မကောင်းမှုထူပြောတဲ့လောကထဲမှာကောင်းတဲ့ကလေးတွေပေါ်ထွန်းလာစေဖို့
အောင်လှိုင်

ကလေးစိတ်ပညာဆိုင်ရာ စာအုပ် Revew (၃)
*********************************
ယခုအပတ်ထဲ ဒုတိယ အကြိမ်မြောက် ထပ်ဖတ်ဖြစ်နေတဲ့
" ဝန်းကျင်ဆိုတာ ကလေးတို့ ဆရာ" ဆိုတဲ့ စာအုပ်လေး Revew ရေးလိုက်ပါတယ်။
ဒီစာအုပ်မှာ ဘယ်လိုမေးခွန်းတွေအတွက် အဖြေရှိမလဲ..?
------------------------------------------------------------
၁။ ကလေးတစ်ယောက်ရဲ့ ဖွိ့ဖြိုးတိုးတတ်မှု အတွက်
ပတ်ဝန်းကျင်က ဘယ်လောက်ထိ အရေးပါသလဲ....?
၂။ လူငယ် တချို့က မိမိကိုယ်ကို အမြဲအပြစ်တင်တတ်တဲ့ အကျင့်ရှိတယ်။ ဘယ်ကိစ္စမှာပဲ ဖြစ်ဖြစ် အမြဲ မိမိကိုယ်ကိုပဲ အပြစ်တင်ပြီး စိတ်သောက ရောက်နေတတ်တယ်။ ဒါဘာကြောင့်လဲ...?
၃။ တချို့ကျပြန်တော့ Negative Thinking အရမ်းများတယ်။
ကိစ္စတစ်ခုနဲ့ ပတ်သက်ပြီးတွေးလိုက်ရင် အမြဲ မကောင်းတဲ့ အပျက်သဘောပဲတွေးတယ်။ ဒါ့ကြောင့်ပဲ ယခုခေတ်မှာ လူငယ်အများစု Depression ဖြစ်ပြီး Suicide လုပ်တာတွေ များလာတယ်။
ဒါတွေဟာ ဘာ့ကြောင့်လဲဆိုတဲ့ အဖြေကို ဒီစာအုပ်မှာ တွေ့ရမှာပါ။
ဘယ်မိဘဆရာပဲ ဖြစ်ဖြစ် မိမိ တပည့် သား, သမီးကို မိမိကိုယ်ကို ယုံကြည်တဲ့သူ ၊ အလုပ်ကိစ္စတွေမှာ စိတ်ရှည်သူ ၊အလွယ်တကူ စိတ်ဓာတ်မကျတတ်သူ၊ မိမိကိုယ်ကို တန်ဖိုးထားသူ ၊ မောင်နှမ သူငယ်ချင် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် ချစ်ချစ်ခင်ခင် နေတတ်သူ ၊ ရည်မှန်ချက်ကြီးသူ၊ အမှန်တရားကို မျက်နိုးသူအဖြစ်ပဲ မြင်ချင်ကြပါတယ်။
ဒီလို ဖြစ်အောင် မိဘဆရာပတ်ဝန်းကျင်က ဘယ်လို ပြုစုစောင့်ရှောက်ပေးရသလဲ....?
အထက်ပါမေးခွန်းတွေရဲ့ အဖြေကို ဖြစ်ရပ်ဇာတ်လမ်းများစွာနှင့်အတူ Theory ပေါင်းများစွာကို ဒီစာအုပ်မှာ ရေးသားထားပါတယ်။
ဇာတ်လမ်းပေါင်းများစွာနဲ့ ဖတ်ရှုရမှာ ဖြစ်တဲ့အတွက် မိဘဆရာတစ်ဦးအနေနဲ့ မိမိကိုယ်ကို သတိထား ရှောင်ကြဉ်စရာ လိုက်နာစရာ အတုယူစရာတွေကို ရှင်းရှင်းလင်းလင်း သိမြင်ရမှာ ဖြစ်ပါတယ်။
ကလေးတစ်ယောက်ရဲ့ စရိုက်ကို သူတို့ဖြတ်သန်းခဲ့ရတဲ့ ပတ်ဝန်းကျင်က များစွာ လွှမ်းမိုးပါတယ်။
ဒါ့ကြောင့် မိဘ ဆရာများအနေနဲ့ မိမိ တပည့်သားသမီးကို စရိုက်ကောင်းတွေ စိတ်ဓာတ်ကောင်းတွေ ပြုစုပျိုးထောင် ပေးချင်တယ်ဆိုရင် မဖြစ်မနေ ဖတ်သင့်တဲ့ စာအုပ်လု့ိပဲ ညွှန်းလိုက်ချင်ပါတယ်။
ဒီစာအုပ်ဖြစ်ပေါ်လာပုံက
*****************
၁၉၅၄ ခုနှစ် ကာလီဖိုးနီးယားမြောက်ပိုင်း သတင်းစာမှာ ပါခဲ့တဲ့ ''ဝန်းကျင်ဆိုတာ ကလေးတို့ဆရာ"ဆိုတဲ့ ကမ္ဘာကျော်ကဗျာ လေးတစ်ပုဒ်က စခဲ့တာပါ။
မူရင်းစာရေးဆရာမကတော့ ကလေးနှစ်ယောက်ရဲ့ မိခင်ဖြစ်တဲ့ Dorothy Law Nolte ဖြစ်ပြီး မူရင်းစာအုပ်နာမည်က Children Learn What They Live ပဲ ဖြစ်ပါတယ်။ ဒါကို ဆရာ ဒေါက်တာသိန်းလွင်က "ဝန်းကျင်ဆိုတာ ကလေးတို့ဆရာ" ဆိုတဲ့ အမည်နဲ့ ဘာသာပြန်ထားတာ ဖြစ်ပါတယ်။
မိဘဆရာတိုင်းကို ဖတ်ဖို့တိုက်တွန်းချင်ပါတယ်။
အားလုံးကိုလေးစားလျက်
#ကလေးစိတ်ပညာနှင့် ပညာရေး
ကလေးစိတ်ပညာဆိုင်ရာ စာအုပ် Revew. ( ၁ )
https://www.facebook.com/100034646130954/posts/314692673028935/?app=fbl
ကလေးစိတ်ပညာဆိုင်ရာ စာအုပ် Revew. ( ၂ )
https://www.facebook.com/100034646130954/posts/336530384178497/?app=fbl

![]() | ![]() | ![]() |