ကြာပန်းလေးလို နေပါ
အရှင်ဉာဏဝရ(ပါရမီ)

ဒီနေ့ Market Place ကိုရောက်တော့ သားထွေးရဲ့ ဘဝ၏ပျော်ရွှင်ခြင်း အချစ်၏လှပခြင်း စာအုပ်ကလေးက နံပါတ် 1 နေရာကိုရောက်ရှိနေတာကို တွေ့လိုက်ရပါတယ်။
ကျွန်မအတော်သဘောကျနေတဲ့စာအုပ်ကလေး နံပါတ်တစ်
နေရာကိုရောက်တာတွေ့ရတော့ အတော်ပဲဝမ်းသာသွားပါတယ်။
ကျွန်မနဲ့စာရေးသူဟာ အပြင်မှာလည်းလူချင်းမသိသလို Facebook ပေါ်မှာလည်း လုံးဝ မသိဖူး ..မတွေ့ဖူးတဲ့သူတွေဖြစ်ပါတယ်..
ကျွန်မကိုယ်တိုင် ဒီစာအုပ်ကလေးကို သင်္ကြန် မတိုင်ခင်ကပဲဝယ်ယူခဲ့ပြီးဖတ်ဖြစ်နေခဲ့ပါတယ်..စာအမျိုးအစားအရ တစ်ထိုင်တည်းနဲ့အပြီးဖတ်ရမယ့် စာအုပ်မျိုးမဟုတ်ဘဲနဲ့ တစ်ခုခုကိုစောင့်နေရတဲ့အချိန်မှာ တစ်ပုဒ်နှစ်ပုဒ်လောက် ထုတ်ဖတ်လိုက်တာမျိုးပါပဲ။ မအိပ်ခင်လေး တစ်ပုဒ်လောက်ဖတ်လိုက်တယ်။
စာလေးတွေကသိပ်အရှည်ကြီးမဟုတ်ဘူး။ ဒါပေမဲ့ အတော့်ကိုကောင်းတဲ့ အတွေးအခေါ် လေးတွေပါလို့ သဘောကျစရာပါပဲ။
စာလေးတွေဖတ်ပြီး စဥ်းစားနေမိတာ အများကြီးပါပဲ။
ကိုယ့်ခွင့်ပြုချက်မပါဘဲဘယ်သူကမှကိုယ့်ကိုနာကျင်အောင်လုပ်လို့မရပါဘူး ..။
လူတိုင်းကကောင်းတာတွေချည်းတွေးထားတယ် ။ဆိုးတာတွေအတွက်ပြင်ဆင်မထားဘူး..။
ဘဝဟာအကန့်တွေခွဲထားမှပျော်ရလိမ့်မယ်။
အခု ကိုယ့်အပေါ်မကောင်းတဲ့သူ..ကိုယ်မကြိုက်တဲ့သူတွေဟာလည်း နှစ်အနည်းငယ်အကြာမှာ ကိုယ်နဲ့ လုံးဝမသက်ဆိုင်တဲ့သူ.. အရေးမပါတဲ့သူတွေဖြစ်သွားပါလိမ့်မယ်..တဲ့။
ကျွန်မ မှတ်ထားမိတဲ့ စာကြောင်းလေးတွေပါ။
စိတ်ထဲမှာ Stress လေး တစ်ခုရှိနေတဲ့အချိန် စာလေးတစ်ပုဒ်လောက်ကိုဖတ်လိုက်တာ ပေါ့ပေါ့ပေါးပါးလေးပြန်ဖြစ်သွားတယ်။
ဒါကြောင့်စာအုပ်ရဲ့ပထမပိုင်းမှာဘဝရဲ့ပျော်ရွှင်ခြင်းဆိုပြီး အပိုင်းခွဲထားတာဖြစ်ပါလိမ့်မယ် ။
နောက်တစ်ပိုင်းကတော့ အချစ်၏လှပခြင်းဖြစ်ပါတယ်။ အဲဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အချက်တွေပါတယ်။
သမီးရည်းစားတွေဖုန်းကြာကြာမပြောသင့်ဘူး။ ဖုန်းပြောချိန်ကိုလျော့သင့်တယ်.. ဆိုတာမျိုးလေးတွေ့ရတယ်။
ကျွန်မ Relationship တွေအကြောင်း အများကြီးရေးခဲ့ဖူးပေမယ့်..ဒီအချက်ကို တစ်ခါမှတောင်မတွေးခဲ့.. မမြင်ခဲ့မိပါဘူး။ သူရေးထားတာဖတ်ရတော့မှပဲ ..ဟုတ်လိုက်တာ ...ဖုန်းကြာကြာပြောလေ စကားတွေများလေ.. ပြဿနာတက်လေပါပဲ.. လို့တွေးရင်းပြုံးမိပါတယ်.. ။
ဒီလိုအချိန်မှာ အေးအေးဆေးဆေးလေးဖတ်ဖို့ စာအုပ်ကလေး တစ်အုပ်ကို ညွှန်းပါဆို ကျွန်မ ဒီစာအုပ်ကလေးကို ညွှန်းပေးချင်ပါတယ်။
Congratulations ပါကိုသားထွေးရေ။
နောက်ထပ်လည်း ဒီလို လှပတဲ့စာလေးတွေဖတ်ရဦးမယ်လို့ယုံကြည်မျော်လင့်နေပါတယ်။
#Tharhtwe
#ဘဝ၏ပျော်ရွှင်ခြင်းအချစ်၏လှပခြင်း
#bookreview
#bookiveread

![]() | ![]() | ![]() |