တစ် + တစ် = သုံး ~ ချမ်းမြေ့ဝင်း(ဘာသာပြန်)
တန်ဖိုး ~ 4000ကျပ်

“တစ်+တစ်=သုံး” လို့ဆရာ့pageမှာ စာအမြည်းတင်ကတည်းက စိတ်ဝင်စားခဲ့တာပါ။ ဘယ်လို သူမတူတဲ့ဖန်တီးခြင်းမျိုးပါလိမ့်ပေါ့။ ဆရာကဒီစာအုပ်နဲ့ပတ်သက်ပြီး ကြိုတင်အသိပေးထားသလိုပဲ ဒီစာအုပ်ဟာ ဆရာ့အရင်ထွက်ခဲ့ဖူးတဲ့ ဂရုမစိုက်ခြင်းအနုပညာနဲ့မျှော်လင့်ခြင်းဖတ်စာတို့လို ဒဿနတွေ၊သီအိုရီတွေလုံးဝမပါဘဲ anecdoteလို့ခေါ်တဲ့စိတ်ကွန့်မြူးချင်စရာဇာတ်လမ်းတိုတွေကို စုပေါင်းထားတာပါ။ ကျွန်တော်ကတော့ ကိုယ်မသိသေးတဲ့ဗဟုသုတတွေဖတ်ရရင် ကျေနပ်နေတဲ့သူမို့ ဒီစာအုပ်ကိုကြိုက်ပါတယ်။ကြိုက်လို့လဲတစ်နေ့ကို၂ပုဒ်လောက်ပဲဖတ်ဖြစ်တယ်။ မြန်မြန်ကုန်သွားမှာဆိုးလို့ရယ်၊ နည်းနည်းချင်းတွေးပြီးဖတ်ဖြစ်တာကြောင့်ရယ်၊ အများကြီးဖတ်ပြီးဗဟုသုတတွေ ရောသွားမှာဆိုးတဲ့အတွက်ကြောင့်ရယ်ပါ။

၁+၁=၃ဖြစ်ရတဲ့အကြောင်း
ပြောချင်တာက အိုင်ဒီယာအသစ်ဆိုတာ စိတ်ကူးအဟောင်းတွေကိုပေါင်းစပ်ထားတဲ့အတွက်ကြောင့် အသစ်,အသစ်တွေကိုမလေ့လာနေသေးသရွေ့ ကျွန်တော်တို့ရဲ့ဖန်တီးမှုဟာလဲ ပုံစံတူဖန်တီးမှုတွေပဲ ထွက်လာလိမ့်မယ်လို့ပြောချင်တာပါ။ ဥပမာ နယ်ပယ်တစ်ခုထဲမှာပဲ အရမ်းသိပြီး၊အရမ်းတော်နေသလိုမျိုးပေါ့။
#စတိဗ်ဂျော့က ပြောတယ်၊အိုင်ဒီယာအသစ်မှန်သမျှဟာ…ရှိပြီးသား စိတ်ကူးအဟောင်းတွေကို ပြန်လည်ပေါင်းစည်းထားတာပဲတဲ့။
#ကျွန်တော်တို့ရဲ့ဦးနှောက် တကယ်ဖွံဖြိုးလာဖို့ဆိုရင် ကိုယ်စိတ်မဝင်စားတဲ့ နယ်ပယ်တွေက ဘာတွေလဲဆိုတာကို သိရမယ်။
#ကျွန်တော်တို့ရဲ့တီထွင်နိုင်မှုစွမ်းရည်ဆိုတာ ဆက်နွယ်မှုအသစ်တွေ ဘယ်လောက်များများ ဖန်တီးနိုင်သလဲဆိုတဲ့အရည်အချင်းနဲ့တိုက်ရိုက်အချိုးကျနေတယ်။
#ဒီအရည်အချင်းကို ရဖို့ဆိုတာ ကိုယ်မသိနားမလည်တဲ့နယ်ပယ်တွေကို ဘယ်လောက်လေ့လာနိုင်သလဲဆိုတာနဲ့ သက်ဆိုင်တယ်။

ဒီစာအုပ်ထဲမှာမိကျောင်းပေါက်တစ်ကောင်ကြောင့် လေယာဉ်ပျက်ကျပြီးသေဆုံးရတဲ့အကြောင်းကိုဖတ်မိတော့ တော်တော်ကို သင်ခန်းစာရမိပါတယ်။ ကိုယ်ပိုင်ဦးနှောက်နဲ့မစဉ်းစားတော့ပဲ သူများနည်းတူလျှောက်လုပ်တော့ မဖြစ်သင့်တာတွေဖြစ်ရတာပေါ့။
#“ကိုယ်ပိုင်ဦးနှောက်နဲ့ဆုံးဖြတ်ပိုင်ခွင့်”ဆိုတာ လူအုပ်ထဲဝင်မတိုးခင်မှာသာ..ရှိနိုင်တာ။ ဝင်တိုးပြီးသွားရင်တော့နောက်ကျသွားပြီ။

နောက်အကြိုက်ဆုံးကတော့ မသိခြင်းရဲ့တန်ဖိုး(မစဉ်းစားခြင်းဖော်မြူလာ)ပါ။ တစ်ချို့အရာတွေက ချမှတ်ထားတဲ့စည်းမျဉ်းအတိုင်း(စနစ်အတိုင်း)လိုက်လုပ်နေရင်တော့ ပုံမှန်ဆိုတဲ့အတိုင်း ပုံမှန်ပဲဖြစ်နေမှာပါ။ ကိုယ့်စိတ်ကူးအတိုင်း ဖန်တီးထိုးဖောက်နိုင်စွမ်းရှိဖို့ဆိုရင် တစ်ချို့ကိုတော့ စွန့်စားရမှာပါ။
#ပျံသန်းခြင်းဥပဒေသ အရဆိုရင် ပိတုန်းဆိုတဲ့အကောင်ဟာ လေထဲမှာပျံဖို့မဖြစ်နိုင်ဘူး။ ဒါပေမယ့် ဒီဥပဒေသကို ပိတုန်းတွေက မသိဘူး။ မသိတဲ့အတွက် ပျံစရာရှိတာ ဆက်ပျံနေကြတယ်။

အခြားဗဟုသုတရစရာပုံပြင်လေးတွေ၊ စိတ်ကွန့်မြူးချင်စရာပုံပြင်လေးတွေကိုလေ့လာရင်း ဒီစာအုပ်ထဲမှာ ဗဟုသုတတွေအများကြီးရကြပါစေ။

#Thaw Zin Phyo