ဒီစာအုပ်ဟာ ငြိမ်းချမ်းမှုကို သယ်ဆောင်လာပေးတဲ့ သုတစာအုပ်လေးပါ။ သင်ဟာ တရားဘာဝနာတွေကို လေ့လာနေတဲ့သူတစ်ယောက်လား။ သင့်ဘဝမှာ အသက်ရှူလိုက်ရုံနဲ့ ငြိမ်းချမ်းပျော်ရွှင်တဲ့ ဘဝတွေကို ပိုင်ဆိုင်‌ချင်နေတာလား၊သင်ဟာ ငြိမ်သက်ခြင်းတွေကို ကြိုက်နှစ်သက်တဲ့သူတစ်ယောက်လား။ သင်ဟာ သင့်ဘဝကို အေးမြလန်းဆန်းသွားအောင် ကြိုးစားချင်နေတာလား။

ထိုသူများအတွက် ဒီစာအုပ်ဟာ ခြေလှမ်းတိုင်းကိုအေးချမ်းငြိမ်းချမ်းစေတာ အမှန်ပါပဲ။

ဒီစာအုပ်မှာဆိုရင် အပိုင်း ၃ပိုင်းပါဝင်ပြီး
အပိုင်း၁
#အသက်ရှူခြင်းဖြင့်သင်ရှင်သန်ပါ။🧘
ကျွန်တော့်အပြုံးတွေ ပျောက်ဆုံးသွားပြီး
ဒါပေမဲ့ မပူပါနဲ့
အလေ့ကျပန်းပွင့်လေးမှာ ရှိနေတာပဲ။
သင့်မှာ အပြုံးတွေပျောက်သွားတဲ့တိုင်အောင် ပန်းပွင့်လေးတွေကသိမ်းထားတာတွေ့ရပါဦးမယ်။သင့်မှာ သတိတရားတွေရှိနေရင် အဲ့ဒီအပြုံးတွေကို မြင်နိုင်တာမို့ အခြေအနေ သိပ်မဆိုးသေးဘူးလို့ပြောရမှာပါ။သတိမလွတ်တာနဲ့အမျှအဲ့ဒီအပြုံးလေးတွေကို တွေ့မြင်ဖို့ရှ်ပါတယ်။အဲ့ဒီအတွက်တစ်ကြိမ်၊နှစ်ကြိမ်လောက်သတိထားပြီး အသက်ရှူလိုက်ရုံနဲ့ သင့်အပြုံးကိုကြန်ရနိုင်ပါတယ်။အလေ့အကျပန်းလေးဖြစ်တဲ့တိုင်အောင် သင့်မိတ်ဆွေအဖွဲ့ဝင်ပါ။ပန်းလေးတွေက စကားမပြောတတ်ပေမဲ့ သင့်ကိုအပြုံးလက်ဆောင်ပေးတဲ့သစ္စာရှိသူတစ်ဦးပဲပေါ့။

စတဲ့ အသက်ရှူနေမိရုံနဲ့ ရရှိလိုက်တဲ့ ငြိမ်းချမ်းမှုတွေက သတိတရားတွေနဲ့ပေါင်းစပ်ထားတဲ့ စာတွေကို အကျယ်တဝင့် ဖတ်ရှု့ရမှာပါ။

အပိုင်း ၂
#အသွင်ပြောင်းလဲခြင်းဖြင့်သက်သာအောင်ကုစားမှု🧘
ဥပမာ _ဒေါသဖြစ်လာရင် ကိုယ်က လက်ဦးမှုယူပြီး ဟား..ဒါတော့မကောင်းဘူးဆိုပြီး အသိကပ်လို့စိတ်တွေ လျှော့ပစ်လိုက်တာမျိုး။
ဒေါသကြိဖယ်ရှားဖို့ ခွဲစိတ်စရာမလိုတော့ပါဘူး။ ဒေါသဖြစ်နေတဲ့အပေါ်မှာ အမျက်မာန်ကြွလိုက်ရင် မီးလောင်ရာ လေပင့်သလို အကြီးအကျယ်ပြဿနာတက်တော့မှာသေချာတယ်။ ဒေါသကိုမေတ္တာနဲ့ငြိမ်သတ်ပြီး သတိဝီရိယနဲ့စောင့်ထိန်းဖို့သာရှိပါတယ်။
ဒီနည်းနဲ့ဆိုရင်အဝေးကြီးထွက်ပြေးစရာမလိုပဲ သူ့အလိုလို အသွင်ပြောင်းသွားပါလိမ့်မယ်။ အဲ့ဒါက ငြိမ်းချမ်းရေးလုပ်ရာကျပါတယ်။

စတဲ့စိတ်ခံစားချက်ဖြစ်ပေါ်လာသော ပူလောင်မှုတွေ၊ဒေါသတွေ ကို ငြိမ်းချမ်းအောင် ဘယ်လို အသွင်ပြောင်း ပေးရမလဲ။

အပိုင်း၃
#ငြိမ်းချမ်းရေးခြေလှမ်း‌များ🧘
သင့်ကလေးကိုလက်ဆွဲပြီး မြက်ခင်းပေါ် အတူထိုင်လိုက်ပါ။ စိမ်းလန်းတဲ့မြက်ခင်ူနဲ့မြက်ခင်းကြားမျှာပါက်နေတဲ့ပန်းပွင့်ငယ်လေးတွေနဲ့ ကောင်းကင်ပြင်ကို စိတ်အေးလက်အေူ ကြည့်ပြီး တရားသဘောဆင်ခြင်ပါ။
ကလေးနဲ့အတူတူ အသက်ရှူပါ။ပြုံးပါ။ဒါဟာ ငြိမ်းချမ်းရေးပညာ ပေးတာပဲဖြစ်ပါတယ်။ ဒီလိုလှပသာယာမှုကို ဘယ်မှာမှ သွားရှာ စရာမလိုတော့ပါဘူး။
ငြိမ်းချမ်းရေးဟာ အချိန်တိုင်း၊အသက်ရှူတိုင်း၊ခြေလှမ်းတိုင်းမှာရှိနေပါတယ်။

အေးချမ်းခြင်းကို နှစ်သက်တဲ့ ကိုယ့်အဖို့ ခြေလှမ်းတိုင်း၊အသက်ရှူလိုက်တိုင်းမှာ ငြိမ်းချမ်းမှုကို လည်း ရှာဖွေနိုင်တဲ့ဆိုတဲ့အကြောင်းကို ဒီစာအုပ်ဖတ်ပြီး ကျေနပ်သွားခဲ့ပါတယ်။

ကိုယ့်အရဲ့အချို့လုပ်ရပ်တွေဟာ သူများအမြင်မှာရယ်စရာဖြစ်နေပေမဲ့ အဲ့ဒီလုပ်ရပ်အတွက် တစ်ခါတစ်လေမှာ ကိုယ့်ကိုယ်ကိုတောင် သံသယဝင်မိသွားပြီး ငါပဲရူးနေသလားပေါ့။
အခုတော့ အဲ့ဒီလုပ်ရပ်တွေဟာ ကိုယ့်ရဲ့ငြိမ်းချမ်းရေးခြေလှမ်းတွေပဲဆိုတာကို နားလည်သဘောပေါက်သွားခဲ့ပါတယ်။

ဘဝမှာအေးချမ်းချင်တယ်ငြိမ်းချမ်းချင်တဲ့ဆိုရင် ဒီစာအုပ်ကို ဖတ်ကြည့်ပါလို့ ညွှန်းပေးပါရစေရှင်။