ကြာပန်းလေးလို နေပါ
အရှင်ဉာဏဝရ(ပါရမီ)

ကျွန်မက ဆရာမမွန်ဟော်စီရဲ့ စာဖတ်ပရိတ်သတ်တစ်ယောက်ပါ ဆရာမရဲ့စာအုပ်တွေထွက်တိုင်းဝယ်ဖတ်ဖြစ်တယ် ဆရာမစာအုပ်တွေရဲ့ဆွဲဆောင်မှုက စဖတ်လိုက်တာနဲ့ လက်ကမချချင်လောက်အောင်ပါပဲ ဒီနေ့လည်း ပန်းဆက်လမ်းက
စာအုပ်ရရချင်း "အမေကိုပြောဖြစ်သောစကားများ" စာအုပ်လေးကို တထိုင်တည်းဖတ်ဖြစ်ခဲ့တယ် ပန်းဆက်လမ်းရဲ့စာမှတ်ကတ်လေးအပြင် လီလီပန်းပုံ ချည်ထိုးစာမှတ်လေးနဲ့ ဆရာမရဲ့လက်မှတ်ပါတဲ့အတွက် ကျေးဇူးပါ
စာအုပ်လေးမှာအခန်းစဥ် ၆ခန်းပါပါတယ်
ပထမဆုံးအခန်းကိုစဖတ်ဖတ်ချင်းမှာပဲ
မွေးနေ့ဆိုမိဘတွေဆီကလက်ဆောင်တခုခုရမှ မရရင်စိတ်ကောက်တတ်တဲ့ကိုယ့်ငယ်ဘဝကိုပြန်လည်မြင်ယောင်လာတယ် ခုတော့ကိုယ့်မွေးနေ့ထက်မိဘတွေမွေးနေ့ကပိုအရေးကြီးတယ်လို့ ခံစားလာရတယ်
မေမေ့အတွက် အင်္ကျီဝယ်ပေးတိုင်း မုန့်ဝယ်ကျွေးတိုင်း ဘယ်လောက်ပေးရလဲ စျေးကြီးလားလို့
အမြဲမေးတတ်တဲ့မေမေ
ငယ်ငယ်ကဆို ကိုယ်စားချင်တာ ဝတ်ချင်တာကို
အမြဲဖြည့်ဆည်းပေးတတ်တဲ့မေမေ
လူ့လောက သဘာဝအရတနေ့နေ့ခွဲရမယ်ဆိုတာသိပင်မယ့် မေမေနဲ့ဘယ်တော့မှမခွဲချင်ဘူး နောက်ဘဝဆိုတာရှိခဲ့ရင် မေမေနဲ့သားအမိပြန်ဖြစ်ချင်တယ်မေမေရယ်
ဆရာမရဲ့ အမေကိုပြောဖြစ်သောစကားများ စာအုပ်ကိုစဖတ်ဖတ်ချင်းမှာပဲ ကျွန်မနဲ့မေမေ့ရဲ့ အမှတ်တရတွေကိုပြန်မြင်ယောင်ပြီး မျက်ရည်ကျခဲ့မိတယ်
ခုချိန်ထိ လူ့လောကထဲမှာ မေမေရှိနေသေးလို့ကျေးဇူးပါလို့ ချစ်တယ်မေမေ...
မေမေလို့ခေါ်ခွင့်ရနေတဲ့အချိန်တိုင်းနေ့ရက်တိုင်းဟာ ကျွန်မအတွက်တော့ အမေများနေ့ပါပဲ
ဒုတိယမြောက်အခန်းမှာတော့
အကြိုက်ဆုံးခေါင်းစဥ်လေးက ကုသိုလ်ထုပ်ကြီးပါ ဆရာမရဲ့စာတွေကိုဖတ်ပြီး
ကျွန်မနဲ့ကျွန်မအဒေါ်အမြဲပြောဖြစ်တဲ့စကားပါ
(သူကိုယ်တိုင်ကလည်းအသက် ၉၀ အရွယ်အဘွားကို အနီးကပ်ပြုစုနေရသူဆိုတော့)
ကျွန်မရဲ့မေမေဟာ ကိုယ်တစ်ခြမ်းလေဖြတ်နေတဲ့ကျွန်မရဲ့အဘွားကို ၁၁နှစ်ကျော်ပြုစုခဲ့ရတယ်
ချီးသေးကအစ ထမင်းကျွေးတာအဆုံး သူကိုယ်တိုင်ပြုစုခဲ့တယ် တကြိမ်တခါလေးတောင် ညည်းတွားအပြစ်ဆိုတာမျိုးမကြားခဲ့ရဖူးဘူး ဘွားဆုံးတော့ မေမေကအရမ်းပူဆွေးသောကရောက်မနေခဲ့ဘူး သူ့အမေအပေါ်မှာ တာဝန်ကျေတဲ့သမီးတစ်ယောက်ဖြစ်ခဲ့တယ် မေမေဟာ ကုသိုလ်တွေအပြည့်အဝ ရခဲ့ပါတယ် ကျွန်မလည်းမေမေ့လို သမီးကောင်းတစ်ယောက်ဖြစ်ချင်မိတယ် မေမေ့ကိုပြုစုပေးခွင့်ရနိုင်ပါစေမေမေ
တတိယမြောက် အခန်းစဥ်လေးမှာဆိုရင်တော့ ကျွန်မကောကျွန်မမိဘတွေကိုကော Active Aging နဲ့အိုမင်းသွားစေချင်တယ် အဲ့ဒီလိုအိုမင်းဖို့အတွက် ကိုယ်ပြင်ဆင်သင့်တဲ့အရာတွေကို ဖတ်ပြီးဆင်ခြင်မိတယ်
အသက်ကြီးလာတဲ့အခါ သတိမေ့တာမျိုးတွေမဖြစ်ဖို့အတွက် အခုကတည်းက တရားထိုင်တဲ့အလေ့အကျင့်ကို စပြီးကျင့်သုံးဖို့လိုတယ်ဆိုတာကို သိခွင့်ရခဲ့တယ်
စတုတ္ထမြောက် အခန်းမှာတော့ ကိုယ်မလုပ်နိုင်တဲ့အရာတွေအပေါ်မှာ အရမ်းကြီးစွဲလန်းမနေဘဲ self limitation လုပ်ဖို့ မေမေ့ကိုပြောပြရအုံးမယ်(မေမေသာမက ကိုယ်ကိုယ်တိုင်လည်းဆင်ခြင်ရမှာပါပဲ)
မလုပ်နိုင်တော့တဲ့အရာတွေအတွက် စိတ်ဓာတ်ကျအားငယ်မနေဘဲ အသက်ရှင်နေထိုင်ရတဲ့ဘဝမှာ ပျော်ရွှင်ကျေနပ်စွာ နေတတ်ဖို့ကအရေးကြီးတာကို သိလာရတယ်
ပဉ်စမမွောကျ အခန်းဖတ်ပြီးချိန်မှာတော့ လက်ရှိအတူတူနေနေရတဲ့
အဖေဘက်က အသက်ကိုးဆယ်ကျော် အဘိုးနဲ့အဘွားကိုအရင်ကထက် ပိုတန်ဖိုးထားဆက်ဆံပေးပြီးသူတို့အထီးမကျန်အောင်အဖော်ပြုပေးရမယ်ဆိုတဲ့အတွေးဝင်လာမိပါတယ်
နောက်ဆုံးအခန်းမှာတော့ ဆရာမပြောသလိုပဲ သေမယ့်အချိန်ကိုကြိုသိချင်တယ် မိဘတွေမသေခင်မှာလည်း အခုထက်ပိုပြီးစိတ်ချမ်းသာအောင်ထားပေးချင်တယ်
နေမကောင်းမဖြစ်ခင်အချိန်အထိ အတန်းဆွမ်းကိုယ်တိုင်ချက်လောင်းတဲ့ (ဖေဖေ့ရဲ့မေမေ)
ဘွားဘွားကြီးကို ဆွမ်းအကျိုး၅ပါးအကြောင်းမနက်ဖန်ပြောပြရမယ် ဆရာမပြောသလို မိဘတွေအပေါ်မှာ တရားအသိနဲ့ပါ ကျေးဇူးဆပ်နိုင်ဖို့ စာများများဖတ်ရမယ် တရားတွေနာရမယ်ဆိုတဲ့အသိလေးနဲ့....... မနက်ဖန်ကျရင် မေမေ့ဆီph ဆက်ပြီး မေမေ့ကိုလည်း ဆွမ်းအကျိုး ၅ပါးအကြောင်း ပြန်ပြီးဝေမျှပေးရအုံးမယ်
ဒီစာအုပ်လေး ကနောက်ထပ်တစ်ကြိမ်သာမက အကြိမ်ကြိမ်အခါခါ ပြန်ပြီးဖတ်ဖြစ်နေအုံးမှာပါ
အခုလို အသိပညာတွေရတဲ့စာအုပ်တွေ ရေးပေးတဲ့ဆရာမနဲ့ ဆရာမကိုမွေးပေးတဲ့ဆရာမမေမေကိုလည်းကျေးဇူးပါ
ဒီစာလေးကိုရေးဖြစ်တာက စာအုပ်ဖတ်ပြီး ရလိုက်တဲ့အတွေးနဲ့ခံစားချက်လေးကိုရေးလိုက်တာပါ
#17.12.2021

![]() | ![]() | ![]() |