ကြာပန်းလေးလို နေပါ
အရှင်ဉာဏဝရ(ပါရမီ)

ဟန်ချက်ညီသောဘ၀
ခေါင်းစဉ်လေးကိုတွေ့လိုက်ကတည်းက ရင်ခုန်သွားတယ် ၊ ကိုယ့်ကိုကိုယ်လည်း တွေးမိတယ် ငါ့ဘ၀ဟာ ဟန်ချက်ညီတဲ့ ဘ၀ဖြစ်ရဲ့လားပေါ့ ၊ ဟန်ချက်ညီတဲ့ ဘ၀ဖြစ်အောင် ဒီစာအုပ်လေးကို သေချာဖတ်ဖို့ ဆုံးဖြတ်လိုက်တယ်
ကျွန်တော်အပါအ၀င် လူတော်တော်များများရဲ့ ဘ၀တွေဟာ ဟန်ချက်ညီတဲ့ ဘ၀ေတွ ဖြစ်မနေခဲ့ဘူးလို့ မြင်မိတယ် ၊ များသောအားဖြင့် ကျွန်တော်တို့ အဆင်မပြေဖြစ်နေတဲ့ ပြဿနာတွေဟာ ဘ၀ကို ဖြတ်သန်းတဲ့ အစွန်းရောက်ပုံစံတွေကြောင့်ပဲဖြစ်တယ်
ဥပမာ - ကျွန်တော်ဆိုရင် စာအုပ်တွေကို ချစ်တော့ အွန်လိုင်းကနေ စာအုပ်တွေအများကြီးမှာလေ့ရှိတယ် ၊ ရှာနိုင်တာထက် ပိုမှာမိတယ် ၊ စာအုပ်ဖိုး ပေးရခါနီးဆိုရင် ကူပါ ကယ်ပါ ဖြစ်ဖြစ်သွားတဲ့အထိ စိတ်တွေရှုပ်ထွေးသွားရတယ် ၊ တကယ်တော့ ကျွန်တော် ဖတ်နိုင်တာထက် ကျွန်တော် သုံးသင့်တဲ့ ငွေပမာဏထက် ပိုသုံးမိတာကြောင့် ဒီလိုဖြစ်ရခြင်းပါ
လူတ်ောတော်များများကလည်း အွန်လိုင်းကနေ ပစ္စည်းတွေအရမ်းမှာမိတတ်ကြတယ် ၊ ရှာနိုင်တာထက် ငွေပိုသုံးမိသွားတာမျိုး ဖြစ်တတ်ကြတယ် ၊ အဲ့အခါမှာ အရေးရယ် အကြောင်းရယ် ဖြစ်လာပီဆို ကိုယ်မျှမျှတတ မသုံးမိခဲ့လို ခုလိုဖြစ်ရတာဆိုပြီး စိတ်ဆင်းရဲကြရော
ဒါက ငွေရေးကြေးရေးကိုပဲ ဥပမာ အနေနဲ့ပြောတာပါ ၊ တကယ့် တကယ်တမ်းတော့ ငွေရေးကြေးရေးအပြင် Relationship တစ်ခု Balance ဖြစ်ဖို့ ၊ အတွေးအခေါ်တွေ Balance ဖြစ်ဖို့ ၊ ကျန်းမာရေးနဲ့ပတ်သက်ပြီး Balance ဖြစ်ဖို့ အစရှိတဲ့ ဘ၀တစ်ခုကို ဖြတ်သန်းတဲ့အခါမှာ အရာအားလုံး Balance ဖြစ်ဖို့ လိုပါတယ်
ဒီစာအုပ်လေးထဲမှာပါတဲ့ Balance Wheel လေးကိုဖြည့်ကြည့်ပြီး ကိုယ့်ရဲ့ အားနည်းချက် အားသာချက်တွေကိုမြင်မိသွားတယ် ၊ သေချာတွေးပြီး လက်တွေ့စမ်းကြည့်တော့ နည်းလမ်းလေးတွေက စိတ်ရဲ့ ငြိမ်းချမ်းမှုကို ဖြစ်ပေါ်စေတယ် ၊ မှန်ကန်တဲ့အမြင်တွေကို ရရှိခဲ့တယ်
Physical ၊ Emotional ၊ Social ၊ Work/Financial ၊ Personal ၊Mindfulness ဆိုပြီး အကန့်ခြောက်ကန့်ခွဲထားလို့ ဖတ်ရတာ အဆင်ပြေပါတယ်
တနေ့ကို စာနည်းနည်းချင်း ဖတ်သွားလို့လည်း အဆင်ပြေပါတယ် ၊ ကိုယ်ဖတ်ပြီး သလောက်ကို သေချာလေးတွေးပြီး တကယ်နားလည်သဘောပေါက်သွားမယ်ဆိုရင် အကျိူးရှိစေမှာ အမှန်ပါပဲ .....

![]() | ![]() | ![]() |