ကြာပန်းလေးလို နေပါ
အရှင်ဉာဏဝရ(ပါရမီ)

ဒီစာအုပ်လေးကို နိုင်ငံတကာမှာ အုပ်ရေ သုံးသန်းကျော် ရောင်းချခဲ့တာဖြစ်ပြီး ဘာသာစကားပေါင်း ၃၀ကျော်နဲ့ ပြန်ဆိုထားခဲ့တာပါ။
မူရင်း စာရေးသူဟာ ဇင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး Haemin Sunim ရဲ့"The things you can see only when you slow down" ဖြစ်ပါတယ်။
ပန်းဆက်လမ်း စာပေက နေ ဘာသာပြန်
ထုတ်ဝေထားတာ ဖြစ်ပြီး တန်ဖိုးငွေ
(၃၅၀၀) ကျပ် နဲ့ အဆမတန် သာလွန်တဲ့
အရေးအသားကို ဖတ်နိုင်ပါတယ်ရှင်။
ဒီစာအုပ်ထဲမှာ ခေါင်းစဉ် ခွဲ ရှစ်ခု
ပါဝင်ပြီး ကျွန်မအနေနဲ့ အချိန် နှစ်ပတ်ယူပြီး ဖတ်ခဲ့ရပါတယ်။ တစ်အုပ်လုံးမှာ
"ဆက်ဆံရေး" နဲ့ "ချစ်ခြင်းမေတ္တာ" ဆိုတဲ့
ခေါင်းစဉ် နှစ်ခုကတော့ ကျွန်မ သဘောအကျဆုံး အပိုင်းတွေ ပဲ ဖြစ်ပါတယ်။
ဒီနေရာမှာစာအုပ် Review ဆိုတာထက်
စာအုပ်ထဲ က နေ စိတ်ထဲ ရောက်အောင်
စွဲမြဲနေတဲ့ အကြောင်းအရာတစ်ချို့ကို။ထုတ်နှုတ် ပြောပြပါရစေရှင်။
_ လူတွေဟာ တစ်ပါးသူကို ထိခိုက်နာကျင်စေမယ့် အကြောင်းတွေ ပြောနေရခြင်းဟာ
သူကိုယ်တိုင် ထိခိုက် နာကျင်နေရလို့ပါ။
ဒါကြောင့် ကိုယ့်ကို မနာလိုဝန်တိုပြီး
ထိခိုက်အောင် ပြောနေတဲ့ သူကို တွေ့တဲ့ အခါ " ဪသူကိုယ်တိုင် ဘယ်လိုဆိုးဝါးစွာ တွေ့ကြုံရင်ဆိုင်နေရသလဲ" လို့ တွေးပြီး
သနားလိုက်ပါ ။ သူ့ကို အချေအတင် ပြန်ပြောနေဖိူ့ အချိန် မရှိဘဲ " မင်း ကံကောင်းပါစေ " လို့ တိုးတိုးလေးပြောပြီး
လုပ်စရာရှိတာကို ရှေ့ဆက်လုပ်ပါ။
_လူတစ်ချို့မှာ အပေါင်းအသင်းများတာ အကြောင်းမဲ့ သက်သက် မဟုတ်ပါဘူး။
သူတို့ရဲ့ဖော်ရွေ ပျုငှာမှုနဲ့ အလိုက်တသိ ပြောဆို တတ်တဲ့ အပြုအမူကြောင့်ပါ။
_တစ်စုံတစ်ယောက်ကို ပြန်လည် ရယူလိုမှုနဲ့ ကူညီတာကို ကူညီတယ်လို့ ပြောလို့မရဘူး။ အဲ့ဒါကို ချေးတာလို့ပဲခေါ်ပါတယ်။စစ်မှန်တဲ့ ပေးဆပ်ခြင်းဟာ တစ်ပါးသူဆီက
ပြန်လည် မမျှော်လင့်တဲ့ ဖြည့်ဆည်းခြင်းမျိုးပါပဲ။
_တစ်စုံတစ်ယောက်ကို မုန်းနေတဲ့ အခါ
စိတ်ထဲကနေ ခွာမရတော့ဘူး။အဲ့လူအကြောင်းပဲ စဉ်းစားနေမိတယ်။ဆိုးတာကတော့သူ့ ရဲ့ အပြောအဆို၊ အပြုအမူတွေကို စိတ်ထဲကနေ အတုခိုးပြီး သူ့ပုံစံအတိုင်းလိုက်လုပ်တတ်မိလာပါတယ်။
စဉ်းစားကြည့်စမ်းပါ သင်မုန်းတဲ့ သူတစ်ယောက်ဟာ သွားရာနေရာတိုင်း ပါပြီး သင့်စိတ်ထဲ လိုက်ပါနေရလောက်အောင် ထိုက်တန်ရဲ့လား။
သင်ချစ်တဲ့ သူတွေ အတွက်ပဲ သင့်ရင်ထဲ နှလုံးသားထဲမှာ ထားပါ။
_လူအချင်းချင်းဆက်ဆံအခါမှာ ရယူသူထက် ကိုယ့်ဘက်က ပိုပေးရတဲ့သူဖြစ်နိုင်အောင်ကြိုးစားပါ။ လူတွေဟာ ကိုယ်က သူများကို လုပ်ပေးတာကျတော့ မှတ်ထားတတ်ကြပြီး သူများက ကိုယ့်အပေါ်ကျေးဇူးရှိတာကျတော့ မေ့ထားတတ်ကြတယ်။
_အချစ်ကို သင့်လောဘအတွက်လိုက်ရှာနေရင် စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာဆိုတာတွေ့မှာမဟုတ်ဘူး။ အချစ်က အချိန်တန်လည်း ရောက်ချင်မှ ရောက်တတ်တာ။
သူရောက်ချင်တဲ့ အချိန်မှာရောက်လာတာ။
သင့်လောဘတွေကို ဖြည့်ဆည်းဖို့ တောင်းဆိုမိတဲ့ အခါ၊ပို အချစ်ခံရဖို့ ကြိုးစားမိတဲ့ အခါ သူက ထွက်သွားပါလိမ့်မယ်။
_ဒါကြောင့် အချစ်က တံခါးခေါက်လာတဲ့ အခါကိုယ့်လောဘ ဆန္ဒတွေ ကို လွှတ်ချပြီး
ရိုးရှင်းစွာ ချစ်နိုင်ဖိူ့ ကြိုးစားပါ။
_လူတစ်ယောက်ကို ကိုယ်တကယ်ချစ်တယ်ဆိုတဲ့ သက်သေ ဟာတစ်ခြားမဟုတ်ပါဘူး။ သူနဲ့ ကိုယ် ကွဲသွားတဲ့ အခါ
နောက်ကွယ် မှာ သူ့မကောင်းကြောင်းကို
မပြောမိခြင်းပဲဖြစ်ပါတယ်။
_ထူးခြားတဲ့ပေါင်းသင်း ဆက်ဆံရေးဆိုတာအစကောင်းရုံပဲ မဟုတ်ဘူး။အနှောင်းလှဖို့လည်း လိုတယ်။ ဆက်ဆံရေးတွေ အမှတ်မထင်ဘဲ စတင်လာသလို အဆုံးသတ်ကိုရောက်လာတဲ့ အခါ အဲ့ဒါဟာ ကိုယ့်ရွေးချယ်မှုဖြစ်သွားပြီ။
အဆုံးသတ်ရွေးချယ်မှုမှာ ညင်ညင်သာသာ
အမြော်အမြင်ရှိရှိ အဆုံးသတ်တတ်ပါစေ။
#မေတ္တာတရားမပါတဲ့_လူ့ဘဝဟာမျက်တောင်တစ်ခတ်မှာ_ကျွန်တော်တို့ရှေ့က_ပျောက်ကွယ်သွားလိမ့်မယ်။
#မေတ္တာတရားဟာ_လောကကြီးကိုတောင်ခဏတာရပ်ထားနိုင်စွမ်းရှိတယ်။
ဒီစာအုပ်လေးကို ဖတ်တဲ့ အခါ ခေါင်းစဉ်နဲ့ လိုက်ဖက်စွာ ငြိမ်းချမ်းမှုကို ခံစားရမှာပါ။
လူအချင်းချင်းဆက်ဆံရေးကြားက
အဖုအထစ်လေးတွေ၊အမှားလေးတွေကို
မြင်တွေ့ လာရမှာပါ။တစ်ယောက်ထဲ အထီးကျန်ရတဲ့ အခါ မျိုးမှာလည်း
ဘယ်လို ငြိမ်းချမ်းစွာနေထိုင်ရမလဲဆိုတာနားလည် သိမြင်လာမယ်လို့ ယူဆမိပါတယ်ရှင်......။

![]() | ![]() | ![]() |