
မှတစ်ပါး အခြားမရှိပြီ
Rated 5.00 out of 5 based on 3 customer ratings
( 3 မှတ်ချက်) 10000 (ကျပ်)
…
| စာမျက်နှာ | 204 |
|---|---|
| စာအုပ်အရွယ်အစား | 4.8 x 0.3 x 7.1 inches |
| ပုံနှိပ်မှတ်တမ်း | စာပေလောက ၊ 2021 ဇန်နဝါရီလ (တတိယကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 1.9.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ်10000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
39 in stock
မိုးမိုး(အင်းလျား) စာအုပ်များ
-
မိုးမိုး(အင်းလျား)ညီမလေးက အချစ်ကိုကိုးကွယ်သတဲ့လား
12000 (ကျပ်)Rated 4.50 out of 5 based on 6 customer ratings( 6 မှတ်ချက်) -
မိုးမိုး(အင်းလျား)ပျောက်သောလမ်းမှာ စမ်းတဝါး
12000 (ကျပ်)Rated 5.00 out of 5 based on 4 customer ratings( 4 မှတ်ချက်) -
မိုးမိုး(အင်းလျား)မှတစ်ပါး အခြားမရှိပြီ
10000 (ကျပ်)Rated 5.00 out of 5 based on 3 customer ratings( 3 မှတ်ချက်) -
မိုးမိုး(အင်းလျား)ငြိမ်းကိုရှက်ပါ
10000 (ကျပ်)Rated 4.00 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
မိုးမိုး(အင်းလျား)ကြွေရင်တူတူကြွေမယ်
6000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
မိုးမိုး(အင်းလျား)ဘယ်သူလာကူပါ့မယ်
10000 (ကျပ်)Rated 5.00 out of 5 based on 4 customer ratings( 4 မှတ်ချက်) -
မိုးမိုး(အင်းလျား)အချစ်ဆိုသောအရာ
10000 (ကျပ်)Rated 2.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
မိုးမိုး(အင်းလျား)မြူမှောင်ဝေကင်း
6000 (ကျပ်)Rated 5.00 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
မိုးမိုး(အင်းလျား)မေတ္တာကမ်းနားအချစ်သစ်ပင်
10000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မိုးမိုး(အင်းလျား)ပန်းရိုင်းတစ်ရာ
6000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မိုးမိုး(အင်းလျား)မသုဓမ္မစာရီ
10000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မိုးမိုး(အင်းလျား)သုံးလွန်းတင်မှကြိုး
10000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မိုးမိုး(အင်းလျား)သဗ္ဗေသတ္တာ အဝေရာဟောန္တု
10000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မိုးမိုး(အင်းလျား)မီးရောင်အောက်ကိုဝင်လျှင်
10000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
မိုးမိုး(အင်းလျား)ရွက်လှပန်း
10000 (ကျပ်)Rated 5.00 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
မိုးမိုး(အင်းလျား)ပွင့်တစ်ချို့ကြွေတစ်ချို့
9000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
မိုးမိုး(အင်းလျား)ခံတက်နုလေးတွေ ညှိုးချိန်တန်တော့
8000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မိုးမိုး(အင်းလျား)မှ တစ်ဆင့်
7000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မိုးမိုး(အင်းလျား)သမုဒ္ဒရာခုနှစ်စင်း မြစ်မင်းတစ်ဆယ့်သုံးသွယ်
10000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
မိုးမိုး(အင်းလျား)ဂျိုး
12000 (ကျပ်)Rated 4.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
မိုးမိုး(အင်းလျား)ကြွေမလိုနဲ့ဝေ ဝေမလိုနဲ့ကြွေ
10000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မိုးမိုး(အင်းလျား)ငပလီဇာတ်လမ်း
7000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
မိုးမိုး(အင်းလျား)မိုးမိုး(အင်းလျား)၏ မဂ္ဂဇင်းဝတ္ထုရှည်များ
35000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်)





မအိမ့်အိမ့်ထူးအောင် –
`မှတစ်ပါး အခြားမရှိပြီ´
-မိုးမိုး(အင်းလျား)
မျိုးထွန်း၊ အောင်စိုး၊ ခင်ကြိုင်၊ အောင်တိုး၊ မိသက် စတဲ့ သားသမီးငါးယောက်ရဲ့ မိခင် မမြအေးဟာ သူမရဲ့ ခင်ပွန်း ကိုထွန်း သေဆုံးသွားပြီးနောက်မှာ မုဆိုးမဆိုတဲ့ ဘွဲ့တစ်ခုနဲ့ သားသမီးတွေကို
လူ့ဘောင်အလယ်မှာ လူတန်းစေ့နေနိုင်အောင် အစွမ်းကုန်ရုန်းကန်လှုပ်ရှားပြီး ပြုစုပျိုးထောင်ပေးပုံအကြောင်းလေး သဘာဝကျကျ ရေးသားထားတဲ့ ဝတ္ထုလေးပါ၊
စာရေးသူက ဆရာမ မိုးမိုး(အင်းလျား)ဆိုတည်းက သံဝေဂရစရာလေးတွေ၊ ရင်နင့်ဖွယ်ရာလေးတွေဖြစ်မယ်လို့ ကြိုမျှော်လင့်ထားခဲ့သလိုပဲ `အမေ´တစ်ယောက်ရဲ့ အနှိုင်းမဲ့ မေတ္တာတရားတွေကို ရင်နာနာနဲ့ ခံစားနားလည်လိုက်ရပါတယ်၊
ပိုပြီး ထူးထူးခြားခြားခံစားမိတာလေးတစ်ခုက မောင်နှမသံယောဇဉ်တွေ ၊ သားသမီးအကြီးတွေရဲ့ အနစ်နာခံတတ်ပုံလေးတွေ ၊ အငယ်ဆုံးသားသမီးတွေ ဘယ်လိုကျေးဇူးတုံ့ပြန်တတ်ရမယ် ဆိုတာလေးတွေပါ ပိုပိုသာသာလေး ခံစားလိုက်ရတယ်၊
ပညာကိုဆက်သင်ခွင့်ရတာ အိမ်ရောင်းလို့ရတဲ့ပိုက်ဆံနဲ့ အမေဈေးရောင်းလို့ ရတဲ့ပိုက်ဆံနဲ့ သင်ရတာ ဆိုတဲ့ အယူမှားနဲ့ မျိုးထွန်း
နဲ့ အောင်စိုးဆိုတဲ့ ပညာမတတ် လူကြမ်းလူမွဲ အစ်ကိုနှစ်ယောက်ကို အထင်မကြီး ၊ မလေးစား ၊ ကျေးဇူးတင်ရကောင်းမှန်းမသိဘဲ
မင်္ဂလာဆောင်တာကို ဖိတ်ဖို့ပင်ဝေးစွ၊ အသိပင်မပေးသော
ပညာမာန်တက် မောင်နှမအလတ်နှစ်ယောက်အကြောင်းကို
ဖော်ပြထားတာ ကိုယ်တွေလို အငယ်ဆုံးတွေ အတုယူမမှားဖို့နဲ့ အစ်ကိုအစ်မတွေကို စာနာနားလည်ကျေးဇူးတင်တတ်ဖို့ သင်ခန်းစာတွေ အများကြီးရစေတယ်၊
အငယ်ဆုံးသမီးလေး မိသက်လို အမေနဲ့အစ်ကိုကြီး နှစ်ယောက်ရဲ့ စေတနာမေတ္တာတွေကို သိတတ်နားလည်တတ်ပုံလေးက အတုယူစရာလေးတွေ ရစေပြီး ကြည်နူးမှုလေး ခံစားရစေတယ်၊
#ဆိုးတဲ့သားကို မိခင်များက ပိုချစ်ကြတယ်လို့ ဆိုစမှတ်ပြုကြပေ
မယ့် သားသမီးအားလုံးကို လူတော်လူကောင်းတွေချည်း ဖြစ်စေချင်သည့်ဆန္ဒသာ ရှိသော အမေ….။
#ငွေတို့၊ ပစ္စည်းတို့ဆိုတာ အမြဲထာဝရ တည်နေတာတွေမဟုတ်လို့ အသက်ရှင်နေထိုင်စားသောက်ဖို့အတွက်ဆို အလုပ်လုပ်နေ
ွှမှ ရမယ်၊ အလုပ်ကို သက်သက်သာသာနဲ့ အဆင့်အတန်းမြင့်မြင့် လုပ်နိုင်ဖို့ ပညာတွေသင်ပေးနေတာ ၊ ကိုယ်ရတဲ့အခွင့်အရေးကို
ကိုယ်နားလည်…..စတဲ့ စကားလုံးတွေနဲ့ ဆိုဆုံးမတတ်သော ကိုယ်တိုင်က ပညာကောင်းစွာ မသင်ကြားခဲ့ရလို့ သားသမီးအားလုံးကို ပညာတွေတတ်စေချင်လွန်း၍ ဆင်းရဲသည့်ကြားမှ မဖြစ်ဖြစ်
အောင် ကျောင်းထားပေးခဲ့လေသော အမေ…..။
#သားသမီးတစ်ယောက်ကို အခြားသားသမီးတစ်ယောက်နှင့် အနေအထိုင် ၊ အဆင့်အတန်းချင်း သိပ်ကွာခြားသွားမှာ အရမ်းစိုးရိမ်၍
သားသမီးတွေကို မောင်နှမအချင်းချင်း သံယောဇဉ်မဝေးအောင်
`ညီအစ်ကို မောင်နှမတွေထဲမှာ ပညာတတ်တဲ့လူချင်းကိုပဲ ပိုမခင်တွယ်မိစေနဲ့´ဆိုပြီး တဖွဖွဆုံးမတတ်တဲ့ အမေ…..။
#သားတွေထက် ပိုထိန်းရခက်တဲ့ သမီးတစ်ယောက် မွေးထားမိလို့
အရွယ်မရောက်ခင် အညွန့်တလူလူတက်ဆဲမှာ ဦးကျိုးသွားမယ့်အရေးကို စိုးထိတ်လွန်း၍ ဈေးပင်ကောင်းကောင်း မရောင်းနိုင်ရှာသော အမေ …..။ [မိမိတို့တုန်းကလို ပညာကောင်းစွာ သင်ခွင့်မကြုံခဲ့ရလို့ လင်ယောက်ျားကိုပြုစုခြင်း နှင့် သားသမီးမွေးမြူ ခြင်းကို ရေးကြီးခွင်ကျယ် ပြုလုပ်ရမည့်အဖြစ်မျိုးနှင့် နှစ်ပါးသွားနေရမည်ကို
မလိုလားလွန်း၍ ရတက်မအေးနိုင်ရှာသော အမေ….။]
#သားသမီးလုပ်စာကို မမျှော်ကိုးတတ်ရုံသာမက သားသမီးကပို့တဲ့ ငွေလေးရလာရင်တောင် အဲ့သည်ငွေကို ပို့တဲ့သားသမီးအတွက် တမင်သက်သက် ဖယ်ပြီး စုဆောင်းပေးထားတတ်ရှာသော
အမေ……။
#သားသမီးတွေ ဘယ်အရွယ်ထိပဲ ရောက်နေနေ သားသမီးလုပ်စာမစားရမယ့်အဖြစ်မျိုးဆိုရင်တောင် ကိုယ်တိုင်ရှာကျွေးချင် ကျွေးရသေးပါစေ မျက်စိအောက်ကပင် အပျောက်မခံနိုင်ဘဲ သားသမီးများနှင့်သာ သိုက်သိုက်ဝန်းဝန်း နေချင်ရှာသော အမေ…..။
#မိမိကို အလာမခံဘဲနှင့်တောင် လက်ထပ်ပြီးမှ လှမ်းအကြောင်းကြားကာ လစဉ်ငွေမှန်မှန်ပို့ပေးရုံနှင့် တာဝန်ကျေပြီဟု မှတ်ယူနေသော သားကို `သူကတော့ ပူစရာမလိုတော့ဘူး ၊ ရတက်အေးသွားရရှာပြီ ၊ သူအတောင်အလက်စုံနေလို့ အမေ့ရင်ခွင်ကို ပြန်မလာတာပဲလေ´ဆိုတဲ့ ကျေနပ်စိတ်လေးနဲ့ သားနဲ့ချွေးမသတင်းကို အဝေးက ကြားရရုံ ၊ လူကြုံကောင်းလို့ မုန့်တစ်ထုပ်၊ ပိတ်တစ်ဝက်စာ
ပေးရုံမျှနဲ့ ပီတိဖြစ်နေရရှာသော အမေ…….။
#ဆင်းရဲနုံချာလှသော အချိန်များတုန်းကတော့ သားသမီးများ ကျောင်းတက်နိုင်ဖို့အရေးဆိုတဲ့ မျှော်လင့်ချက်အားမာန်တွေနဲ့ ဘယ်လောက်ပင်ပန်းပင်ပန်း မမောနိုင်မပန်းနိုင် ရှေ့ဆက်တက်နိုင်ဖို့ကြိုးစားခဲ့သလောက် သားသမီးတွေအားလုံး ပညာတတ်တွေဖြစ် ၊ အလုပ်တွေကိုယ်စီနဲ့ အဆင်ပြေသွားချိန် အိမ်အိုလေးထဲ အမေတစ်ယောက်သာ ကျန်ရစ်ခဲ့ချိန်မှာတော့ အမေ့ရဲ့ နေ့စဉ်လှုပ်ရှားရုန်းကန်ရချိန်တွေဟာ အရင်လိုအားကြိုးမာန်တက် စိုစိုပြေပြေမဟုတ်ခဲ့…..၊
ဘယ်နေရာကြည့်ကြည့် သားသမီးတွေမျက်နှာကိုမြင်ယောင်ရင်း
တစ်နေကုန် တစ်ယောက်တည်း ဈေးဆိုင်မှာ ငူငူကြီးထိုင်ပြီး အချိန်တန်အိမ်ပြန်ရောက်လာရင်လည်း မနက်တည်းက နှစ်နပ်စာချက်ထားခဲ့တဲ့ထမင်းကို ပြန်မနွှေးဘဲ အေးစက်စက်ပင် စားလိုက်ရသော အမေ……။ [သားသမီးတွေနဲ့ဝေးနေရချိန်မှာ စားသမျှအရသာမရှိဘဲ ရင်ပြည့်ခံနေတတ်တာ အမေတိုင်းပါပဲလေ….။]
#တစ်ယောက်တည်းနေရတဲ့ဘဝက အေးဆေးသည်မှန်သော်လည်း အသိုက်အဝန်းနှင့် ဆူဆူပူပူနေရသည်လောက် အဓိပ္ပါယ်မရှိဟု ထင်မိလေသော အမေ…..။
#သားသမီးများအပေါ် ချစ်ရခြင်း ၊ စိုးရိမ်ပူပန်ရခြင်း ၊ မျှော်လင့်ချက်ထားရခြင်းတို့သည် မိခင်တစ်ယောက်အတွက် အသက်ရှည်ဆေး
ပင် ဖြစ်လေသည်ဟု တွေးမိလေသော အမေ…..။
#ချွေးမတွေနဲ့ ပါတ်သတ်လာလျှင်လည်း သားလုပ်စာ အမေနဲ့ပဲ ဆိုင်တယ်ဆိုပြီး ရတတ်သမျှ လက်ဖြန့်ယူတတ်တဲ့ ယောက္ခမမျိုးမဖြစ်ခဲ့ ၊ သူ့ဘက်ကိုယ့်ဘက် စာနာတတ်သော အမေ….၊။
ဘာအကြောင်းကြောင့်ပဲဖြစ်ပါစေ အမြဲအနစ်နာခံခွင့်လွှတ်ပေးခဲ့တဲ့ အမေက နောက်ဆုံးလူ့ဘဝနေဝင်ချိန်လေးရောက်လို့ သားသမီးတွေအားလုံး နောင်တတရားနဲ့ ပြန်လည်ပြုစုစောင့်ရှောက်ပေးကြမယ်ဆိုကာမှ အမှားတွေအများကြီးနဲ့ တစ်သက်လုံးစိုးရိမ်သောကတွေပေးခဲ့တဲ့ သားဆိုးလေးကို တွေ့ဖို့ ဇာတိရပ်ရွာလေးကို ပြန်ခဲ့လေတယ်၊ ပျော်ရွှင်ကြည်နူးဖွယ်အချိန်လေးတွေကို ပိုင်ဆိုင်ရတော့မယ်ဆိုကာမှ၊ အမေဟာ မိမိကို ဘယ်လိုပဲ စိတ်ဆင်းရဲအောင်လုပ်ထားတဲ့ သားသမီးဖြစ်ပါစေ ၊ ထိုသားသမီး မျှော်လင့်နေမလားဆိုတဲ့အတွေးနဲ့ အားတင်းနှုတ်ဆက်ပြီးကာမှ ဒုက္ခ သုက္ခအပေါင်းကို
တစ်ပါတည်းယူဆောင်ကာ ဘဝကုးပြောင်းသွားလေတယ်၊
အမေဟာ နောက်ဆုံးအချိန်ထိ သူကိုယ်တိုင် သတ်မှတ်ပြီးသားဖြစ်တဲ့ တာဝန်တွေကို တစ်ခုမှမလစ်ဟင်းစေရအောင်လို့ တမင်တကာများ သားဆိုးလေးဆီ ပြန်လာပြီးမှ စိတ်ဒုန်းဒုန်းချပြီး လက်လျှော့လိုက်လေသလား ၊
ဘာပဲဖြစ်ဖြစ် အမေကတော့ အမေတစ်ယောက်တာဝန်ကို ကျေပွန်တာထက် ပိုခဲ့ပါတယ် ၊
#ဘုရားသခင်သည် ခွင့်လွှတ်တတ်ခြင်းကို မိခင်တိုင်း၏ရင်ခွင်တွင် ထည့်သွင်းခဲ့လေသည်တကား……။
#အိမ့်
Wed, Jun 12
Aeri Myat –
မိခင်တစ်ယောက်ရဲ့မေတ္တာကို
ရင်ထဲနှလုံးသားထဲမှာ ခံစားမိတဲ့အထိ
နင့်နင့်သည်းသည်း ဖတ်ခဲ့ရတဲ့စာအုပ်လေး။
ပညာတတ်ခြင်း၊မတတ်ခြင်းထက် မိဘကိုကျွေးမွေးချင်တဲ့၊သိတတ်လွန်းတဲ့ သားကြီး ကိုမျိုးထွန်း၊ ကံအကောင်းအကြောင်းမလှလို့ စီးပွားမဖြစ်ထွန်းပေမယ့်
မိဘကို ပေးချင်ကမ်းချင်စိတ်နဲ့ အမြဲမပြတ် ကြိုးစားတတ်တဲ့ သားလတ်အောင်စိုး၊ ပညာတတ်မှ လူရာဝင်မယ်လို့ တွေးပြီး ငယ်စဥ်ကတည်းက စာကိုအပတ်တကုတ်ကြိုးစားတဲ့ သားငယ် အောင်တိုး။ပညာလေးလည်း အသင့်အတင့်ရလာပြန်တော့ ရာထူး၊ဂုဏ်ရှိန်တွေကို မက်မောပြီး ကိုယ့်ကိုကျောင်းစားရိတ်ထောက်ပေးတဲ့ ပညာမတတ်တဲ့ အစ်ကိုတွေကို အထင်မကြီးတတ်တဲ့ အောင်တိုး။ အလှအပကို ပညာထက် မက်မောတတ်တဲ့ သမီး ခင်ကြိုင်။သူ့စိတ်ကြိုက် ပိုက်ဆံချမ်းသာတဲ့သူတွေ့တော့ အိမ်ထောင်ပြု။ သားသမီးရလာမှ အမေ့မေတ္တာတွေကို တစိတ်တပိုင်းလောက်နားလည်လာခဲ့တဲ့သူ။ မောင်နှမတွေအားလုံးထဲမှာတော့ သမီးထွေး မိသက်တစ်ယောက်အတွက်တော့ အပူပန်ရအနည်းဆုံးလို့ပဲ ဆိုရမယ်ထင်ပါတယ်။
ဒီသားသမီးတွေအတွက် မုဆိုးမဘဝနဲ့
စျေးရောင်း၊စျေးထွက်၊ချက်ပြုတ်ကျွေးမွေးရလည်း အမေ့မှာ မေတ္တာမပျက်၊
သားလတ်အောင်စိုး လုပ်ငန်းမအောင်မြင်လည်း အရင်းအနှီးထုတ်ပေးမပျက်၊ သားကြီး ကိုမျိုးထွန်း ခြေထောက်ဒဏ်ရာဖြစ်လို့ နားရပြန်တော့လည်း ထမင်းခူးကျွေးမပျက်တဲ့ အမေရယ်ပါ။မိခင်မေတ္တာ ကြီးမားပုံနဲ့ လှပလိုက်ပုံများလေ ဖတ်ရင်း တစိမ့်စိမ့် ခံစားရတာပါပဲ။
အားလုံးထဲမှာ သားကြီး ကိုမျိုးထွန်းကတော့ဖြင့် ကျွန်မ အလေးစားဆုံးသူပါပဲ။ အငယ်တွေအတွက် အနစ်နာခံပြီး ပိုက်ဆံရှာ အိမ်စားရိတ်၊ကျောင်းစားရိတ်ထောက်ပံ့၊ သဘောကျတဲ့ မိန်းကလေးတွေ့တာတောင် သူ့မှာ မိသားစုကို
ငဲ့တဲ့စိတ်ကလေးနဲ့ သူ့ဆန္ဒတွေ နောက်ပို့ထားတဲ့သူမျိုးမို့ သားအကြီးတစ်ယောက်ရဲ့ ခံစားချက်ကို ကရုဏာသက်မိ၊ခံစားမိရပါတယ်။
သားသမီးတွေ နေရာတကျဖြစ်သွားလို့ စည်းစည်းလုံးလုံးနေချင်တဲ့ အမေ့ဆန္ဒလေး ပြည့်သွားလို့ ပျော်ရတယ်။ကြည်နူးမျက်ရည်လည်း ကျမိရတယ်။မိခင်မေတ္တာကို နားလည်စပြုလာတဲ့ သားသမီးတွေအတွက်လည်း ဝမ်းသာရပါတယ်။
လူ့ဘဝမှာ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုက ဒွန်တွဲနေတယ်ဆိုသလိုပဲ….တွေ့ဆုံကြုံကွဲ ဖြစ်မြဲ ဓမ္မတာများလိုပေါ့လေ။
နောက်ဆုံးမှာ အမေဟာ သူ့ဘဝမှာ သူ့တာဝန်တွေ ပြီးဆုံးသွားပြီဆိုပြီး စိတ်လျှော့လိုက်တာလို့ သားအကြီး ကိုမျိုးထွန်းက ပြောလေရဲ့…။
ကျွန်မအတွေးကတော့ သား၊သမီးတွေကိုအမေ အလုံးစုံ စိတ်ချသွားတယ်လို့ တထစ်ချ မယူဆရဲပါဘူး။မိဘမေတ္တာဆိုတာ အတိုင်းအဆမဲ့ ကြီးမားကျယ်ပြန့်တယ်မို့လားနော်။ဒီစာအုပ်လေးဖတ်ပြီး အမေ့မေတ္တာ၊အမေ့စိတ်ခံစားချက်၊စိတ်စေတနာတွေကို ပိုပြီး ခံစားမိကြမယ်လို့
လည်း မျှော်လင့်မိပါတယ်။
ဆရာမရဲ့စာအုပ်တွေထဲ နောက်ထပ်
သဘောကျမိတဲ့တစ်အုပ်ပါ💗
Nora –
ဒီစာအုပ်ဟာ မိခင်နေရာကနေ ဝင်ရေးထားတဲ့စာအုပ်မျိုးပါ..မိခင် ကိုယ့်သားသမီးအပေါ် ဘယ်လိုအနစ်အနာခံလဲ..ဘယ်လောက်ပဲ ဆိုးတေနေပါစေ အမေဟာ အမြဲတမ်းသားသမီးကို ချစ်နေဆဲပါ..မိခင်နဲ့သားသမီး ၅ယောက်ရဲ့အကြောင်းကို ရေးထားတဲ့စာအုပ်လေးဖြစ်လို့ အရမ်းဖတ်လို့ကောင်းပါတယ်