Ex ကိုမမေ့နိုင်သေးဘူးလား....................ဒီစာအုပ်ကိုဖတ်ပါ။
အလုပ်မရှိလို့စိတ်ညစ်နေလား...................ဒီစာအုပ်ကိုဖတ်ပါ။
စိတ်ပင်ပန်းပြီးဘဝကအထီးကျန်နေပြီလား...........ဒီစာအုပ်ကိုဖတ်ပါ။
ကိုယ့်ဘဝကြီးကခက်ခဲကြမ်းတမ်းနေတယ်လို့ထင်လား...........ဒီစာအုပ်ကိုဖတ်ပါ။
ပတ်ဝန်းကျင်နဲ့အဆင်မပြေဘူးလား............ဒီစာအုပ်ကိုဖတ်ပါ။
ဂရုမစိုက်ခြင်းအနုပညာ... ထင်မှာပေါ့ ဘယ်အရာကိုမှ ဘာကိုမှဂရုမစိုက်ခြင်းလို့ xxxxxxxxxx

စာရေးသူပြောတဲ့ဂရုမစိုက်ခြင်းဆိုတာ စွန့်လွှတ်စရာတွေ သောက်ပြဿနာတွေ သေခြင်းတရားတွေ ကျရှုံးမှုတွေ အစရှိတဲ့ အရေးမပါတာတွေကို ဂရုမစိုက်ဖို့ပြောချင်တာပါ။ ဒီစာအုပ်ကိုစဖတ်ခြင်း page1, page2 မှာကတည်းက အရမ်းဖတ်လို့ကောင်းနေပါပြီ။ စာရေးသူကလည်း စာဖတ်သူရဲ့အတွေးကို ကြိုမြင်နေသလိုပဲ။ ကိုယ့်စိတ်ထဲ ပေါ်လာမယ့်မေးခွန်းတွေကို သူကအရင်သိပြီး အဖြေနှင့်တကွ ရှင်းပြီးပြီလေ။

လူတွေရဲ့ superhero ဖြစ်ချင်စိတ်တွေ၊ အခွင့်ထူးခံစိတ်တွေ အရေးမပါတဲ့ ပေတံမှားတွေနဲ့ တိုင်းနေတာကအစ၊ စွန့်လွှတ်တက်ဖို့၊ ချစ်ခြင်းမေတ္တာကို အလေးထားတက်ဖို့တွေကို သေသေချာချာ ရှင်းပြထားတာလေးပါ။ တန်ဖိုးထားရမယ့်အရာတွေကို မှားယွင်းစွာ နားလည်နေတက်တာမျိုး၊ ပျော်ရွှင်မှုနဲ့ သာယာမှုကို မခွဲခြားနိုင်တာမျိုး၊ ဒုက္ခဆိုတဲ့ သားရိုင်းကောင်ကြီးကို စေ့စေ့ကြည့်ပြီး လက်ခလယ်ထောင်ပြရဲတဲ့အထိ ခံနိုင်ရည်ရှိအောင် ပြောပြပေးနေသလိုပါပဲ။
တာဝန်ယူမှု၊ တာဝန်သိမှုမရှိတဲ့ ကျွန်တော်တို့လိုလူမျိုးတွေကို အပီအပြင်ဆုံးမထားပါတယ်။

စာရေးသူရဲ့ အရေးအသားတွေက ခါးပေမဲ့ အမှန်တရားတွေပါ။ သူပြောတာတွေက အကုန်မှန်တယ်လေ။ ဒီစာအုပ်ဖတ်ပြီးမှပဲ ကိုယ့်ကိုကိုယ် သောက်ပိုတွေလုပ်နေတဲ့ ငကြွားကြီးမှန်းသိတော့တယ်။ ဒီစာအုပ်ဖတ်လိုက်ရလို့ ဘာမှမရရင်တောင် အကျိုးယုတ်မသွားပါဘူး။

"ဇကာနဲ့ရေခပ်နေရသလိုပဲ
ဘာမှမရပေမယ့် အနည်းဆုံးတော့ သန့်ရှင်းသွားတယ်လေ"

ကျွန်မကတော့ ဒီစာအုပ်ဖတ်ပြီးပြီးချင်းမှာ "အတန်ငယ်တော့အေးချမ်းသွားတယ်"