#သင့်နှလုံးသားကတေးပြန်သီပါလိမ့်မည်

ခွဲခွာရခြင်းဆိုတာ ကျွန်မတို့ တစ်နေ့မဟုတ် တစ်နေ့တွေ့ကြုံရမယ့် လောက အမှန်တရားပါ.......ကျွန်မတို့ လက်ခံချင်သည်ဖြစ်စေ လက်မခံချင်သည်ဖြစ်စေ ခွဲခွာခြင်းကတော့ရောက်လာမှာပါပဲ...... သေခြင်းတရားကြောင့် ခွဲခွာကြရတဲ့အခါလည်း ကျန်ရစ်သူက ပိုပြီးနာကျင်ရစမြဲပါ...... သင့်ရဲ့ ဝမ်းနည်းပူဆွေးမှုတွေကို ဒီစာအုပ်လေးက အတော်လေး သက်သာစေမှာပါ.... ဖြေသိမ့်စရာလေးဖြစ်မှာပါ......

ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာမကြီး ခင်စောတင့်ရဲ့ နောက်ဆုံးစာအုပ်လေးဖြစ်ပါတယ်......ဆရာမရဲ့ စာဖတ်ပရိသတ်တစ်ယောက်အနေနဲ့တော့ ဆရာမကို နှမြော လွမ်းဆွတ်မိပေမယ့် ဒီစာအုပ်လေးဖတ်ပြီးတော့လည်းဖြေသိမ့်စရာလေးရခဲ့ပါတယ်......

မိသားစုကို လောလောလတ်လတ် ဆုံရှုံးရသူတွေအတွက်လည်း ဒီစာအုပ်လေးကိုဖတ်ကြည့်စေချင်ပါတယ်.....စာစုလေးတွေက တိုတိုလေးတွေဆိုပေမယ့် သင့်ကို တွေးစရာ နှစ်သိမ့်ပေးစရာ ဖြေသိမ့်ပေးစရာ လေးတွေပေးနိုင်မှာအမှန်ပါပဲ....... စိတ်အေးချမ်းစေမယ့် သရုပ်ဖော်ပုံလေးတွေကလည်း သင့်ရဲ့ပူဆွေးမှုကိုလျော့ကျစေပါလိမ့်မယ်......

ဖတ်လိုက်ပါ.....သင်ငိုကြွေးချင်သလောက်ငိုကြွေးလိုက်ပါ.....သင့်ရဲ့ ပူဆွေးသောကတွေအတွက် နှစ်သိမ့်ပေးနိုင်တဲ့စာစုလေးတွေကြောင့် သင်နှလုံးသားလည်း တစ်ဖန်တေးပြန်သီလာနိုင်ပါလိမ့်မယ်.....

"သေခြင်းကြောင့် ထိခိုက်ခံစားရသည်။

တစ်စုံတစ်ယောက်ကို ချစ်ခြင်းသည် ရှင်သန်လိုခြင်းပင်ဖြစ်သည်။ "

Thae JM