ကြာပန်းလေးလို နေပါ
အရှင်ဉာဏဝရ(ပါရမီ)

" တစ် + တစ် = သုံး "
ဟင် "တစ် + တစ် = သုံး" တဲ့ ဘာလို့ သုံး လဲဆိုတဲ့မေးခွန်းတွေထုတ်ချင်နေကြပြီမလား ❓
ဟုတ်ကဲ့ ဒီစာအုပ်လေးမှာအဖြေရှာလိုက်ကြရအောင်နော် ✌
တော်တော်များများလည်းဖတ်ပြီးလောက်တဲ့စာအုပ်လေးပါ မဖတ်ရသေးတဲ့သူတွေအတွက် review လေးနည်းနည်းလောက်ရေးပေးပါမယ်ရှင့်
တစ် နဲ့ တစ် ပေါင်းရင် နှစ်ရမယ်ဆိုတာ ဟိုးအရင်ကတော့မှန်သလိုရှိပေမယ့် ခုလိုအပြိုင်အဆိုင်တိုးတက်လာတဲ့ခေတ်ကြီးထဲမှာတော့ တစ် နဲ့ တစ် ပေါင်းရင် နှစ် မရနိုင်တော့ပါဘူး ကြိုတင်တွေးတောကြံဆထားစရာတွေ အသားကုန်များလာပါပီ
ဆိုတော့...ဆက်ဖတ်ကြည့်ရအောင်
ဒီစာအုပ်လေးကို ဘယ်သူတွေဖတ်သင့်သလဲ
👉 သူမတူတဲ့ idea လေးတွေနဲ့ စီးပွားရေးလုပ်ချင်သူတွေ
👉 သမားရိုးကျအတွေးတွေပဲ တွေးခေါ်မြဲတွေးခေါ်နေဆဲသူတွေလည်း ဒီစာလုပ်လေးကိုဖတ်ကြည့်ကြပါနော်
👉 စိတ်ဓာတ်ကျပြီး ကိုယ့်ဘဝကိုယ်မကျေမနပ်ဖြစ်နေတဲ့သူတွေလည်း ဖတ်ကြည့်ပါ
👉 စိတ်ခွန်အား Motivation လိုအပ်နေသူများလည်းဖတ်စေချင်ပါတယ်
👉 လူငယ်တွေအပြင် လူကြီးတွေပါဖတ်သင့်တဲ့ စာအုပ်ကောင်းလေးတစ်အုပ် ဖြစ်ပါတယ်
စာအုပ်လေးအကြောင်းပြောပြရမယ်ဆိုရင်တော့
✔ ဒီစာအုပ်လေးက ဖြစ်ရပ်မှန် ဇာတ်လမ်းအတိုလေးတွေအကြောင်းပါ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ် ဇာတ်လမ်းလေးတွေထဲမှာ သူတို့ပြောပြထားတာလေးတွေက ကိုယ်ယူနိုင်ရင်ယူနိုင်သလောက် အရမ်းကိုတန်ဖိုးရှိတဲ့အရာတွေရနိုင်တယ်
✔ ဒီစာအုပ်လေးထဲမှာ ပါဝင်တဲ့ ဇာတ်လမ်းလေးတွေကိုဖတ်ရင်း ကိုယ့်ရဲ့ နဂိုရှိပြီးသား idea လေးတွေထက် ပိုပြီးကောင်းမွန်တဲ့ idea အသစ်လေးတွေလည်းဖန်တီးနိုင်သေးတယ်
✔ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးတွေမို့ ကိုယ့်အတွက်လည်း အားအရမ်းဖြစ်စေပါတယ် သူတို့တောင် အဆိုးထဲက အကောင်းတွေ လုပ်ပြနိုင်သေးတာ ကိုယ်လည်းမလုပ်နိုင်စရာမရှိဘူးဆိုတဲ့ motivation လည်း အပြည့်အဝကိုရရှိစေတယ်
✔ ကိုယ်ဖြေရှင်းလို့မရတဲ့ပြဿနာကို ဖြေရှင်းလို့တဲ့ ပြဿနာလေးတွေအဖြစ်ပြောင်းပြီး လူတွေကိုဘယ်လိုအကျိုးပြုစေနိုင်လဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေလည်းပြောပြထားတာမှ စိတ်ဝင်စားဖို့ကောင်းသလားမမေးနဲ့
✔ သူမတူတဲ့ idea အသစ်အဆန်းလေးတွေနဲ့ သူတို့တွေဘယ်လို millionaire တွေဖြစ်သွားလဲဆိုတဲ့ အတုယူစရာကောင်းတာလေးတွေဆိုလဲ ကိုယ့်ရဲ့ အောင်မြင်ချင်စိတ်ကို တွန်းအားတစ်ခုပေးလိုက်သလိုပဲ
✔ ပြဿနာတစ်ခုကို ရှုထောင့်အသစ်ကနေကြည့်တတ်ဖို့ ပြဿနာကိုပြောင်းပြန်လှန်ကြည့်တတ်ဖို့ စတဲ့အချက်လေးတွေပြောပြထားလို့ ခုဆို ကိုယ့်ရဲ့ပြဿနာကို ဘယ်လိုကိုင်တွယ်လို့ရသလဲဆိုတာ တော်တော်လေးသဘောပေါက်နေပီ 😄
✔ စီးပွားရေး လူမှုရေး နယ်ပယ်အမျိုးမျိုးမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဘယ်လိုအောင်မြင်ကျော်လွှားနိုင်ခဲ့ကြသလဲ ကိုယ်လည်း idea အသစ်အဆန်းလေးတွေနဲ့ ဘာလေးတွေလုပ်မယ်လို့စိတ်ကူးရင်း......
ဒီစာအုပ်လေးအပေါ် ကိုယ်တစ်ဦးတည်းတွေးတဲ့အမြင်လေးတွေရေးထားတာကြောင့် အမြင်မတူတာလေးတွေရှိရင် အမှားလေးတွေပါရင်လည်း နားလည်ပေးကြပါ 🙏
ဒီစာအုပ်လေး ဖတ်ပြီး ကိုယ့်ရဲ့အားနည်းချက်ကို အားသာချက်တစ်ခုအဖြစ်ပြောင်းလဲနိုင်ကြပါစေ 🙏
မေတ္တာဖြင့်
Thae JM

![]() | ![]() | ![]() |