ကြာပန်းလေးလို နေပါ
အရှင်ဉာဏဝရ(ပါရမီ)

You are Special♡
စာအုပ်နာမည်လေးကိုက သဘောကျစရာလေး ဖြစ်နေတာရယ်🥰🤍
စိတ်အားငယ်တတ်တဲ့သူတွေအတွက်၊
နောက်ပြီး အတွေးတွေထဲ ပိတ်မိနေတတ်တဲ့သူတွေအတွက်၊ Self Confidence
သိပ်မရှိတဲ့သူတွေအတွက် အကျိုးရှိစေမဲ့
စာအုပ်လေးမို့ ကိုယ်က အဲ့လိုလူမျိုးထဲ
ပါနေရင် ဖတ်ကြည့်ဖို့ အကြံပြုချင်ပါတယ်။
ဒီစာအုပ်လေးထဲမှာ အခန်း(၁၀)ခန်း
ပါပါတယ်။ ထူးခြားတာ တစ်ခုကတော့
အခန်း(၁)ခန်းပြီးတိုင်း အဲ့အပိုင်းနဲ့သက်ဆိုင်တဲ့လေ့ကျင့်ခန်းလေးတွေ
တခါတည်း လုပ်ဖို့ ပေးထားတာပါ။
ကျွန်မကိုယ်တိုင်လည်း စိတ်တက်လွယ်ကျလွယ်တဲ့အထဲမှာပါပါတယ်။
ဒီထဲက သင်ခန်းစာလေးတွေ လိုက်လုပ်ဖြစ်တော့ ကိုယ့်စိတ်ကို ဆင်ခြင်မိလာတယ်။ Self Reflection ကောင်းကောင်း လုပ်ဖြစ်သွားတယ် ပြောရမယ်။
ကိုယ့်အားနည်းချက်၊ အားသာချက်တွေကို သိသွားတာကလည်း ကောင်းတဲ့အချက်တစ်ချက်ပါပဲ။
အခန်းတိုင်းမှာ ဥပမာပေးထားတဲ့ ပုံပြင်လေးတွေကလည်း မှတ်သားစရာ
အတွေးတွေ၊အသိအမြင်တွေကို ရစေပါတယ်။🤍
မဖတ်ရသေးရင် ဖတ်ပြီးတော့
လေ့ကျင့်ခန်းလေးတွေ လုပ်ကြည့်ပါအုံးနော်။✨️
တနေ့တာ ရှင်သန်လှုပ်ရှားနေရတဲ့၂၄နာရီမှာ ကိုယ့်စိတ်ကို တကယ်သိနေတဲ့အချိန်က ရှားပါတယ်။ ပြင်ပက ထိတွေ့မိတဲ့အာရုံတွေနောက်လိုက်ပြီး စိတ်တွေ မငြိမ်မသက်ဖြစ်နေတဲ့အချိန်က ပိုများနေတာပါ။
အဲ့ဒီအတွက် Daily Reflection
ရေးကြည့်ဖို့လည်း အကြံပေးချင်ပါတယ်။
စာအုပ်ထဲမှာ သဘောကျမိတဲ့
နောက်ထပ် တစ်ချက်ကတော့
Map of Consciouness(အာရုံသိစိတ်
အဆင့်ပြမြေပုံ)အကြောင်းရှင်းပြပေးထားတဲ့ အပိုင်းပါ။
(cmtမှာ ပုံလေး ထည့်ပေးထားပါတယ်)
ကိုယ့်အသိစိတ်က ဘယ်အဆင့်မှာ
ရှိနေလဲ ဆန်းစစ်ကြည့်လို့ရပါတယ်။✨️
စိတ်ခွန်အားရဖို့အတွက်
ဘာတွေ ဘယ်လိုလုပ်သင့်တယ်ဆိုပြီး ရေးထားတာမျိုးမဟုတ်ဘဲ ကိုယ်ပိုင်အသိစိတ်နဲ့ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို ရှာဖွေကြည့်နိုင်မဲ့ စာအုပ်တစ်အုပ်လို့
ပြောချင်ပါတယ်။
အကျိုးရှိစေမဲ့ စာအုပ်လေးတစ်အုပ်မို့
ဖတ်ကြည့်ဖို့လည်း ညွှန်းချင်ပါတယ်။✨️
#သက်တန့်မေရီ
#မင်းကထူးခြားတယ်
#reviewby하은
#Aug9

![]() | ![]() | ![]() |