သဘာဝဓမ္မတရားတွေကို နားလည်လာဖို့ ရေးထားတဲ့စာအုပ်လေးဖြစ်တယ်။
ဘာသာရေးကို မိရိုးဖလာအစွဲတွေနဲ့ ရောထွေး ပိတ်မိမနေစေဖို့ လက်တွေ့ကျကျ ရှင်းပြရေးထားတာလေးမို့ အတွေးတွေ ပိုရှင်းသွားတယ်။သဘောကျတာလေးက
ဥာဏ်ပညာပါတဲ့ အေးချမ်းခြင်းအကြောင်းပါပဲ။
သုတဓမ္မဒီပလိုမာမှာ မှတ်သားရတဲ့ "မာ၁၀ချက်"ကိုလည်း ပြန်ဖတ်ရတဲ့အပြင် အခြားသော ကိုယ်မသိသေးတဲ့၊ သိချင်နေတဲ့ ဗောဓိပက္ခိယ ၃၇ပါးအကြောင်းကိုပါ အသေးစိတ်လေး သိလိုက်ရတယ်။
ဒီစာအုပ်လေး ရေးသားထားတဲ့ ရည်ရွယ်ချက်လေးလည်း ကောင်းသလို တကယ်လည်း အသိအမြင်တွေ၊ အတွေးတွေ တိုးလာစေတယ်။
ဘောင်တွေစည်းတွေ ခတ်မထားတဲ့
သဘာဝတရားတွေအကြောင်းကိုပဲ
ပြောသွားတာမို့ စိတ်ဝင်စားရင်
ဖတ်ကြည့်လို့ရပါတယ်။