ကြာပန်းလေးလို နေပါ
အရှင်ဉာဏဝရ(ပါရမီ)

စည်းမျဉ်းစည်းကမ်းတွေအတိုင်း နေထိုင်တဲ့သူေတွဟာ ဘ၀ကို အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းနေနိုင်ကြသူတွေဖြစ်တယ် ၊ ဘာလို့လဲဆိုတော့ စည်းမျဉ်းစည်းကမ်းတွေဟာ လူ့လောကကြီး အေးချမ်းသာယာေစရန်အတွက် ရည်ရွယ်ပြီး ချမှတ်ထားလို့ပဲဖြစ်တယ်
ဒီစာအုပ်လေးကိုဖတ်ပြီးသွားရင် ဘ၀ရဲ့ စည်းမျဉ်းတွေကိုသိပြီး လူတွေနဲ့ ပြောဆိုဆက်ဆံရာမှာ ပိုအဆင်ပြေသွားစေလိမ့်မယ်လို့ ယုံကြည်ပါတယ် ၊ အထူးသဖြင့် အရင်ကနဲ့မတူတဲ့ အတွေးအခေါ်တွေဖြစ်ပေါ်လာမှာကြောင့် သင့်စိတ်အတွေးလေး ရှင်းလင်းသွားစေမှာ အမှန်ပါပဲ
ဥပမာ လူတစ်ယောက်နဲ့တစ်ယောက် တွေ့တဲ့အခါ နေကောင်းလားလို့မေးရင် ဟုတ် ကောင်းပါတယ်လို့ပဲ ပြန်ဖြေလိုက်ခြင်းက နှစ်ဦးနှစ်ဖက်စလုံးအတွက်အဆင်ပြေတယ် ၊ မဟုတ်ရင် မကောင်းပါဘူးလို့ ပြန်ေဖြလိုက်တဲ့အခါ တစ်ဖက်သူရဲ့စိတ်မှာ ငါသူ့ကိုဆက်ပီး အချိန်ပေးရတော့မယ် စကားတွေပြောရတော့မယ်ဆိုတဲ့ အတွေးဖြစ်လာပီး နှစ်ယောက်စလုံး လုပ်စရာရှိတာတွေကို မလုပ်နိုင်ဖြစ်သွားမယ် ၊ ကလျာဏမိတ္တတွေလို ရင်းနှီးနေရင်တော့ ပြောရတာတမျိုးပေါ့လေ ...
ပြီးခဲ့တာတွေကိုလက်ခံလိုက်ပါတဲ့ ၊ လူတ်ောတော်များများက ပြီးခဲ့တာတွေကို လက်မခံတတ်ကြပါဘူး ၊ ဖြစ်ခဲ့ဖူးတဲ့အရာတွေဟာ ပြန်မရနိုင် / ပြန်မပြင်ဆင်နိုင်တော့တာတွေဖြစ်တဲ့အတွက် လက်မခံနိုင်ဖြစ်နေခြင်းက ကျွန်တော်တို့ရဲ့ ရှေ့ဆက်ရမဲ့ခရီးကို အနှောက်အယှက် ဖြစ်စေနိုင်ပါတယ် ...
စိတ်ကို ငြိမ်သက်စေဖို့ ကိုယ့်ရဲ့သီးသန့်နေရာလေးတစ်ခုမှာ နေ့စဉ်အချိန်ပေးပါ ၊ ထိုနေရာလေးဟာ စာချစ်သူဆိုရင် စာအုပ်ဖတ်တဲ့နေရာလေးဖြစ်ရပါမယ် ၊ သီချင်းနားထောင်တာကြိုက်တဲ့သူဆိုရင် နားကျပ်လေးတပ်ပီး အေးအေးဆေးဆေးနားထောင်နိုင်ရပါမယ် ၊ လူတွေရဲ့စိတ်ဟာ လှုပ်ရှားရုန်းကန်ရတဲ့ ၀န်တွေကြောင့် ခွန်အားတွေဆုတ်ယုတ်ရပါတယ် ၊ ကိုယ်ချစ်တဲ့ နေရာလေးမှာ နေ့စဉ်အချိန်ပေးခြင်းဖြင့် ကိုယ့်အတွက် ခွန်အားတွေ ပြန်လည် မွေးမြူနိုင်ကြပါစေ ...
ဘ၀ရဲ့စည်းမျဉ်းတွေအတိုင်း နေထိုင်လိုက်နာတဲ့သူတွေဟာ ပိုပြီးကံကောင်းကြတယ် ၊ အခန်းထဲကို သူတို့ ၀င်လာရင် ပျော်ရွှင်မှုကလေးကို ဖြန့်ကျက်လိုက်သလို လင်းလက်သွားတယ်တဲ့ ၊ သင်တို့ကော ? ဘ၀ရဲ့ စည်းမျဉ်းတွေကို လေ့လာပြီး အလင်းရောင်လေးတွေ ဖြန့်ကျက်ကြည့်ကြရအောင်လေ..
#ဘ၀ရဲ့စည်းမျဉ်းများ
#ခင်စောတင့်

![]() | ![]() | ![]() |