ထင်မိယောင်မှား

( 0 မှတ်ချက်)

18000 (ကျပ်)

အသိုင်းအဝိုင်းအကြီးကြီးမှ ဒေါက်တာမာတင်ဘဲလ် အလုပ်မှ ပြန်လာပြီး အိမ်ရှေ့အရောက် ကားပေါ်မှာတင် အသတ်ခံရလိုက်ရသည်။ ၅နှစ်ကြာသည့်တိုင် တရားခံ မဖော်ထုတ်နိုင်ခဲ့။ “သံသယဖြင့် စောင့်ကြည့်ခြင်း” ရုပ်သံအစီအစဉ် ထုတ်လုပ်သူ လော်ရီမိုရန်းက ထိုအမှုကို တင်ဆက်ရန် စီစဉ်ရာအိမ်ထောင်ရေး အဆင်မပြေမှုများနှင့်အတူ မာတင်ဘဲလ်၏ ဇနီး ကင်ဒရာမှာ မသင်္ကာစရာ အဖြစ်ခံရသည်။

ကင်ဒရာကလည်း ပဟေဠိဆန်သော လူတစ်ယောက်နှင့် တိတ်တဆိတ်တွေ့ဆုံတတ်သည်။ မာတင်သည် ဆီးနိတ်အမတ် ဒင်နီယယ် လောင်းဖဲလိုး၏ဇနီး လေအင်းန် လောင်းဖဲလိုးနှင့် အိမ်ထောင်ရေးဖောက်ပြန်နေပြီး သူ့ကို စိတ်ကျဆေးများ ကျွေးပါသည်ဟု ကင်ဒရာက ဖွင့်ပြောလာရာ လော်ရီ စုံစမ်းရန် လူထပ်တိုးလာသည်။

ထိုစဉ် လော်ရီမိုရန်းနောက်သို့ လူစိမ်းတစ်ဦးက နောက်ယောင်ခံ လိုက်ပြီး ရန်ပြုသဖြင့် အမှုအတွက် စုံစမ်းထားသော အချက်အလက်များ ပျောက်ဆုံးသွားသည်။

အိမ်ထောင်ရေး ဖောက်ပြန်မှုက အမှန်တကယ်လား၊ စိတ်ထင်သံသယလား။ မာတင်ဘဲလ်ကို သတ်သူ တရားခံ ဘယ်သူလဲ … ဇနီး ကင်ဒရာလား၊ ဒင်နီယယ်လား၊ လေအင်းန်လား၊ ပဟေဠိဆန်သော လူလား၊ နောက်ယောင်ခံလိုက်နေသည့် လူစိမ်းလား၊ ဒေါက်တာမာတင်ဘဲလ် ဆေးကုသချက်ကို မကျေနပ်သည့် အခြားသူ တစ်ဦးဦးလား… စသည့်ဖြင့် စာဖတ်သူတို့ကို အဖြေရှာရန် အစများ ထုတ်ပေးပြီး စာဖတ်သူရင်ကို တလှပ်လှပ် လှုပ်ရှားစေမည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။

စာမျက်နှာ

320 ( Burma paper )

စာအုပ်အရွယ်အစား

5.4 × 0.6 × 8.3 inches

ပုံနှိပ်မှတ်တမ်း

ကိုလတ်စာပေ ၊ 2025 မေလ၊ ပထမအကြိမ်

11 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ထင်မိယောင်မှား” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

စိုးသိဏ်း စာအုပ်များ