ဆရာတော်ဒေါက်တာအရှင်ဓမ္မသာမိ
(အောက်စဖို့ဒ်ဆရာတော်)ရဲ့"ပျော်နိုင်ပါရဲ့နဲ့ပျော်ဖို့မေ့နေသူများ"စာအုပ်အတွေးတစ်စ
????????????????
ခုတလောမှာလည်း ဆယ်တန်းစာမေးပွဲအောင်စာရင်းတွေထွက်ထားတော့...အောင်တဲ့သူပဲဖြစ်ဖြစ် ကျတဲ့သူပဲဖြစ်ဖြစ်.....emotion တွေ အမျိုးမျိုးဖြစ်နေကြမှာပါ....ဆရာတော်ရဲ့"ပျော်နိုင်ပါရဲ့နဲ့ပျော်ဖို့မေ့နေသူများ"စာအုပ်ကိုဖတ်ရင်းနဲ့ ကျွန်မရဲ့ အတိတ်ဖြစ်ရပ်တစ်ခုကို ပြန်အမှတ်ရပြီး အသိတရားတစ်ခုရလိုက်ပါတယ်....ကျွန်မဆယ်တန်းအောင်တော့.....ပျော်ရွှင်မှု(မုဒိတာ)အရသာကို မခံစားခဲ့မိဘူး....ကျွန်မကြိုးစားအားထုတ်ခဲ့တာတွေကို အသိအမှတ်မပြုဘဲ ကျွန်မရခဲ့တဲ့ 80%ကိုမေ့နေပြီး မရခဲ့တဲ့ 20% အတွက်ကိုပဲ ကိုယ့်ကိုယ်ကိုမကျေနပ်နိုင် မုဒိတာမပွားနိုင်ဘဲ ပျော်ရွှင်ဖို့ မေ့နေခဲ့မိတယ်.....ဒါကတော့ကျွန်မအတွေ့အကြုံပါ..

တချို့လူတွေမှာလည်း ကိုယ်အောင်မြင်ခဲ့တဲ့အရာလေးတွေကို မေ့နေတတ်ပြီး ကိုယ်မရခဲ့တဲ့တဲ့အရာ..မရသေးတဲ့အရာအတွက်....ပူပန်သောကတွေဖြစ်ပြီး ပျော်ဖို့မေ့နေတဲ့သူတွေလည်း ရှိတတ်မှာပါ(လူတိုင်းကိုပြောခြင်းမဟုတ်ပါ) အထူးသဖြင့် ဆယ်တန်းအောင်တဲ့သူပဲဖြစ်ဖြစ် ကျတဲ့သူပဲဖြစ်ဖြစ်"စာမေးပွဲ"ဆိုတဲ့ မှတ်တိုင်မရောက်မီ အတိုင်းအတာတစ်ခုလောက်ထိ ကြိုးစားခဲ့ကြမှာပါ...အောင်ပြီး ဂုဏ်ထူးနည်းတဲ့သူတွေ အမှတ်ကောင်းတဲ့သူတွေလည်း ရလဒ်ကိုလက်ခံပြီး ကိုယ်ကြိုးစားအားထုတ်ခဲ့တာလေးတွေကို မုဒိတာပွားမယ်ဆိုရင် "ပျော်ဖို့မမေ့တဲ့သူတွေ"ဖြစ်သွားမှာပါ ပျော်ရွှင်ခြင်းကိုအပြည့်အ၀ခံစားပါ☺☺☺☺(ကျွန်မတုန်းကမခံစားခဲ့မိလို့ပါ)