ကြာပန်းလေးလို နေပါ
အရှင်ဉာဏဝရ(ပါရမီ)

#စိတ်ကိုအဆိပ်ထုတ်ခြင်း(Mental Detox)
မွန်ဟော်စီ
ဒီစာအုပ်ကိုဖတ်ပြီး စိတ်တွေ အေးချမ်းလာရပါတယ်။ကျွန်မတို့ဘဝမှာ ခန္ဓာကိုယ်အပြင်ပိုင်းကိုကျတော့ အဆိပ်ထုတ်နေကြပါတယ်။ မျက်နှာပေါင်းတင်တာတို့ အသားအရေကြည်လင်အောင် အသီးအရွက်တွေစားပေးနေရတာတို့၊ စသည်ဖြင့် အပြင်ပိုင်းကိုအထူးဂရုစိုက်ပေးနေသလိုမျိုး ကိုယ့်ရဲ့စိတ်ကို ဂရုစိုက်ဖို့မေ့နေတတ်ကြပါတယ်။
ကျွန်မတို့ရဲ့ စိတ်တွေကို အတွင်းကျကျ စနစ်တကျ ဘယ်လိုဂရုစိုက်ပေးရမလဲ၊ စိတ်ဆိုတဲ့ဟာမျိုးကလည်း မထိန်းသိမ်းတတ်ရင် လမ်းမှားရောက်သွားနိုင်တဲ့အတွက် နည်းလမ်းမှန်မှန်နဲ့ ဘယ်လိုထိန်းကျောင်းပေးရမလဲဆိုတာကို ဒီစာအုပ်မှာ ဖတ်ရှု့လို့ရနိုင်ပါတယ်။
ဒီစာအုပ်မှာဆိုရင် စိတ်ငြိမ်းချမ်းမှုတွေ၊တိတ်ဆိတ်မှုတွေ၊ အေးချမ်းမှုတွေကိုရရှိစေပါတယ်။
လူတစ်ယောက်မှာ အပြင်ပန်းထက် အတွင်းစိတ်က ပိုအရေးကြီးတယ်လို့ သတ်မှတ်ထားတဲ့ကျွန်မအတွက် အပြင်ပန်းကိုသိပ်အာရုံမထားတတ်သလို ကိုယ့်ရဲ့အတွင်းစိတ်တွေကို အမြဲစောင့်ကြည့် ပြီး ပျိုးထောင်ပေးတတ်တဲ့အတွက် ဒီစာအုပ်လေးဟာဆိုရင် ကျွန်မရဲ့ မနက်ခင်းတိုင်းမှာ ဖတ်လို့သင့်တော်မယ့်စာအုပ်တစ်အုပ်ပဲဖြစ်ပါတယ်။
စာမြည်း.......
တကယ်တော့ကိုယ့်မှာ ရှိတာမရှိတာထက် ကိုယ့်ကိုယ်ကိုသိတတ်ဖို့ပဲလိုပါတယ်။ ကိုယ့်အခြေအနေလေးကို အသိအမှတ်ပြုပေးဖို့ပဲလိုပါတယ်။ဆင်းရဲချင် ဆင်းရဲ .မယ်. ချမ်းသာ ချင် ချမ်းသာ မယ်၊အလယ်အလတ်
လောက် လည်း ဖြစ်ချင်ဖြစ်မယ် ။
ဒါပေမဲ့ .. ကိုယ့် ဘဝ .. ကိုယ့် အခြေအနေ လေး ကိုယ် ကျေနပ်တယ် ..။
ကိုယ် တွေး လိုက် မိတဲ့ အတွေးတွေ ... ကိုယ် ပြောတာ ကိုယ် လုပ်တာတွေ ဟာ ..အစစ်အမှန် ဖြစ်တယ် ... အဆိပ်အတောက် တွေ မရှိဘူး ... ဘယ်သူ့ကိုမှ စိတ်က သိ က အောက် မ ဖြစ်စေ ဘူး .. ဆိုတဲ့ အခါ ကိုယ် ပါ အပြစ် ကင်း စွာ ပျော်ရွှင် နိုင်တယ် ...။
သူများ အသိအမှတ်ပြုဖို့ ဆိုတာ တကယ်တော့ မလိုအပ်ဘူး ..။
🍀 ကိုယ့်ကိုယ်ကို ကျေနပ်ပြီး ကိုယ့် ဖြစ်တည်မှု ကို ကိုယ် အသိအမှတ်ပြု လိုက်ရင်ကို စိတ်ဟာ အေးချမ်းသွားတတ်ပါတယ်။🍀
"တကယ်တော့ ကိုယ်ခန္ဓာ ပေါ့ပါးဖို့ထက် စိတ်ပေါ့ပါးဖို့က ပိုအရေးကြီးတယ်။
ရုပ်ကောင်းဖို့ထက် စိတ်ကောင်းဖို့က အရေးကြီးတယ်။ရုပ်ကို ပြင်ဖို့ထက် စိတ်ကိုပြင် ဖို့က အရေးကြီးတယ်။
ရုပ်ကိုအဆိပ်ထုတ်ဖို့ထက် စိတ်ကို အဆိပ်ထုတ်ဖို့က ပိုအရေးကြီးတယ်။
အတွေးတွေဟာ ဦးနှောက် အတွက် အစာအာဟာရတွေပဲဖြစ်ပါတယ်။
Thoughts are food for the brain" တဲ့
.........

![]() | ![]() | ![]() |