အက်ဆေး
15000 (ကျပ်)
တိုင်း(မ)အက်ဆေး
===
“တိုင်း(မ)မဂ္ဂဇင်း၏ အက်ဆေးရေးဟန်သည် အခြားသောရေးဟန် များနှင့် မတူ။ အဝေးရိုက် ကြေးနန်းတစ်စောင်ကို ဖတ်ရသလို တိုတိုနှင့် ကျစ်လျစ်သည်။ တစ်ခါတစ်ရံတွင် တချို့သော စကားလုံးများကို အပြည့်မသုံးတော့ဘဲ မြှပ်ထားပစ်ခဲ့သည်။ အချို့နေရာများတွင် ဝါကျကို အဆုံးမသတ်။ လက်ဝှေ့သမား၏ လက်သီးချက် တစ်ချက်လိုမိလောက်သည့်နေရာကို ရောက်မှ တစ်လုံးတည်းဖြင့် ပစ်သွင်းလိုက်သည်”
မြသန်းတင့် (သမိုင်းစကား၊ ပန်းစကားနှင့် အခြားရသစာတမ်းများ အမှာမှ
ပင်ကိုရေး အက်ဆေး
===
“သူသည် အတ္ထုပ္ပတ္တိကို ရေးနေခြင်းမဟုတ်။ သူသတိရသောအခင်း၊ သူသိသောအကွက်၊ သူမြင်တွေ့ရသော ပုံပန်းတို့ကို ဖွဲ့စည်း၍သာ ခြယ်ရေးခြင်းဖြစ်သည်။ အတိတ်ရာဇဝင်ကို သူ၏ တွေ့ကြုံရချက်များမှ ကောက်နုတ်၍ နောက်ခံကားထားသည်”
ဒဂုန်တာရာ (ရုပ်ပုံလွှာ၊ ပထမအကြိမ် ပုံနှိပ်ခြင်းမှ ကောက်နှုတ်ချက်)
စကားပြော အက်ဆေး
===
၂၀ ရာစုအဆုံးနှင့် ၂၁ရာစုအစအတွင်း နိုင်ငံအချို့၏ လူမှုစီးပွားရေး မြင်ကွင်းများကို ဖော်ပြထားသော အက်ဆေးများ ဖြစ်ပါသည်။ “စကားပြောဟန်” ဖြင့် သွက်သွက်လက်လက် ရေးထား၍ “စကားပြောအက်ဆေး’ဟူ၍ မိမိဘာသာ အမည် ပေးလိုက်ပါသည်။
ကျော်ဝင်း
===
ကျွန်တော်တို့ငယ်ငယ်က မြန်မာစာပေလောကတွင် “အက်ဆေး”ဆိုသော စာပေအရေးအသားကို မတွေ့ဖူးဘူးဟုထင်သည်။ ‘အက်ဆေး’ ဆန်ဆန်ဟု ပြောနိုင်မည်ထင်သော ‘လန်းလန်းဆန်းဆန်း’၊ ‘လတ်လတ်ဆတ်ဆတ်’ အရေးအသားတစ်ခုကိုမူ တွေ့ဖူးသည်။ ‘စာညွန့်’ ဟုခေါ်ကြပါသည်။ သို့တစေ စာညွန့်မှာ သက်တမ်းအားဖြင့် သိပ်မရှည်လှပါ။ ကျွန်တော် တက္ကသိုလ်ရောက်တော့ ပျောက်သွားသည်။
‘အက်ဆေး’ကို အုံနှင့်ကျင်းနှင့် တွေ့ရပြီး လူကြိုက်များလာသည်မှာ ဆရာနတ်နွယ်၏ ‘နွယ်နီမဂ္ဂဇင်း’ ထွက်တော့မှဖြစ်သည်။ ဆရာမြသန့်တင့်က ‘နွယ်နီ’တွင် ‘ထက်အောင်’ အမည်ဖြင့် ‘တိုင်း(မ)အက်ဆေး’ ကိုလည်းကောင်း၊ ‘အုတ်လှငယ်’ အမည်ဖြင့် ‘သမိုင်းကြေးမုံ’ ကိုလည်းကောင်း ရေးခဲ့သည်။ နှစ်ခုလုံးမှာ ကျွန်တော် ဦးစားပေးဖတ်ရသော စာစုတွေဖြစ်သည်။
အမှန်စင်စစ် ကျောင်းသားဘ၀ကပင် စာရေးသူမှာ Time မဂ္ဂဇင်းနှင့် ရင်းနှီးနေပြီဖြစ်ပါသည်။ ကျွန်တော်တို့ကျောင်းနှင့်နီးသော အမေရိကန်ကောင်စစ်ဝန်ရုံး စာကြည့်တိုက်တွင် ပုံမှန်သွားပြီး Time မဂ္ဂဇင်းကို စမ်းတဝါးဝါး ဖတ်နေချိန်ဖြစ်သည်။ ကျွန်တော် ဒုတိယအကြိမ် ထောင်မှလွတ်သော ၉၀ ပြည့်လွန်ကာလတွင်မူ တိုင်း(မ)အက်ဆေးတွေကို ဖတ်စပြုနေပြီဖြစ်သည်။ သို့သော် တစ်ကြိမ်တည်းနှင့် နားမလည်။ အကြိမ်ကြိမ်ဖတ်တော့မှ နားလည်သလိုလို ရှိလာသည်။ ဆရာမြ အက်ဆေးတွေ ထွက်တော့မှ အပြည့်အ၀ နားလည်ရသည်။
နောက်တော့ နိုင်ငံတကာအက်ဆေးတွေကို တကူးတကန့် ရှာဖတ်ဖြစ်သည်။ သူတို့မှာ တချို့က တိုတို၊ တချို့က ရှည်ရှည်။ များသောအားဖြင့် နာမည်ကြီးစာရေးဆရာတွေ အရေးများသည်။ တိုင်း(မ)အက်ဆေးနှင့်နိုင်ငံတကာအက်ဆေးတွေကို အားကျပြီး ပင်ကိုရေးအက်ဆေးတွေကို စမ်းရေးကြည့်သည်။ ‘ပင်ကိုရေး’ ဟုဆိုရသော်လည်း ကိုယ်တိုင်ရေးသက်သက်တော့မဟုတ်ပါ။ ဖတ်ရ၊ မှတ်ရသမျှထဲမှာ စွဲငြိသည်များကို ဆွဲယူရင်း ကိုယ်ပိုင်ရေးဖွဲ့ရခြင်းသာဖြစ်ပါသည်။
ယခုစာအုပ်၏ နောက်ဆုံးကဏ္ဍ တွင်ပါသော “စကားပြောအက်ဆေး” မှာ မိမိဘာသာ ပေးထားသော အမည်ဖြစ်သည်။ စျေးကွက်စီးပွားရေးသို့ကူးပြောင်းစနိုင်ငံများ၏ လူမှုစီးပွားရေးဘ၀ကို ‘စကားပြောဟန်’ဖြင့် ပေါ့်ပေါ့ပါးပါး ရေးထားသော စာတွေဖြစ်သည်။ သို့အတွက် ‘စကားပြောအက်ဆေး’ ဟု အမည်ပေးလိုက်ခြင်း ဖြစ်ပါသည်။
(စာရေးသူ အမှာစာမှ ကောက်နှုတ်ဖော်ပြချက်
| စာမျက်နှာ | 261(woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.3 x 0.4 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | တကောင်းစာပေ ၊ 2025 မတ်လ (ပထမအကြိမ်) |
5 in stock








ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ