစားအားထုတ်ပုံတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

▸ တကယ်တော့ လူတိုင်းဟာဘယ်ဒေသ ဘယ်နေရာမှာမွေးဖွားလာပါစေ ချမ်းသာဖို့အခွင့်အရေးရှိပါတယ် ချမ်းသာအောင်ကြိုးစားလို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ဘယ်လောက်ပဲချမ်းသာတဲ့အခွင့်အရေးရှိပါစေ ဘယ်လောက်ပဲ ချမ်းသာအောင် ကြိုးစားလို့ရနေပါစေ ကျွန်တော်တို့ရင်ထဲမှာချမ်းသာချင်စိတ်တွေ ပြင်းပြင်းထန်ထန်မရှိဘူးဆိုရင် ကျွန်တော်တို့ဟာ ဘယ်တော့အခါမှ ချမ်းသာမှုဆိုတဲ့ပြယုဂ်ကို ထုတ်ဖော်ပြသခွင့်ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ ချမ်းသာတဲ့လူတစ်ယောက်အဖြစ် ရှင်သန်ချင်တယ်ဆိုရင်တော့ ပြင်းထန်တဲ့ စိတ်ဆန္ဒ‌တွေနဲ့အတူ ကိုယ့်ကိုယ်ကိုယ်အရှင်သခင်တစ်ယောက်လို ခံယူရပါမယ်။ အခက်အခဲတွေ ပြသနာတွေကို ရင်ဆိုင်ရဲရပါမယ်။ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် စိတ်မပျက် စိတ်မလျော့ပဲ ထပ်ကာ ထပ်ကာ ကြိုးစားရပါမယ်။ဒါမှသာ ချမ်းသာခြင်းဟာ ကျွန်တော်တို့ကိုချစ်မြတ်နိုးပြီး ကျွန်တော်တို့အနာဂတ်အလင်းရောင်တွေဟာ ပိုမိုလှပလာမှာဖြစ်ပါတယ်။

စာမျက်နှာ

85 (WoodFree Paper)

စာအုပ်အရွယ်အစား

5.3 x 0.2 x 8.2 inches

ပုံနှိပ်မှတ်တမ်း

မိုးထက်မြင့်မိုရ်စာပေ ၊ 2025 မေလ (ပထမအကြိမ်)

6 in stock

ချမ်းသာတဲ့လူတစ်ယောက်ဖြစ်ဖို့ဆိုရင် အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. အမည်မသိ –

    ❤❤❤

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

သံစဉ်သစ် စာအုပ်များ