ကြာပန်းလေးလို နေပါ
အရှင်ဉာဏဝရ(ပါရမီ)

#တစ်+တစ်=သုံး Review 📒📚
စာအုပ်နာမည် ဖတ်လိုက်တာနဲ့ ဘာလဲပေါ့
ငယ်ငယ်ကတည်းက သိလာတာ တစ် နဲ့ တစ် ပေါင်းချင်းကလည်း အကုန်သိပီးသား နှစ် လေ... ဒါကို ဘာလို့ အဖြေက သုံးဖြစ်ရတာလဲပေါ့.... တွေးမိလိုက်တာ သေချာပီး ဒီစာအုပ်က ပုံမှန်ဖြစ်နေတဲ့ စည်းတွေ ဘောင်တွေထဲကနေ မဟုတ်ဘဲ ကိုယ့် စိတ်ကူး အတွေးနဲ့ လွတ်လပ်ပေါ့ပါးနေရမယ်လို့ တွေးမိသွားတယ်။
#ဘယ်လိုစာအုပ်မျိုးလဲ
စာအုပ်က လူတွေရဲ့ ဇာတ်လမ်းတွေကို ဇာတ်လမ်းအတိုလေးတွေချည်း ရေးထားတဲ့စာအုပ်ပါ။ အပိုင်း(၉)ပိုင်း ပါပီး အပိုင်းတစ်ပိုင်းချင်းစီမှာ ဇာတ်လမ်းတိုလေးတွေ ရေးထားတယ်။ ဇာတ်လမ်းတွေက အဖြစ်အပျက် အမျိုးမျိုး ၊ နယ်ပယ် အမျိုးစုံက အကြောင်းတွေကို တိုတိုနဲ့ ထိထိမိမိ ရေးဖွဲ့ထားတယ်။ ပုံမှန် တွေးနေကျ လုပ်ထုံးလုပ်နည်းတိုင်း မဟုတ်ဘဲ အဖြစ်အပျက်တွေကို ကိုယ် မတွေးဘူးတဲ့ ပုံစံလေးတွေနဲ့ ရေးဖွဲ့ထားတယ်။
#၁+၁=၃ဖြစ်ရတဲ့အကြောင်းအရင်း
စနစ်ဟောင်းအရ ဆိုရင် ၁+၁=၂
စနစ်သစ်အရဆိုရင်တော့ ၁+၁=၃
ဒီစာကိုမြင်ပီးတော့ ငယ်ငယ်က သင်ခဲ့တာ မှားပီလား ပြန်ပြင်ရတော့မှာလားလို့ မတွေးပါနဲ့နော်။ စာအုပ်ရဲ့ ရည်ရွယ်ချက်လေးကို ချုံပြောရတာပါ ။ဒီစာအုပ်မှာပြောထားတဲ့ တီထွင်နိုင်မှု့ စွမ်းရည်ဆိုတာ ဆက်နွယ်မှု့အသစ်တွေ ဘယ်လောက်များများ ဖန်တီးနိုင်သလဲဆိုတဲ့ အရည်အချင်းနဲ့ တိုက်ရိုက်အချိုးကျနေတယ်။ ဒီအရည်အချင်းကို ရဖို့ဆိုတာ ကိုယ် မသိနားမလည်တဲ့ နယ်ပယ်တွေကို ဘယ်လောက်လေ့လာနိုင်သလဲ ဆိုတာနဲ့ သက်ဆိုင်တယ် ဆိုပီး ရေးပြထားတယ်။ဆိုလိုချင်တာက ကိုယ်မသိသေးတဲ့ နယ်ပယ် မျိုးစုံကို များများလေ့လာနိုင်လေ တီထွင်နိုင်စွမ်းမြင့်လာလေပါပဲ ။
အဓိကက ကျတော်တို့ ကိစ္စတစ်ခုကို ဖြေရှင်းပီဆိုရင် ပုံမှန် ကိုယ်သိတဲ့အမြင် ကိုယ်အားသာတာကိုပဲ ဇောင်းပေးပီး ဖြေရှင်းတတ်ကြပါတယ်။ ဒါကို တခြားနယ်ပယ်ကနေဆို ဘယ်လို အမြင်တွေ ရှိနိုင်တယ်ဆိုတာ အတွေးတွေ ရသွားစေပါတယ်။
စာအုပ်ထဲက ဇာတ်လမ်းတိုလေးတွေမှာ အရမ်းကြိုက်မိတာလေးတွေတချို့က
*ကိုယ်မလုပ်နိုင်ခဲ့တာတွေကို မေ့လိုက်။ ကိုယ်လုပ်ခဲ့တဲ့အရာတွေက ပိုအရေးကြီးတယ်။
လူတွေက ကိုယ် ဘယ်လောက်ပဲ ကောင်းတာကို လုပ်ခဲ့လုပ်ခဲ့ ကိုယ်မလုပ်နိုင်တဲ့ဟာ မလုပ်လိုက်ရတဲ့ ဟာတွေမှာပဲ သွားပီး focus ထားနေမိတတ်ကြတယ်။ ကိုယ်လုပ်နိုင်တာကိုတော့ ကိုယ့်ကိုယ်တောင် အသိအမှတ်မပြုမိတတ်ကြဘူး။ ဒီစာစုလေး ဖတ်လိုက်မိတော့ ကိုယ်လုပ်နိုင်တဲ့တာတွေကို celebrate လုပ်မိသွားတယ်။
*မစဥ်းစားခြင်း ဖော်မြူလာ
ဒီ ဇာတ်လမ်းတိုထဲမှာဆို လူတွေက ကိုယ်ယုံကြည်မှု့ကို မလွတ်တမ်းဆွဲကိုင်ထားကြတယ် ။ တချို့အရာတွေက ဥပဒေသတွေ ၊ ဖော်မြူလာတွေမှာ မဖြစ်နိုင်ပေမယ့် လုပ်နိုင် ၊ ဖြစ်နိုင်သွားတွေရှိတယ် ၊ ဥပဒေသတွေအရ လုပ်နိုင်ပေမယ့် ကိုယ့်ယုံကြည်တာ မလုပ်နိုင်ဘူးဆိုပီး အတွေးတွေကို မပြောင်းလဲနိုင်ကြဘူး ။ ဒါတွေကို ဇာတ်လမ်းလေးတွေနဲ့ ဖော်ပြထားတယ်။
စာအုပ်ထဲမှာဆို ဗဟုသုတ ရစရာ ၊ သမရိုးကျအဖြစ်အပျက်လေးတွေကို ရေးသားထားတယ်။ ဖတ်တဲ့အချိန် ဇာတ်လမ်းတစ်ပုဒ် ဖတ်ပီးတိုင်း သေချာလေး စဥ်းစားရင် ပိုပီး အကျိုးရှိမယ်ထင်ပါတယ်။
ဒီစာအုပ်က တစ်ခါတည်းမဟုတ်ဘဲ နောက်ထပ်နောက်ထပ်တွေ ပြန်ဖတ်သင့်တဲ့ စာအုပ်လို့ မြင်မိပါတယ်။

![]() | ![]() | ![]() |