ရောက်ရာရင်ခွင်က သာဓုခေါ်ပါ
2000 (ကျပ်)
သားရဟန်းရဲ့ မှာတမ်း
===
သားတစ်ဖက် ဓားတစ်ဖက်နဲ့
တရားဘက်တောင် မလှည့်နိုင်ခဲ့တဲ့ အမေ
အခုတော့
ဟောဒီသားရဲ့
ရဟန်းမယ်တော်ကြီး ဖြစ်လို့
ယောဂီရောင်ဝတ်စုံလေးနဲ့
အေးချမ်းနေတဲ့ အမေ့မျက်နှာ
သားကမ္ဘာမှာ ငွေလဟာ သာမြဲ သာလို့သားရဟန်းကို အကြောင်းပြုပြီး
ပင်ပန်းနွမ်းနယ်ခဲ့သမျှ
တရားဓမ္မနဲ့ မွေ့လျော်ပါ
သားရေး သမီးရေး ရပ်ရေး
ဘယ်အရေးကိစ္စကိုမှ
သောကတွေ များမနေပါနဲ့ အမေမြတ်ဘုရားရဲ့ အာဝါသအောက်မှာ
အမေ့သား
နေတတ်ထိုင်တတ်ပါပြီ အမေ
အမေလည်း
ဝင်သက်ထွက်သက်တွေနဲ့
ကုသိုလ်ကောင်းမှု လုပ်ပါ
မေတ္တာဘာဝနာ ပွားများပါ
အမျှအတမ်းတွေ ပေးဝေပါစိတ်ချပါအမေ
အမေ မွေးတဲ့သား
အမေ့အတွက်
တရားလည်း ဖြစ်စေရမယ်
အားလည်း ဖြစ်စေရမယ်။
ကဗျာအပုဒ်ရေ ၅၀ ကျော်ခန့်ပါဝင်ပြီး ဘဝထဲက နှလုံးသားထဲက လာတဲ့ ကဗျာစာသားတွေနဲ့ ရေးဖွဲ့သီထားတဲ့ ကာရန်ကဗျာစာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
| စာမျက်နှာ | 116 |
|---|---|
| စာအုပ်အရွယ်အစား | 5.2 x 0.2 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | အာသီသစာပေ၊ 2020 နိုဝင်ဘာလ (ပ-ကြိမ်) |
1 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ