လူတစ်ယောက်စီတိုင်းမှာ သူတို့တွေရဲ့အမြင်ကို ပြောင်းလဲပေးနိုင်တဲ့ အရာများစွာရှိပါတယ် ။အခြေအနေအမျိုးမျိုးအပေါ်မှာလည်း မူတည်ပြီး သူတို့ရဲ့အမြင်တွေ၊အယူအဆတွေက ပြောင်းလဲသွားကြပါတယ် ။

ကျွန်မရဲ့အယူအဆ၊အမြင်တွေကို ပြောင်းလဲအောင် ပြုလုပ်ပေးနိုင်တဲ့အရာကတော့ စာအုပ်တွေဘဲဖြစ်ပါတယ် ။

ဒီနေ့မှာလည်း ကျွန်မရဲ့အမြင်‌တွေကိုပြောင်း‌စေတဲ့စာအုပ် တစ်အုပ်နဲ့ မိတ်ဆက်ပေးပါရစေ ။

စာအုပ်လေးရဲ့နာမည်ကတော့ "ဟန်ချက်ညီသောဘဝ(Balance Wheel Of Life) ဖြစ်ပြီး ဆရာမ မွန်ဟော်စီ ရေးသားထားတာပါ ။

ဒီစာအုပ်ထဲမှာဆိုရင် Day(1)ကနေDay(42)အထိ လုပ်ဆောင်လို့ရတဲ့ topics အချက်လေးတွေပါဝင်တဲ့အတွက် ကျွန်မတို့ကိုယ်တိုင် လိုက်ပါဆောင်ရွက်လို့ရပါ‌တယ် ။

ဥပမာအနေနဲ့ပြောရမယ်ဆိုရင် Day(2)မှာ လုပ်ဆောင်ရတဲ့topicက ကိုယ်တကယ်လိုအပ်တဲ့ အရာ၊လိုချင်နေတဲ့အရာ နဲ့ ကိုယ့်မှာရှိနေတဲ့အရာတွေကို ချရေးရမှာပါ ။

အဲ့လိုလုပ်ဆောင်မယ်ဆိုရင် ကျွန်မတို့တွေလည်း ကိုယ်ဘယ်အရာကို တစ်ကယ်လိုအပ်နေလည်း ဆိုတာသိလာရသလို မလိုအပ်ဘဲနဲ့လည်း တွေ့ရာပစ္စည်း‌တွေကို ဝယ်မိတော့မှာ မဟုတ်ပါဘူး ။Wants and Needs ကိုခွဲခြားလာနိုင်တဲ့အတွက် အရင်ကထက် ပိုက်ဆံပိုစုလာနိုင်မယ်၊မလိုအပ်ဘဲနဲ့လည်း မကုန်တော့ဘူးလို့ ထင်မြင်ယူဆမိပါတယ် ။

Day(1)မှာဆိုရင်လည်း ကိုယ့်ဘဝရဲ့ Balance Wheel ကိုဆွဲရမှာပါ ။ဆရာမကိုယ်တိုင်လည်း ဆရာမရဲ့ Balance Wheel ကိုဆွဲပြထားပါတယ် ။ကိုယ့်အခြေအနေ၊လိုအပ်ချက်အလိုက် Balance Wheel ဆွဲတဲ့အတွက် တချို့မှာက အကန့်၉ကန့်ရှိနိုင်သလို တချို့မှာက အကန့်၇ကန့်ဘဲလည်း ရှိနိုင်ပါတယ် ။

ဆရာမရဲ့ Balance Wheel မှာတော့ အကန့်၆ကန့်ရှိပါတယ် ။ဆွဲတဲ့အခါ စက်ဝိုင်းဖြစ်တဲ့အတွက် ၃၆၀ ဒီဂရီရှိပြီး အကန့်တိုင်းက တချို့အတွက် Balance ဖြစ်နေပြီး တချို့အတွက်က Bslance မညီတဲ့အတွက် အကွက်တိုင်းက ညီမနေနိုင်ပါဘူး ။

စာအုပ်ထဲက အကြောင်းအရာတွေကတော့ Balance Wheelထဲက အကြောင်းအရာခြောက်ခုကို ခေါင်းစဉ်ခွဲလေးတွေနဲ့ ပြန်ရှင်းပြထားပါတယ် ။ရှင်းပြထားတာတွေကလည်း ကျွန်မရဲ့အမြင်ကို ပြောင်းလဲစေသလို အတွေးအခေါ်သစ်တွေလည်း တိုးပွားလာ‌စေပါတယ်။

အရင်ကဆို ကိစ္စတစ်ခုခုဖြစ်ရင် ကျွန်မရဲ့အမြင်ကnegative thoughtsဘက်သွားတာများပါတယ် ။အခုနောက်ပိုင်းဆိုရင် Positive thoughts ဘက်သွားတဲ့ အတွေးကိုသာ တွေးဖြစ်တော့တယ် ။ပြဿနာတစ်ခုဖြစ်ရင်လည်း ရှုထောင့်မျိုးစုံကနေ မြင်တတ်လာပါတယ် ။

ခေါင်းစဉ်‌၆မျိုးအောက်မှာ ခေါင်းစဉ်ခွဲလေးတွေလည်း များစွာပါဝင်ပါတယ် ။ကျွန်မအတွက်တော့ ဒီစာအုပ်လေးက အလွန်ကိုဘဲ အသုံးဝင်ပါတယ် ။ကိုယ့်ရဲ့အချိန်တွေကိုလည်း အကျိုးရှိလာအောင် အသုံးပြုလာတတ်ပြီးတော့ ကိုယ့်ရဲ့စိတ်တွေလည်းအရင်ကထက် ပိုတည်ငြိမ်လာခဲ့ပါပြီ ။

စာဖတ်သူတို့ကိုလည်း ဟန်ချက်ညီသောဘဝ စာအုပ်ကို ဖတ်ကြည့်ဖို့ အကြံပြုပါရစေ ။ဒီနေ့အတွက် စာညွှန်းရေးသားခြင်းကိုတော့ ဒီနေရာမှာဘဲ ရပ်တန့်ပါရစေ ။

#Review_By_အလဲ့လေး
#ဟန်ချက်ညီသောဘဝ
#Mon_Halsey