အောင်နိုင်ခြင်း
5000 (ကျပ်)
ကမ္ဘာ့ရောင်းအားအကောင်းဆုံး စာအုပ်များထဲမှ တစ်အုပ်ဖြစ်ပြီး အုပ်ရေ ၄ သန်းနီးပါး ရောင်းချထားနိုင်သော ဘာသာပေါင်း ၂၁ ဘာသာသို့ ပြန်ဆိုထားသည့် Shiv Khera ၏ YOU CAN WIN ကို မြန်မာဘာသာပြန်ဆိုထားခြင်းဖြစ်သည်။
ဤစာအုပ်တွင် အောင်မြင်မှုအတွက် လုပ်ဆောင်ရာတွင် ပါဝင်ရသည့် အကြောင်းအရာနှင့် အချက်အလက်များ၊ နိယာမတရားများကို စာရင်းပြုစုဖော်ပြထားပြီး အောင်မြင်မှုရရှိရန် တိတိကျကျ လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပုံ၊ ထိုနိယာမ တရားများကို မှန်ကန်သော အချိုးအစားနှင့် ရောနှောပေါင်းစပ်ခြင်းအားဖြင့် ရလဒ်ကောင်းများ ထွက်ပေါ်လာစေပုံကို နည်းလမ်းပေးသော စာအုပ်တစ်အုပ် ဖြစ်ပေသည်။
အဓိကအချက်မှာ ဤအောင်မြင်မှုလမ်းညွှန်စာအုပ်သည် သင့်ဘ၀ကို တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်အောင် လမ်းပြခေါ်ဆောင်ပေးပြီး သင်၏ သော့ခတ်ထားသော အတွင်းသန္တာန်တွင် ကိန်းဝပ်နေသည့် စွမ်းအားများကို သော့ဖွင့်ပေးဖို့ရန် သင့်ကို အိပ်မက် မက်စေပါလိမ့်မည်။
စာမျက်နှာ | 176 |
---|---|
စာအုပ်အရွယ်အစား | 5.4 x 0.5 x 8.0 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ 2022 အောက်တိုဘာလ (ပထမအကြိမ်) |
16 in stock
ThaeJM –
#အောင်နိုင်ခြင်း
ဒီ weekend မှာ အောင်နိုင်ခြင်းစာအုပ်လေးဖတ်ဖြစ်တယ်……. လူတိုင်းအောင်မြင်မှုကိုလိုချင်ကြတယ် မက်မောကြတယ်……ဒါပေမယ့် အောင်မြင်မှုနောက်ကို အမှန်တကယ်လိုက်ဖူးကြပါသလား………
ကျွန်မ ဒီစာအုပ်လေးအကြောင်း ရှည်ရှည်ဝေးဝေးတော့မပြောတော့ပါဘူး……..အောင်မြင်ဖို့ရန်အတွက် အဓိကကျတဲ့ စည်းမျဥ်းစည်းကမ်းတွေကို ဒီစာအုပ်လေးဖတ်ပြီး နားလည်သွားပါလိမ့်မယ်……. လူမှုရေး စီးပွားရေး ပညာရေး အဘက်ဘက်မှာ အောင်မြင်ဖို့အတွက် အနှစ်တွေချည်းစုထားတဲ့ အောင်မြင်ရေးနည်းလမ်းတွေကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း လေ့လာနိုင်မှာပဲဖြစ်ပါတယ်……. ဖတ်ပြီးရင်တော့ ကိုယ့်ရဲ့ Action လေးပါတစ်ခါထဲလိုက်မှအဆင်ပြေပါမယ်……ဖတ်ရုံပဲ ဖတ်လို့ရတဲ့စာအုပ်မျိုးမဟုတ်ပါဘူး…..ကိုယ်တကယ် လက်တွေ့လိုက်ကျင့်နိုင်ရင် ကျင့်နိုင်သလောက် အကျိုးကျေးဇူးတွေရမယ့် စာအုပ်မျိုးပါ……..
ကျွန်မတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိအောင်မြင်စေပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ ဘဝလေးမထာ နေထိုင်နိုင်ဖို့အတွက် အစွမ်းခွန်အားတွေအများကြီးပေးနိုင်မယ့် စာအုပ်ကောင်းလေးတစ်အုပ်ပါပဲ……..
စာအုပ်လေးထဲက ကျွန်မနှစ်သက်မိတဲ့ quote လေးတစ်ခုလောက်ရေးပါရစေ…….
“စွန့်စားမှု”
ချစ်တယ်ဆိုတာ သူကပြန်ချစ်မယ် မချစ်ဘူး မသေချာပေမယ့် စွန့်စားချစ်ရဲရမယ်
အသက်ရှင်နေထိုင်ဖို့ဆိုတာ သေမလား ရှင်မလား မသေချာပေမယ့် စွန့်စားရှင်ရဲရမယ်
အိပ်မက်( မျှော်လင့်ချက်) ဆိုတာဖြစ်လာမယ် မဖြစ်လာဘူး မသေချာပေမယ့် စွန့်စားမက်ရဲရမယ်
ကြိုးစားခြင်းဆိုတာ အောင်မြင်မယ် မအောင်မြင်ဘူး မသေချာပေမယ့် စွန့်စားမက်ရဲရမယ်
ဘာပဲဖြစ်ဖြစ် စွန့်စားရဲရမယ်….ဘာလို့လဲဆိုတော့ မအောင်မြင်မှုတွေ အကြီးမားဆုံးသော နာကျင်ခံစားမှုတွေဆိုတာ မစွန့်စားရဲသူတွေ ကြုံတွေ့လေ့ရှိတဲ့ ဓမ္မတာ တစ်ခုလိုဖြစ်နေလို့ပါပဲ…….
ဘာကိုမှ မစွန့်စားရဲတဲ့သူတွေဟာ ဘာမှမလုပ်ဖြစ်ဘူး…..ဘာမှမလုပ်ဖြစ်ရင် ဘာမှမရှိဘူး…..ဘာမှမရှိရင် ဘဝရှင်သန်မှုဟာလည်း အဓိပ္ပါယ် ကင်းမဲ့နေမှာပါ
Thae JM