စာအုပ်ထွက်နှေးပေမယ့် တအုပ်ဆိုတအုပ် အဖိုးတန် စာအုပ်မျိုးလေးတွေပဲ ထုတ်ဝေတဲ့သူ ၊ပေါ်ပင်မရေးဘူး ၊ ပေါ့ပျက်တာတွေ မပါဘူး

သူ့အရေးအသားအားလံုး လေးနက်တယ် ၊ တည်ငြိမ်တယ် ၊စိတ်အေးချမ်းမှုပေးတယ်

စာဖတ်သူဖြစ်တဲ့ ကိုယ့်ကိုတောင် စိတ်အေးချမ်းမှုပေးစွမ်းနိုင်တာ ၊ စာရေးသူကိုယ်တိုင်လည်း အေးချမ်းနေမှာပါပဲ...

စိတ်ရှုပ်ချိန် ၊ စိတ်ထဲ အစာမကြေဖြစ်ချိန် ၊ တခုခု နာကျင်ခ‌ံစားရချိန်တိုင်း ဒီစာအုပ်လေး ကောက်ကိုင်ဖြစ်တယ် ..?

စာအုပ်လေးထဲမှာ ပါတဲ့ပုံလေးတွေက ပန်းချီကားလေးတွေ ကြည့်နေရသလို ၊ စာ‌ေကြာင်းလေးတွေ ဖတ်လိုက် ၊ ပုံလေးတွေ ခံစားလိုက်နဲ့ ...စာအုပ်အဖုံးရော အတွင်းစာမျက်နှာလေးတွေရော အသေးစိတ် ြခယ်မှုန်းထားတဲ့ ပန်းချီကားကြီးလိုပါပဲ ?

"လောကကြီးကို ဘယ်အခ‌ျိန်မှာ နားလည်သလဲဆိုတော့ လောကကြီးဆီက ဘာမှ ပြန်မလိုချင်တော့တဲ့ အချိန်မှာ နားလည်တယ်...
ဒီလိုပါပဲ..လူကို ဘယ်အချိန်မှာ နားလည်သလဲဆိုတော့ အဲဒီလူဆီက ဘာမှရယူလိုစိတ် မရှိတော့တဲ့အခါမှ နားလည်တယ်..

ဘ၀ဆီက ကိုယ်ပြန်မျှော်လင့်တာ ဘာမှမရှိတော့တဲ့အခါကျမှ ဘ၀ကို နားလည်လာတယ် ..

ကိုယ့်မှာချို့တဲ့ တဲ့စိတ် မရှိတော့တဲ့အခါကျမှ အရာရာကို ပိုနားလည်လာတယ်..

စိတ်ကို ငြိမ်သက်အောင် မွေးြမူနိုင်တာနဲ့အမျှ ချို့တဲ့ တဲ့စိတ်တွေလည်း နည်းပါးသွားပါတယ် ..." ? (စာအုပ်ပါ စာသားအချို့)

စာသားအားလုံးနှစ်ခြိုက်နေပေမယ့် ‌ကြိုက်တဲ့စာစုလေးတခုပြန်ရေးရင်း စာအုပ်ထဲက စာမျက်န‌ှာတမျက်နှာကိုလည်း မနေနိုင်မထိုင်နိုင် ? ရိုက်လိုက်ပါသေးတယ် ... ?