စဉ်းစားတဲ့ ဦးနှောက်နဲ့ ခံစားတဲ့ဦးနှောက်အကြောင်း
တကယ်လည်း လက်တွေ့မှာ နေ့တိုင်း ဒီ ၂ ခုပဲ အမြဲထိတွေ့နေရတာ မဟုတ်လား?

စဉ်းစားလွန်းရင်လည်း အတွေးလွန်ပြီး အတွေးသမားသက်သက်နဲ့ ဘဝကို ပုံသေနည်းလို နေသွားရမှာ ပျင်းစရာကြီး..အဲ.. ခံစားချက်ချည်း ရှေ့တန်းတင်နေရင်လည်း မဖြစ်...တခုခု ဆုံးဖြတ်တဲ့အခါ ဒီ ဦးနှောက် ၂ ပိုင်းမှာ ဘယ်အပိုင်းဟာ အနိုင်ရသွားမလဲ စိတ်ဝင်စားစရာပါ... ဖတ်လို့လည်း မပြီးသေးတော့ စိတ်ဝင်စားနေဆဲပါပဲ

တခါတလေ တချို့စကားလုံးတွေက ကိုယ့်ကို မျက်နှာပြောင်တိုက်ပြီး ပြောနေသလိုပဲ.. ဘာသာပြန်တဲ့ ဆရာချမ်းမြေ့ဝင်းလည်း တော်ပါတယ်... အပြင်မှာသာ လူတွေကို အ့လို စကားလုံးတဲ့ထိုးတွေ ပြောမိရင်တော့ ရိုက်ပေါက်လေ.. ဘယ်သူမဆို စကားလုံးချိုချိုလေးပဲ ကြားချင်ကြတာ..
စာအုပ်ဖတ်ရင်း စကားလုံးတွေက တဲ့တိုးပြောသလို ခံစားရတဲ့ feeling ကလည်း အရမ်းမိုက်တယ်...

"ဂရုမစိုက်ခြင်း ရဲ့ နောက်ဆက်တွဲမို့ ရှေ့စာအုပ်ဖတ်ပြီးတဲ့သူတွေအတွက် စိမ်းမှာမဟုတ်ပါဘူး
ကိုယ်ကတော့ ဆရာချမ်းမြေ့ဝင်းရဲ့ ဘာသာပြန် စာအုပ်တွေဆို ကြိုက်ပြီးသားမို့ သူ့ဘာသာပြန်လက်ရာဆို အတော်နှစ်သက်မိပါတယ်...