ကြာပန်းလေးလို နေပါ
အရှင်ဉာဏဝရ(ပါရမီ)

ရင်ထဲမှာအပူတွေများပြီး မချိမဆံ့ခံစားနေရတဲ့အချိန်မှာ
ဒီစာအုပ်လေးကို ရှာတွေ့ခဲ့တာ
တကယ့်ကိုအဖိုးမဖြတ်နိုင်ဆုလာဒ်ပါပဲ
စာဖတ်မြန်တဲ့ကိုယ်တောင် ၇ရက်တိတိအချိန်ယူပြီး
တစ်ကြောင်းချင်းစီကိုအထပ်ထပ်အခါခါဖတ်ပြီး
တွေးယူရတဲ့အထိပါပဲ
စာတစ်ပိုဒ်ဖတ်ပြီးတိုင်း
အပူတစ်ခုလျှော့သွားသလိုခံစားရတယ်
တစ်အုပ်လုံးဖတ်ပြီးသွားတဲ့အခါ
ရင်ထဲမှာငြိမ်းချမ်းသွားသလိုခံစားရတယ်
စိတ်ကိုထားတတ်အောင်သင်ပေးတဲ့ စိတ်ပညာစာအုပ်
လို့တောင်တင်စားချင်ပါတယ်
စာအုပ်အမည်နဲ့ရလာဒ်က
လုံးဝကိုပြီးပြည့်စုံပြီးလိုက်ဖက်လွန်းပါတယ်
ဘာသာပြန်ပေးတဲ့ဆရာကိုလဲ
ကျေးဇူးအများကြီးတင်ပါတယ်နော်

![]() | ![]() | ![]() |