ကြာပန်းလေးလို နေပါ
အရှင်ဉာဏဝရ(ပါရမီ)

စာရေးသူရဲ့ ငယ်စဉ်ဘဝက ကျောင်းစိမ်း ဝတ်စုံတစ်စုံတည်းကို အစ်ကိုတစ်လှည့် ညီတစ်လှည့်ဝတ်ခဲ့ရပြီး၊ ဘုရားပေါ်မှာ ဂွေးသီးလိုက်ရောင်းရတဲ့ ဘဝမှ အောင်မြင်တဲ့ Eng:ဆရာ၊ ဘာသာပြန်ဆရာ၊ စာရေးဆရာဘဝ ရောက်ရှိခဲ့ပုံကို ကိုယ်တွေ့ဖြစ်ရပ်များနဲ့ ပညာပေးရေးဖွဲ့ထားပါသည်။
* ကတိတည်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း၊
* စစ်မှန်တဲ့ အနှောင်အဖွဲ့မပါတဲ့ ချစ်ခြင်းမေတ္တာရဲ့ ရလဒ်များ
အကြောင်း၊
* အခက်အခဲဆိုတာ အနာဂတ်အတွက် ပိုမိုကောင်းမွန်ပြည့်စုံတဲ့
အခွင့်အလမ်း ဖြစ်တဲ့အကြောင်း၊
* ပညာရပ်တစ်ခုကို သင်ယူတဲ့အခါ ဈေးကြီးပေးသင်တာ ဈေးကြီး
မပေးရတာက အရေးမကြီးဘဲ ပညာကို လိုချင်စိတ်ရှိဖို့သာ
အဓိကဖြစ်ကြောင်းကို - ကမ္ဘာကျော် စစ်တုရင်ချန်ပီယံကြီး
ကက်စပါရော့ဗ်အား စစ်တုရင်သင်တန်းအသေးစားလေးမှာသာ
သင်ယူထားတဲ့ အသက် ၁၄ နှစ်သာရှိတဲ့လူငယ်က အနိုင်ယူ
သွားခြင်းနဲ့ ဥပမာပေးထားကြောင်း၊
* ဘဝနဲ့ပတ်သက်လာတဲ့အခါတိုင်း "ခင်ဗျားတို့ ဘယ်တော့မှ
အရှုံးမပေးနဲ့၊ ဘယ်တော့မှလည်း နောက်ပြန်လှည့်ဖို့ စိတ်မကူး
ပါနဲ့" ဆိုတဲ့ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီ ရဲ့ စကားကြောင့်
ဖိနပ်တောင် စီးစရာမရှိတဲ့ဘဝမှ ကမ္ဘာကျော် အဆိုတော် တစ်ဦး
ဖြစ်သွားတဲ့ ကောင်မလေးတစ်ယောက်အကြောင်း၊
* လူငယ်တိုင်းဟာ တဒင်္ဂကြုံလာတဲ့ ပြဿနာရပ်ကို ဒေါသစိတ်နဲ့
ပြုမူဆုံးဖြတ်ခဲ့ရင် တစ်ဘဝလုံးခံစားသွားရမှာဖြစ်တဲ့အကြောင်း၊
* လှေကားထစ်တွေမြင့်လာလေ အပေါ်တက်ဖို့ခက်လေဖြစ်ပြီး
မြင့်မြင့်ရောက်လေ များများမြင်ရလေ ဖြစ်တဲ့အတွက် လူငယ်
တွေ မြင့်မြင့်ရောက်ဖို့ လူကြီးတွေ ဝေးဝေးမြင်ပေးကြဖို့ လိုအပ်
မည်ဖြစ်ကြောင်း၊
* မျက်စိအောက်ကိုပဲကြည့်တဲ့အခါ အနီးအနားက အရာဝတ္ထုတွေ
ကိုပဲ မြင်ရမှာဖြစ်ပြီး မျက်စိတစ်ဆုံးကြည့်တဲ့အခါမှာတော့ မိမိ
မျက်စိအောက်ကအရာတွေတင်မက အဝေးက အရာတွေကိုပါ
လှမ်းမြင်ရမှာဖြစ်တဲ့အတွက် အမြင်ကျဉ်းရင် ဘောင်ကျဉ်းပြီး
ဘဝတိုးတက်မှုလည်း ကျဉ်းမြောင်းမှာဖြစ်ကြောင်း။
ဒီစာအုပ်သည် အောင်မြင်မှုဆီ လျှောက်လှမ်းနေကြတဲ့ လူငယ်များကို အားတက်ဖွယ်၊ အတုယူနိုင်ဖွယ်ဖြစ်အောင် ရသများစွာ ပေးစွမ်းနိုင်တာကြောင့် လက်မလွှတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါကြောင်း ညွှန်းလိုက်ပါရစေ။

![]() | ![]() | ![]() |