❤️❤️❤️အကြိုက်ဆုံးစာသားလေးကိုပဲ ရေးလိုက်တော့မယ်....
အာဏာရှိတဲ့လူတွေဟာ အများအားဖြင့် ခေါင်းညိမ့်တတ်တဲ့ လူတွေနဲ့ပဲ ၀န်းရံနေတတ်တယ်။ ဒီလိုလုပ်ခြင်းက သူတို့ကို အရေးပါတဲ့သူလို့ ခံစားစေရတာကိုး။ သင့်အနီးမှာရှိတဲ့ လူတွေအားလုံးဟာ သင်ပြောသမျှခေါင်းညိမ့်နေမယ်ဆိုရင် အဲဒီလူတွေဟာ သင့်အပေါ် သစ္စာရှိသူတွေ မဟုတ်ဘဲ အခွင့်အရေးသမားတွေသာ ဖြစ်ပါလိမ့်မယ်။
တစ်စုံတစ်ယောက်နဲ့ ပြဿနာဖြစ်တဲ့အခါ ကိုယ့်ရဲ့အားနည်းချက်ကိုပဲရှာပါ။ ဒါဟာ လောကနိယာမအရ အမှန်တရားကိုရှာဖွေခြင်းပါပဲ။ တစ်စုံတစ်ယောက်ကို သဘောမကျတာတွေ ရှိတဲ့အခါ ဘယ်အချက်ကို မကြိုက်တာလဲဆိုတာရှာပါ။ အဲလိုမကြိုက်တဲ့အချက်က သင့်ဆီမှာကော ရှိသလားဆိုတာ လေ့လာပါ။ သူတစ်ပါးဆီမှာ ကိုယ်မကြိုက်ဘူးလို့ ချက်ချင်းသတိထားမိလိုက်တဲ့ အချက်တွေဟာ တစ်ခါတစ်ရံ သင့်ဆီမှာလည်း ရှိနေတတ်တယ်။
လူတွေဟာ သူတစ်ပါးကို ထိခိုက်စေမယ့်စကားတွေ၊ နာကျင်စေမယ့်စကားတွေကို ပြောတယ်ဆိုတာ သူတို့ကိုယ်တိုင်က ထိခိုက်နာကျင်နေလို့ပါ။ သင်ဟာ အဲလိုမျိုး မနာလို ၀န်တိုပြီး စိတ်ထားမမှန်တဲ့သူတွေကို တွေ့တဲ့အခါ "ဪ.. သူကိုယ်တိုင်ကော ဘယ်လိုအခြေအနေကို ရင်ဆိုင်နေရတာပါလိမ့်" လို့ တွေးကြည့်လိုက်ပါ၊ သူ့ကို သနားစရာ သတ္တဝါတစ်ကောင်အဖြစ် မြင်လာပါလိမ့်မယ်။
ရင်ထဲမှာ မေတ္တာတရားရှိတဲ့အခါ သာမန်ကိစ္စလေးတွေ၊ တွေ့မြင်နေကျအရာလေးတွေတောင် တန်ဖိုးရှိပြီး လှပနေပါလိမ့်မယ်။ မေတ္တာကင်းမဲ့တဲ့နှလုံးသားဟာ အသက်ရှင်ရတာ အဓိပ္ပာယ်မရှိသလို ခံစားလာရပြီး မိသားစုဝင်တွေကိုတောင် သူစိမ်းတွေလို ခံစားလာရတယ်။ *****
Haemin Sunim(The Things You Can See Only When You Slow Down), ဆရာ "မောင်သန်း"နဲ့ Pann Satt Lann ဒီထက်မက အောင်မြင်ပါစေဗျ။