ကြာပန်းလေးလို နေပါ
အရှင်ဉာဏဝရ(ပါရမီ)

ကျွန်မတို့ဘဝမှာ ကျွန်မတို့လိုချင်တောင်းတတဲ့အရာပြောပါဆိုရင် ကိုယ်ကျန်းမာ စိတ်ချမ်းသာ တာကိုလည်းလိုချင်ကြမယ်ထင်ပါတယ်....... ကိုယ်ကျန်းမာဖို့အတွက် အစာအာဟာရတွေမျိုးစုံအောင်စားပေးဖို့လိုအပ်သလို စိတ်ချမ်းသာဖို့ရာအတွက်လည်း စိတ်ကို အာဟာရတွေတိုက်ကျွေးဖို့ လိုအပ်ပါတယ်...... စိတ်ကပဲ အရာရာကို ဦးဆောင်နေတာမို့လို့ ကျွန်မတို့စိတ်ကိုလည်း ဂရုစိုက်ပေးနေဖို့လိုအပ်ပါတယ်.....လိုအပ်တဲ့အာဟာတွေ တိုက်ကျွေးနေဖို့လိုအပ်ပါတယ်.......
ဆရာမ မမွန်ရဲ့ ခုထွက်ရှိထားတဲ့ မနက်စာအာဟာရစာအုပ်လေးကတော့ ကျွန်မတို့စိတ်အတွက် လိုအပ်နေတဲ့ အာဟာရတွေကို ဖြည့်ဆည်းပေးနိုင်မှာပါ....... မနက်မှာ အာဟာရပြည့်စုံ ကြွယ်ဝတဲ့ အစားအသောက်တွေကို စားလိုက်ရင် ကျွန်မတို့ ခန္ဓာကိုယ်ကြီးနေလို့ကောင်းသွားသလိုပဲ Morning vitamins ထဲကစာပိုဒ်လေးတွေကိုဖတ်ကြည့်လိုက်တာနဲ့ အင်အားတွေပြည့်ဝသွားပြီး စိတ်ကို အာဟာရတိုက်ကျွေးလိုက်သလိုပဲ စိတ်လည်းနေလို့ပျော်သွားပါတယ်......
တစ်ရက်တစ်ရက် ပင်ပန်းနွမ်းနယ်မှုတွေ......စိတ်ဖိစီးမှုတွေ......စိတ်ပင်ပန်းမှုတွေဆိုတာ လူတိုင်းအနည်းနဲ့အများတော့ ကြုံနေရမြဲပဲ.......စိတ်ဖိစီးဝမ်းနည်းမှုတွေများလာပြီဆိုရင် Negative thoughts တွေကများလာတတ်ပါတယ်......ဒါပေမယ့် Negative thoughts တွေကို ပြောင်းပြန်လှန်ပြီး Positive ဘက်ကိုချည်းကပ်လို့ရပါတယ်......အဲ့ဒါကြောင့်ကျွန်မတို့စိတ်ကို အာဟာရကျွေးဖို့လိုအပ်တာပါ.....စိတ်က အာဟာပြည့်ဝနေတဲ့အချိန်မှာ စိတ်ဖိစီးမှုတွေလျော့ကျသွားမယ် Positive thoughts တွေပိုတွေးလာမယ်.......နောက်ဆုံး စိတ်ပျော်ရွှင်အောင်နေတတ်လာမယ်......အရာရာကို အကောင်းမြင်စိတ်နဲ့ ကြည့်တတ်လာမယ်.......
Morning Vitamins စာအုပ်လေးကတော့ရိုးရှင်းပါတယ်......ကျွန်မတို့ နေ့စဥ်စိတ်ပျော်အောင်နေတတ်ဖို့......ကျွန်မတို့ တင်းကြပ်နေတဲ့စိတ်တွေ Relax ဖြစ်သွားဖို့....... တစ်နေ့တာကို Positive vibes တွေနဲ့ဖြတ်သန်းနိုင်ဖို့...... Inner peace ရဖို့ Support ပေးနိုင်တဲ့စာအုပ်လေးတစ်အုပ်လို့ မြင်ပါတယ်......
ဆရာမ မမွန်ရဲ့ မနက်စာအာဟာရလေးတွေ စားသုံးခွင့်ရတဲ့အတွက်လည်း ဆရာမကိုကျေးဇူးတင်ပါတယ်...... မနက်တိုင်း Facebook new feeds လေးတွေကြည့်ပြီဆို ဆရာမရဲ့ Morning vitamins posts လေးတွေကိုဖတ်ခွင့်ရတာလည်း ကျွန်မအတွက် စိတ်ခွန်အားအများကြီးရပါတယ်..... မနက်တိုင်းလည်း အာဟာရယူနေရဦးမှာပါပဲ......တစ်နေ့တာလုံး အာဟာရပြည့်ဝနေဖို့လိုတာကိုး.......
တစ်နေ့တာလုံးကိုယ့်စိတ်ကိုယ် အာဟာရမဖြည့်ပေးပဲနဲ့ အတွေးတွေနဲ့ပဲအလုပ်ပေးထားဖို့ မထိုက်တန်ပါဘူး.......ကျွန်မတို့အားလုံး ကိုယ့်စိတ်ကိုယ် အာဟာရလေးတွေတစ်နေ့နည်းနည်းစီ ကျွေးသွားကြမယ်....... တစ်နေ့နည်းနည်းကပဲ ကျွန်မတို့အတွက် လုံလောက်တဲ့အခြေအနေထိအရောက်သွားနိုင်မှာပါ.......
စာညွှန်းလေးမှာအမှားပါခဲ့ရင် ဆရာမနဲ့ စာဖတ်သူတွေကို နားလည်ပေးပါရန် တောင်းဆိုရင်း.....
Thae JM

![]() | ![]() | ![]() |