အမှန်တိုင်းပြောရရင် ဆရာကြီးချမ်းငြိမ်း(ဟံသာဝတီ)ရဲ့ ပင်ကိုယ်ရေး စိတ်အဟာရစာစုများကိုဖတ်ပြီး ကျွန်တော်မျက်လုံးပြူးသွားခဲ့မိပါတယ်။ ဘာလို့လဲဆိုတော့ စာဖတ်သက်နာသူတစ်ယောက်ဟာ စာရေးသူတစ်ယောက်ရဲ့စာအုပ်ကို ဝယ်မဖတ်ခင်ကတည်းက ကြိုပြီးမှန်းဆထားတဲ့ Level တစ်ခုရှိကြပါတယ်။ ကျွန်တော်လည်းပဲ ဆရာကြီးရဲ့စာအုပ် "အဝေးဆုံးကြည့် အမြင့်ဆုံးပျံ" ဆိုတဲ့စာအုပ်ကို စိတ်ထဲမှာ ကြိုခန့်မှန်းထားတဲ့ Levelတစ်ခုရှိခဲ့တယ်ဆိုတာ ဝန်ခံပါတယ်။ ဒါပေမဲ့ တကယ်ဖတ်မိတဲ့အချိန်မှာကျတော့ စာအုပ်ကပေးတဲ့အရသာတွေဟာ ကျွန်တော်မျှော်လင့်ထားခဲ့မိတဲ့ Levelရဲ့ အထက်တော်တော်ရောက်နေတဲ့အတွက် မျက်လုံးများ ပြူးသွားခဲ့မိပါတယ်။?

ဒီလိုပြောလို့ "အဝေးဆုံးကြည့် အမြင့်ဆုံးပျံ" စာအုပ်ကို ဘဝဒဿနတွေ၊ အတွေးအခေါ်တွေ တင်းကြပ်ပြည့်နေမယ်လို့ မထင်မိပါနဲ့။ သူက အတွေးအခေါ်စာအုပ်မဟုတ်ပါ။ ဒဿနစာအုပ်လဲမဟုတ်ပါ။ အနာဂတ်လူငယ်တွေအတွက်၊ တိုင်းပြည်အတွက်၊ ရသစာပေအတွက် တထောင့်တနေရာက လိုအပ်နေတဲ့ အတွေးလေးတွေကို ဖြည့်ဆည်းပေးထားခြင်းမျိုးဖြစ်ပါတယ်။ ထင်ထားတာထက် ဘဝအမြင့်ကိုရောက်အောင် လူငယ်တွေအတွက် မီးမောင်းထိုးပြထားတာ မြင်တွေ့ရပါလိမ့်မယ်။?

"အဝေးဆုံးကြည့် အမြင့်ဆုံးပျံ" ဆိုတာဟာ လူငယ်တွေအတွက် အောင်မြင်မှုကိုပြောရမည်ဆိုလျှင် အောင်မြင်ခြင်းကို ရယူပိုင်ဆိုင်ဖို့အတွက် လွယ်လွယ်နဲ့ရခဲ့တာမဟုတ်ကြောင်း၊ လူငယ်တွေ အောင်မြင်မှုရဖို့ (ကတိ)ဆိုတာ အလွန်တရာမှအရေးပါကြောင်း ဖော်ပြထားတာကို စာဖတ်ရင်း ရသစာပေကို ပေးစွမ်းထားပါတယ်။ စာရေးသူဟာ လူငယ်တွေအကြောင်းကို တော်တော်များများ လေ့လာသိထားပုံရပါတယ်။ ဘဝမှာ အဖိုးမဖြတ်နိုင်သော လူငယ်တွေအတွက် ရသတွေအများကြီး ပေးစွမ်းထားတာကြောင့် "အဝေးဆုံးကြည့် အမြင့်ဆုံးပျံ" စာအုပ်ကို လက်မလွှတ်တမ်း ဝယ်ယူဖတ်သင့်ကြောင်း စာဖတ်ချစ်သူများကို တိုက်တွန်းလျှက်...