ကြာပန်းလေးလို နေပါ
အရှင်ဉာဏဝရ(ပါရမီ)

မွေးဖွားခြင်းမှသည် သေဆုံးချိန်အထိ ရှင်သန်ခဲ့ကြတဲ့ လူ့ဘ၀သက်တမ်းတစ်လျှောက်ကို ကျနော်တို့ ဘယ်လိုဖြတ်သန်းကြပါသလဲ?
လမ်းလျှောက်တတ်စ အရွယ်မှသည် လမ်းမလျှောက်နိုင်လို့ အိပ်ရာထဲ လဲနေရသည့် အရွယ်ထိတိုင်အောင် ဖြတ်သန်းခဲ့ရတဲ့အချိန်တွေသည် ပီဘိများပြားလှစွာ ...
🌱 ငယ်ရွယ်ခြင်းမှ နုပျိုခြင်း ...
🌱 နုပျိုခြင်းမှ အိုမင်းခြင်း ...
🌱 အိုမင်းခြင်းမှသည် ခန္ဓာစဲသည်အထိ ...
ဒီစာအုပ်လေးထဲမှာ ဆရာမက ဆရာမရဲ့ မေမေနဲ့ ကြုံတွေ့နေကျအဖြစ်အပျက်၊ ပြောနေကျစကားလေးတွေနှင့် ဆရာမရဲ့ မိခင်တစ်ယောက်အပေါ် ပြုစုဂရုစိုက်မှုတွေကို စီကာပတ်ကုံးရေးသားထားပါတယ်။ ရွေးချယ်ခွင့်ရှိတဲ့ ဟောဒီ လောကကြီးမှာ ရွေးချယ်ခွင့်မရှိဘဲရလာတာက မိဘပါပဲ။ ဘယ်လိုမိဘမျိုးဖြစ်ဖြစ် မိဘဆိုတာ သက်ရှိဘုရားပါပဲ။ အသက်အရွယ်ကြီးရင့်လာတဲ့ မိဘကို စိတ်ဓာတ်ခွန်အား၊ ကာယခွန်အား ရှိလာအောင် ဘယ်လိုစကားလေးတွေတော့ပြောပြသင့်တယ်။ ဘယ်လိုပြုစုပုံလေးတွေတော့ လုပ်ဆောင်သင့်တယ်ဆိုတာတွေကိုရေးသားထားပါတယ်။
❣️ အမေနဲ့ သမီး
❣️ အသက်အိုမင်းကြီးရင့်လာတဲ့အခါ
❣️ Successful Aging အောင်မြင်ပျော်ရွှင်စွာအိုမင်းသွားခြင်း
❣️ ဘယ်လိုစိတ်မျိုးနဲ့ အိုမင်းသွားကြမလဲ
❣️ အသက်ကြီးသူနဲ့ ငယ်သူ ... အတူနေကြရာတွင်
❣️ အမေကိုပြောဖြစ်သော တရားများ ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ စိတ်၀င်စားဖွယ်ရေးသားထားပါတယ်။ မိဘနှင့်သားသမီး ဆက်ဆံရေးအတွက်သာမက စာဖတ်သူကိုယ်ကိုယ်တိုင်အတွက်ပါ အသက်ကြီးပျင်းလာတဲ့အခါ ဘယ်လိုနေထိုင်ကြီးပျင်းရမလဲ? Successful Aging ဖြစ်အောင် ဘယ်လိုနေထိုင်သွားမလဲ? Retiring နှင့်ပတ်သက်တဲ့အကြောင်းတွေကရော ဘာတွေရှိမလဲ? Mentally Strong ဖြစ်အောင်၊ ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေကို သွေဖီမသွားရလေအောင် ဘယ်လိုတွေလုပ်ဆောင်ရမလဲ ဆိုတဲ့အချက်တွေကို ဆရာမကသူ့ရဲ့ကိုယ်ပိုင်အတွေ့အကြုံမှ တဆင့် စာဖတ်သူတွေရဲ့ ရင်ထဲရောက်အောင် စကားလုံးလေးတွေနဲ့ ပစ်သွင်းထားပါတယ်။

![]() | ![]() | ![]() |