ရွာရန်ရာနှုန်း ၈၀
4200 (ကျပ်)
…
| စာမျက်နှာ | 208 |
|---|---|
| စာအုပ်အရွယ်အစား | 5.4 x 0.4 x 8.3 inches |
| ပုံနှိပ်မှတ်တမ်း | ကံ့ကော်ဝတ်ရည်စာပေ၊ 2020 ဩဂုတ်လ၊ (ပ-အကြိမ်) |
Out of stock
4200 (ကျပ်)
…
| စာမျက်နှာ | 208 |
|---|---|
| စာအုပ်အရွယ်အစား | 5.4 x 0.4 x 8.3 inches |
| ပုံနှိပ်မှတ်တမ်း | ကံ့ကော်ဝတ်ရည်စာပေ၊ 2020 ဩဂုတ်လ၊ (ပ-အကြိမ်) |
Out of stock
|
|
|
Shar Min Sett –
#ရာနှုန်းပြည့်_ရင်ထဲနွေးသော
ရီဝေယစ်မူးတိမ်းညွှတ်ဖွယ် လန်တန်ပန်တန်အချစ်မျိုး၊ ပွေလီရှုပ်ပွ ပရမ်းပတာဆန်တဲ့ စကားပြောမျိုး၊ မရမက အတင်းကြီး ဇွတ်ပေးတွေ့တဲ့ဖြစ်ရပ်မျိုး၊ ထွေလီဆန်းပြားဖို့ မကျွမ်း၀င်တဲ့ လောကစိမ်းကို တတ်ယောင်ကား ဇာတ်လမ်းဆင်တာမျိုး၊ လူမဆန်တဲ့လူတွေကို လူလိုလုပ် ဖန်တီးပြတာမျိုး. . . စတဲ့ စိတ်နှလုံးအော့ဖွယ်တွေ မပါ၀င်ဘဲ သက်လတ်ပိုင်းအရွယ်တို့ရဲ့ အနာတရမကင်းတဲ့နှလုံးသားတစ်စုံကို အခြေပြုကာ သူ့နည်းသူ့ဟန် ကိုယ့်နည်းကိုယ့်ဟန် ရှင်သန်လှုပ်ရှားရင်း ပခုံးပေါ်မှာ ထမ်းပိုးထားရတဲ့ မေတ္တာအထုံးအဆက်ကိုယ်စီနဲ့ ရှေ့ဆက်မလား၊ နောက်တွန့်မလားဆိုတဲ့ မေးခွန်းကို “ရွာရန်ရာနှုန်း ၈၀”လို့ အဖြေပေးထားပေမဲ့ ကျွန်တော့်ရင်ကိုတော့ “ရာနှုန်းပြည့်” နွေးစေတဲ့စာအုပ်ဖြစ်ပါတယ်။
#OneLineReview
#သော်တာအေးလဲ့_ရွာရန်ရာနှုန်း၈၀
Aeri Myat –
လတ်တလော ရာသီဥတုနဲ့ ကိုက်ညီတဲ့စာအုပ်လေး တစ်အုပ်
ညွှန်းပေးချင်ပါတယ်💛
ဆရာမ သော်တာအေးလဲ့ရဲ့
“ရွာရန်ရာနှုန်း၈၀” ဆိုတဲ့စာအုပ်လေးပါ။
စာတစ်ကြောင်းစီတိုင်းက
ငြိမ့်ငြိမ့်လေးနဲ့ တွေးစရာတွေ
အများကြီး ဖြစ်စေတဲ့ စာအုပ်လေး။
အဓိက ဇာတ်ကောင်ဖြစ်တဲ့ ဖြူ နဲ့ အောင်
နှစ်ယောက်လုံးမှာ လျို့ဝှက်ချက်ရှိတာမျိုးမဟုတ်ပေမဲ့ ဆရာမက အကြောင်းအရာအချို့ကို ဝှက်ရေးသွားတာမို့
သိချင်စိတ်နဲ့ စာအုပ်ကို
တွန်းဖတ်မိတော့တာပဲ။
“အောင်” နဲ့ “ဖြူ” နှစ်ယောက်က
သူငယ်ချင်းလည်းမက ချစ်သူလည်း
မကျတဲ့ အခြေအနေ တစ်ခုမှာ
ရှိနေတာရယ်။
အောင့်ရဲ့အတိတ်က “မမစု”ကိုရော
ဖြူ့ရဲ့ အတိတ်က “မင်းမြတ်” ကိုရော
ဖတ်ရင်းနဲ့မှ သိလာရတယ်။
နှစ်ယောက်လုံးက အတိတ်ရှိကြတဲ့
သူနှစ်ယောက်အဖြစ်ကနေ စထားတာမို့
သဘာဝပိုဆန်တယ် ပြောရမလားပဲ။
စိတ်ဒဏ်ရာကိုယ်စီ ရှိကြတဲ့ နှစ်ယောက်
ဖုန်းပြောကြ၊ Mail အပြန်အလှန်
ပို့ကြတဲ့အချိန်တွေက သူတို့အတွက်တော့ Healing Time ပဲ🤍
မီးခိုးခေါင်းတိုင်ထဲက ထွက်လာတဲ့
လူနှစ်ယောက်မှာ ဘယ်သူက
ဘယ်သူ့ထက် ပိုပြီးတော့များ…။
နာကျင်ခဲ့ရတဲ့ အတိတ်ကို
ခွင့်လွှတ်ကြပြီးတော့ ရှေ့ဆက်ကြဖို့
အနာဂတ်မှာလည်း ထပ်ပြီးတော့
မဝေးကြတော့ဖို့ မျှော်လင့်ရင်း…။💛
#သော်တာအေးလဲ့
#ရွာရန်ရာနှုန်း၈၀
#하은
#July14