ဆရာဇော်ဂျီ၏စကားပြေရေးဟန်

( 0 မှတ်ချက်)

14000 (ကျပ်)

ခေတ်စမ်းစာပေလှုပ်ရှားမှုကို ဦးဆောင်ခဲ့သည့် အမျိုးသားစာဆိုနှင့်အမျိုးသားစာပေပညာရှင်ကြီးဖြစ်သော ဆရာဇော်ဂျီ၏စာပေလက်ရာများအတွင်းမှ သုတစကားပြေ၊ ရသစကားပြေရေးဟန်ကို လေ့လာတင်ပြထားသည့် စာမူ ဖြစ်သည်။

ဆရာဇော်ဂျီသည် အသက် ၁၆ နှစ်သားအရွယ်ခန့်မှစ၍ ကွယ်လွန်ချိန် အသက် ၈၀ ကျော်အရွယ်အထိ ဘ၀တစ်လျှောက်လုံး စာပေများစွာ ရေးသားခဲ့ရာ ကဗျာ၊ ၀တ္ထုတို၊ ပုံပြင်၊ ပြဇာတ်၊ ဆောင်းပါး၊ စာတမ်း၊ စာတမ်းငယ်၊ ဘာသာပြန်များသာမက မြန်မာ့သမိုင်းစာအုပ်၊ ကျောင်းသုံးဖတ်စာများအပါအဝင် စာအမျိုးအစားများစွာ ရေးသားပြုစုခဲ့သည်။ ယင်းစာများအတွင်းမှ ပင်ကိုရေးစကားပြေမျိုးစုံကို ရှုထောင့်စုံမှ ဖတ်ချင်စဖွယ်ဖြစ်အောင် ရေးဟန်နည်းစနစ်များဖြင့် စကားပြေရေးဟန်ကို ဖော်ထုတ်သည်။

စာမူတွင် အခန်း၅ခန်း ခွဲခြားတင်ပြသည်။ စကားပြေ၏ အဓိပ္ပာယ်၊ ရေးဟန်နှင့်ရေးဟန်ပညာ၊ ဆရာဇော်ဂျီနှင့်စာဓလေ့၊ ဆရာဇော်ဂျီ၏စကားပြေရေးဟန်၊ ခြုံငုံသုံးသပ်ချက်ဟူ၍ သုတေသနပြု တင်ပြသည်။ ဆရာဇော်ဂျီ၏ စကားပြေအနက်မှ ပုဂံမြို့ဟောင်းနှင့်ကျွန်တော်၊ သူ့မယား၊ ရွှေမောင်းသံ၊ မွန်ဝန်ကြီးနှင့် မြန်မာစကားပြေ၊ မြန်မာစကားပြေသုတေသနစာတမ်း၊ ကံ့ကော်မြိုင်စာတန်း အမှာစာ၏ စကားပြေရေးဟန်တို့ကို ရှုထောင့်စုံမှ ရေးဟန်ပညာဖြင့် စီစစ်လေ့လာတင်ပြသည်။

ဆရာဇော်ဂျီ၏စကားပြေအစီအစဉ်၊ အတင်အပြ၊ နှစ်သက်စရာကောင်းမှု၊ စကားလုံးတစ်လုံးချင်း ဂရုတစိုက် သုံးတတ်မှု၊ ဝါကျကို ဂရုတစိုက်ဖွဲ့မှု၊ ဝါကျတစ်ခုချင်း၊ စာပိုဒ်တစ်ပိုဒ်ချင်းကို ပြေပြစ်စွာ ချိတ်ဆက်ပြီး သေသပ်စွာ ရေးဖွဲ့တတ်မှု၊ ပုံစံတူ စကားစုများ၊ ဝါကျများဖြင့် လေးနက်စေမှုတို့ကိုလည်း စာတစ်စောင်ပေတစ်ဖွဲ့အဖြစ် ရေးသားထားသည်။

ထို့ပြင် စကားပြေ သဘောသဘာ၀၊ ရေးဟန်နှင့်ရေးဟန်ပညာတို့နှင့်ပတ်သတ်သည့် အယူအဆများ၊ ဆရာဇောဂျီ၏စာဓလေ့၊ ဆရာ၏ကိုယ်စိတ်အမှုအရာ၊ စာပေအပေါ်သဘောထား၊ အမြင်နှင့်ခံယူချက်၊ ဆရာ့လက်ရာများအပေါ် ခံစားအကဲဖြတ်ချက်တို့ကို ဆရာဇော်ဂျီ၏ လက်ရာ စာအုပ်စာတန်းများကို အခြေခံ၍ သာမက ဆရာ၏ တပည့်ရင်းများ၊ မိတ်ဆွေရင်းများကို တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သည်။

ဆရာဇော်ဂျီ၏ စကားပြေများသည် ပတ်ဝန်းကျင်လူ့လောကနှင့် နိုင်ငံချစ်စိတ်လွှမ်းမိုးလျက် မြန်မာတို့အား ကမ္ဘာနှင့်ပါ ထိတွေ့ပေးနိုင်သည့် စာကောင်းပေမွန်များ ဖြစ်သည်။ နိုင်ငံကို ချစ်မြတ်နိုးသော စိတ်စေတနာ၊ ပြည်သူကို ချစ်မြတ်နိုးသော စိတ်စေတနာ၊ လူသားတို့ကို ချစ်မြတ်နိုးသော စိတ်စေတနာတို့ကို အရင်းခံရေးသားလျက် ဖတ်ရှုသူ၏ အမျိုးသားရေးစိတ်ဓာတ်နှင့် အကောင်းမြင်စိတ်ခွန်အားတို့ကို နှိုးဆွပေးသည်။

ဘာသာစကားကို ကျွမ်းကျင်စွာ အသုံးပြုရေးသားတတ်ပြီး နှစ်သက်ဖွယ်ဂုဏ်ကိုဖော်ညွှန်းရေးသားသည့် အမျိုးသားစာဆို ကဝိ ဆရာဇော်ဂျီ၏ စကားပြေရေးဟန်ကို သုတေသနပြု လေ့လာတင်ပြထားသဖြင့် မြန်မာစကားပြေဖွံ့ဖြိုးတိုးတတ်ရေးအတွက် အကိုးအကားပြုရမည့် စာမူ ဖြစ်သည်။

စာမျက်နှာ

235 (Woodfree paper)

စာအုပ်အရွယ်အစား

6.2 x 0.4 x 9 inches

ပုံနှိပ်မှတ်တမ်း

အမြွှာညီနောင်၊ 2025 အောက်တိုဘာလ (စတုတ္ထအကြိမ်)

9 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဆရာဇော်ဂျီ၏စကားပြေရေးဟန်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဒေါက်တာစိုးနိုင် စာအုပ်များ