ငါတို့ရွာပြန်ကြရအောင်
12000 (ကျပ်)
ငါတို့ရွာပြန်ကြရအောင် … ငါတို့ရွာပြန်ကြရအောင် ဆိုသည့်အသံက ကျွန်တော့်ရင်ထဲမှာ ပဲ့တင်သံတွေ ရိုက်ခတ်နေလျက်။ အမှန်တော့ ရွာပြန်ကြရအောင် ဆိုတာက ကျေးလက်တောရွာကိုပဲ ပြောလိုခြင်း မဟုတ်ပါ။ ကိုယ့်မွေးရပ်မြေနှင့် ငယ်ဘ၀နှင့် လောကဝန်းကျင်ကိုလည်း ရည်ညွှန်းပါသည်။ ငယ်ဘ၀လောကဝန်ကျင်ကလေးသည် ရွာနှင့်မခြား သေးငယ်ကျဉ်းမြောင်းသည်။ အဲသည်မှာ ပေါ့ပါးပျော်ရွှင်ခဲ့ကြသည်။ ကြီးလာတော့မှ အနားသတ်မဲ့သည့် လောကဝန်းကျင်ကြီးထဲသို့ ကျွန်တော်တို့ ရောက်သွားခဲ့ကြသည်။ သို့ရာတွင် မည်သူမဆို ကိုယ့်ဇာတိမြေနှင့် ကျင်လည်ခဲ့သည့် လောကဝန်းကျင်ကလေးကို သတိရကြစမြဲ။ လွမ်းကြစမြဲ။ ဒါကြောင့်လည်း နှစ်သစ်ကူးချိန်ရောက်ချိန်တိုင်း ကိုယ့်နေရာဟောင်းကို ပြန်ဖို့အတွက် လေဆိပ်တွေ၊ မော်တော်ကားဂိတ်နှင့် မီးရထားဘူတာရုံတွေမှာ ခရီးသည်တွေ ဒင်းကြမ်းပြည့်ကျပ်နေလျက်။ ပြန်ခွင့်မသာသူတွေကတော့ အလွမ်းစိတ်ဖြင့် ဖြေသိမ့်နေကြ ရှာပါလိမ့်မည် ။
| စာမျက်နှာ | 416 |
|---|---|
| စာအုပ်အရွယ်အစား | 5.5 × 0.7 × 8.1 inches |
| ပုံနှိပ်မှတ်တမ်း | စာရိပ်မြိုင်စာပေ 2023 ဇွန်လ(ပထမအကြိမ်) |
5 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ