အိကီဂိုင်......'အလုပ်လုပ်နေရတာကို ကျေနပ်ခြင်း' တဲ့......ဘယ်လိုအလုပ်မျိုးမို့လို့ ကျေနပ်နေရတာလဲ ကျွန်မချက်ချင်းကို စိတ်ဝင်စားမိသွားတယ်......ဂျပန်တို့၏သက်ရှည်ကျန်းမာနေနည်း ဆိုတဲ့အတိုင်းပဲ သူတို့ ဘာလို့ ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နေနိုင်ကြတာလဲ......ဒီစာအုပ်လေးက အဲ့ဒီမေးခွန်းရဲ့ အဖြေလို့လည်းပြောလို့ရပါတယ်......
အသက်ရှည်ရှည်မနေချင်ဘူးဆိုတာ တစ်ချို့တစ်လေပြောတာ ကြားတော့ကြားဖူးကြပါလိမ့်မယ်.....ဒါပေမယ့် သေချာလေးပြန်စဥ်းစားကြည့်ပါ.....တစ်ရက်ထက်တစ်ရက် အသက်ပိုရှည်၊ ရှင်သန်နေချင်ကြလို့ နေ့တိုင်းရုန်းကန်လှုပ်ရှား စာရေးသောက်ရေးအတွက် ရှာဖွေနေကြတာချည်းပါပဲ.....အသက်အရှည်ကြီးမနေချင်ဘူးဆိုတာ တကယ်တော့ ကိုယ့်ကိုယ့်ကိုယ် ညာနေကြတာ.....လူတိုင်းကျန်းမာချင်တယ်.....အသက်ရှည်ချင်ကြတယ်.....ကိုယ်ချစ်တဲ့ မိသားစုနဲ့ အကြာကြီးနေချင်ကြတာချည်းပဲ......
မိသားစုကိုချစ်တယ်ဆိုရင် ကိုယ့်ကိုယ်အရင်ချစ်ရပါမယ်.....ကိုယ့်ကိုယ်ဂရုစိုက်ရပါမယ်......ကိုယ်လည်းကျန်းမာနေမှ ကိုယ့်မိသားစုကိုပြန်ပြီး ဂရုစိုက်နိုင်မှာပါ......ဒါပေမယ့် ကျွန်မတို့တွေဟာ ကိုယ့်ကိုယ့်ကိုယ် ဂရုစိုက်ဖို့ မေ့နေတတ်ကြပါတယ်......သက်ရှည်ကျန်းမာအောင်ဘယ်လိုနေရမလဲဆိုတာ မလေ့လာဖြစ်နေပါဘူး.....အဲ့ဒီအစား မိမိကိုယ်တိုင်ကစပြီး ကျန်းမာအောင်နေမယ် ကျန်းမာရေးလိုက်စားလိုက်ကြရအောင်နော်.....
အိကီဂိုင်ဆိုတာဘာလဲ.....ကိုယ့်ရဲ့အိကီဂိုင်ကို ဘယ်လိုရှာကြမလဲ......ကိုယ့်ရဲ့ အိကီဂိုင်ကရောဘာဖြစ်မလဲ......
အိကီဂိုင်ဆိုတာ အပေါ်မှာပြောခဲ့သလိုပဲ 'အလုပ်လုပ်နေရတာကို ကျေနပ်ခြင်း' ဆိုတဲ့အတိုင်း ကိုယ်တကယ် လုပ်ရတဲ့အလုပ်က ကိုယ့်ကို 100% ကျေနပ်စေရဲ့လား..... ကိုယ့်စိတ်ကျေနပ်မှ ကိုယ့်ရဲ့ အိကီဂိုင်ကိုလည်း ရှာဖွေဖို့လွယ်ကူလိမ့်မယ်......အိကီဂိုင်ဆိုတာ လူတစ်ယောက် တစ်နေ့တာကို စတင်ခြင်းရဲ့ အကြောင်းအရင်းပဲတဲ့.....ကိုယ့်ရဲ့အိကီဂိုင်ကို ရှင်းရှင်းလင်းလင်း ရှိထားခြင်းအားဖြင့် ဘဝက ပျော်ရွှင်မှု၊ ကျေနပ်မှုတွေနဲ့ အဓိပ္ပါယ်ရှိစေပါတယ်တဲ့.......ကျွန်မလည်း ကျွန်မရဲ့ အိကီဂိုင်ကိုရှာဖွေနေမိတယ်.....အခုလက်ရှိမှာ ကျွန်မလုပ်နေရတာတွေကို တကယ်ရောကျေနပ်မှုရှိရဲ့လားပေါ့....... ကျွန်မရဲ့ အိကီဂိုင်ကို ရှာဖွေဖို့ ဒီစာအုပ်လေးက အကောင်းဆုံးပဲလို့ယုံကြည်ပါတယ်....
လူတော်တော်များများက ဒီအလုပ်မှာမပျော်တော့ဘူး.....အိမ်အလုပ်လုပ်ရတာ ပင်ပန်းလိုက်တာ......ကျောင်းတက်ရတာမပျော်ဘူး.....စတဲ့အရာတွေက ကိုယ့်ရဲ့ အိကီဂိုင်ကိုရှာမတွေ့သေးလို့ လို့ကျွန်မမြင်မိပါတယ်.....
အမြဲပျော်ရွှင်ကျန်းမာနေကြတဲ့သူရယ်လို့တော့မရှိပါဘူး.....ဒါပေမယ့် ပျော်ရွှင်ကျန်းမာနေကြတဲ့သူတော်တော်များများကတော့ သူတို့ရဲ့ အိကီဂိုင် ကိုရှာဖွေတွေ့ရှိထားသူလို့ မြင်မိပါတယ်..... မိသားစုနဲ့ တစ်ရက်လည်းတစ်ရက် ၊ တစ်လလည်းတစ်လ၊ တစ်နှစ်ဆိုလည်းတစ်နှစ် ပိုနေချင်ကြတဲ့သူတွေချည်းပါပဲ....ကျွန်မလည်းအပါအဝင်ပေါ့......အဲ့တော့ ဒီစာအုပ်လေးကိုဖတ်ကြည့်ကြပါ.....ဖတ်ကြည့်ပြီးရင် ဖိုးသက်ရှည် ဖွားသက်ရှည်တွေ နေထိုင်နည်းအတိုင်း နေထိုင်ကြည့်ပါ....... သက်ရှည်ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်မယ့် လျှို့ဝှက်ချက်လေးတွေကို ရှာတွေ့နိုင်မှာပါ.....
ကိုယ့်ရဲ့ အိကီဂိုင်ကို ရှာဖွေတွေ့ရှိပြီး သက်ရှည်ကျန်းမာကြပါစေ.......

Thae JM