ကာရာမာဇော့ ညီအစ်ကိုများ
40000 (ကျပ်)
မူရင်းစာရေးသူ ရုရှားစာရေးဆရာကြီး ဒေါ့စတာယက်စကီကို ၁၈၂၁ ခုနှစ်တွင် မော်စကိုမြို့၌ မွေးဖွားခဲ့သည်။ ၁၈၄၉ခုနှစ်တွင် ပီထရာရှက်စကီ အုပ်စုဝင်တစ်ဦးအဖြစ် အဖမ်းခံရပြီး အဓိက တရားခံများဖြစ်၍ သေဒဏ်ပေးခံရသည်။ ဆီမျိုနော့စကီရင်ပြင်တွင် သေဒဏ်အမိန့်ဖတ်ပြကာ ကွပ်မျက်တော့မည့်ဆဲဆဲ နောက်ဆုံး “ပစ်” ဟူသော အမိန့်ပေးခါနီးတွင်မှ လွတ်ငြိမ်းခွင့်အမိန့်ရောက်ရှိလာကာ ပြန်လည် ရှင်သန် ခဲ့ရသူဖြစ်သည်။ နှစ်ပေါင်း ၃၀ နီးပါးကြာပြီးမှ “ကာရာမာဇော့ ညီအစ်ကိုများ” ကိုစတင်ရေးသားခဲ့ပြီး ၁၈၈၀ ပြည့်နှစ်တွင် စာအုပ်အဖြစ်ထုတ်ဝေနိုင်ခဲ့သည်။ သူ၏ နောက်ဆုံးစာအုပ်နှင့် အထင်ရှားဆုံးအောင်မြင်ဆုံး စာအုပ်တစ်အုပ်ဖြစ်ခဲ့သည်။ အခြားထင်ရှားသည့် သူ့စာအုပ်တစ်အုပ်မှာ “ပြစ်မှု နှင့် ပြစ်ဒဏ်” ဖြစ်သည်။
| စာမျက်နှာ | 1137 (Burma Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.8 x 1.5 x 9.5 inches |
| ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ ၊ 2026 နိုဝင်ဘာလ၊ (စတုတ္ထ – ကြိမ်) |
| စျေးနှုန်းအပြောင်းလဲ | 16.11.2026 စတင်၍ ပင်ရင်းထုတ်ဝေတိုက်မှ စာအုပ်စျေး (40000) ကျပ် ပြောင်းလဲ သတ်မှတ်ထားပါသည်။ |
5 in stock








Oakkar –
သိပ်ကို လေးနက်နက်နဲတဲ့ အယူအဆပေါင်းများစွာပါဝင်ပါတယ်(philosophy &psychology)အရ Dostoevsky ရဲ့အမြင်တွေ၊သတိပေးမှု တွေက ယခုခေတ်ထိတိုင်အောင် သိပ်ကိုမှန်ကန်တိကျတဲ့ အယူအဆတွေဖြစ်ပီး သူ၏ နောက်ဆုံးစာအုပ်ဖြစ်သည့် အလျောက် သိပ်ကိုပြည့်ဝတဲ့ လက်ရာတစ်ခုလို့ဝေဖန်ပါမည်။
တေဇ –
အရမ်းလေးနက်ပြီး အစဉ်အမြဲစွဲကျန်နေမည့် စာအုပ်။ တစ်အုပ်ထဲမှာကိုပဲ အချစ်၊ အမုန်း၊ မိသားစုပြဿနာ၊ ဒဿန၊ စိတ္တ၊ မှုခင်း၊ ဘာသာရေး၊ ဝေဖန်ရေး၊ ကိုယ်ကျင့်တရားဆိုင်ရာတွေ၊ လူမှုရေး၊ လူ့သဘော လူ့မနော… စသည်..စသည်။ နိုင်ငံတကာမှာလည်း အရမ်းထင်ရှားတဲ့စာအုပ်ကြီးတစ်အုပ်။ စာအုပ်ဆိုသည်ထက်ပိုသည်။ ဆရာနတ်နွယ် ဘာသာပြန်ဆိုထားသောကြောင့် အရေးအသားများမှာ ရုရှားမူမပျက်။ ဆရာကြီးက စေတနာပါသည်။ Dostoyevsky တစ်ယောက် ဝတ္ထု ရေးခဲ့သည်ရော ဟုတ်ရဲ့လားဟုပင် တွေးမိသည်။ သည်စာအုပ်ကို စမဖတ်ခင် White Nights, The Dream of A Ridiculous Man, The Double တို့အရင်ဖတ်စေချင်ပါသည်။ ထိုစာအုပ်များပြီးမှ Crime And Punishment , The Idiot, The Devils တို့ ဖတ်ပါ။ ထိုမှတစ်ဆင့် ယခုစာအုပ်။ ဖတ်၍အရမ်းကောင်းပါသောကြောင့် ဖတ်ရသည်နှင့် ပေးရသည့်အချိန်မှာ တန်ကြောင်း အသေအချာပင် အာမခံပါသည်။